ကဗျာ/ရသ/နည်းပညာ

Windows Services

Sep 23, 2013

Windows စနစ် မှာနောက်ကွယ်ကနေ ၀န်ဆောင်မှုပေးတဲ့ System တစ်မျိုးကို Services လို့ သတ်မှတ်
ပါတယ် ။ Windows Logo+ R နှိပ်၊ Services လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ Windows
ရဲ့ Services ကိုသင်တွေ့နိုင်ပါပြီ။ဒါမှမဟုတ် My Computer ကို R+ Click နှိပ်ပြီး Manage ထဲဝင်ပါ။
အဲဒီက Services & Applications > Services ကိုရွေးလိုက်ပါ။ ဒါဆိုရင်လည်း Services ထဲကိုရောက်ပါပြီ။



Services တွေရဲ့ Start up type လုပ်ဆောင်ချက်မှာ Automatic,Manual,Disabled ဆိုပြီး သုံးမျိုးပါဝင်ပါတယ်။

Services တွေဟာအရေးပါတဲ့ အခန်းကဏ္ဍမှာရှိတာမို့ နားလည်မှုမရှိပဲ Disable လုပ်ပစ်ခြင်း ၊ရပ်ပစ်ခြင်းတို့
ဟာ Windows စနစ်ကိုပျက်စီးနိုင်ပါတယ်။

Help and Support Service ဟာ Windows ရဲ့ Help & Support Function တွေကို ၀န်ဆောင်မှုပေးတဲ့ Services ဖြစ်ပါတယ်။
 Windows ရဲ့ Help ကို အသုံးပြုမယ်ဆိုရင် သူ့ကို Disable မလုပ်သင့်ပါဘူး။
Wireless Zero Configuration Service ဟာ Wireless Network Setup လုပ်တဲ့ အခါ အကောင်းဆုံးဖြစ်စေပါတယ်။
COM+Event System Service ကို Windows ရဲ့ BootVis နဲ့ အခြား Application တွေက အသုံးပြုပါတယ်။

Crytographic Service ကို Windows System Files တွေကသုံးပါတယ်။DCOM Server Process Launcher Service ကိုတော့
Disk Defragment လုပ်ရင်သုံးပါတယ်။Task Scheduler Service ကလည်းအရေးကြီး Service တစ်ခုဖြစ်ပါတယ်။ Windows Prefetcher
ကသူ့ကိုလိုအပ်ပါတယ်။တစ်ချို့ Services တွေကိုတော့ Disable လုပ်ထားလို့ရပါတယ် ။ Services Name တွေကနေသူတို့ဘာလုပ်ပေးတယ်ဆိုတာ
ကို လည်းခန့်မှန်းကြည့်နိုင်ပါတယ်။ဥပမာ။    ။System Restore Services ဆိုရင် System Restore လုပ်ဖို့ အတွက်ဖြစ်မှန်းသိနိုင်ပါတယ်။

(System Restore အကြောင်းအသေးစိတ်ကို  ဒီမှာရေးခဲ့ပြီးပါပြီ)
အသုံးတည့်တဲ့ Windows Services တွေရဲ့လုပ်ဆောင်ချက်တွေကို ဆက်ပြီးပြောပြပါဦးမယ်။

Alerter Services

Administratives Alerts တွေကိုသက်ဆိုင်ရာကွန်ပျူတာတွေ၊ User တွေဆီ အချက်ပေးနိုင်တဲ့ Service
ဖြစ်ပါတယ်။ တကယ်လို့ သတိပေးတဲ့ Message လေးတွေပြုလုပ်လိုရင်တော့ အဲဒီServices ကို Enable လုပ်ထားရပါမယ်။
မလိုရင်တော့ Disable လုပ်နိုင်ပါတယ် ။ သူ့ကို အလုပ်လုပ်စေတဲ့ Program ကတော့ Svchost.exe ပါပဲ။

Application Layer Gateway Service

 သူက Network ဆိုင်ရာ Sharing နဲ့Firewall တို့ကိုထောက်ကူပေးတဲ့ Service ပါ။
လိုတယ်လို့ပဲပြောရပါမယ်။ သူ့ ကို Run စေတဲ့ Program က Alg.exe ပါ။

Application Management Service

သူက Install လုပ်တာ Add or Remove လုပ်တာတွေကို ကူညီတဲ့ Services ဖြစ်ပါတယ်။
သူ့ကို အလုပ်လုပ်စေတဲ့ Program ကတော့ Svchost.exe ပါပဲ။

Automatic Updates Services

Windows ကိုအင်တာနက်ချိတ်ထားမယ်ဆိုရင် အလိုအလျှောက် Update လုပ်ပေးမယ့် Service ဖြစ်ပါတယ်
မလိုအပ်ရင်တော့ Disable လုပ်ထားနိုင်ပါတယ် ။ Default က Autometic ဖြစ်ပါလိမ့်မယ်။
သူ့ကို အလုပ်လုပ်စေတဲ့ Program ကတော့ Svchost.exe ပ ဖြစ်ပါတယ်။

BackGround Intelligent Transfer Service

Network အားပြီဆိုရင် အလိုအလျှောက် Update လုပ်တာတို့ အတွက် Files တွေကို Download လုပ်ပေးတဲ့ Services ပါ။
သူကNetwork အားပြီဆိုမှနောက်ကွယ်ကနေ အလုပ်လုပ်ပါတယ် ။ အွန်လိုင်းမချိတ်ထားဘူး ဒါမှမဟုတ် ပြည်တွင်း User
အနေနဲ့ Update လည်းမလိုပါဘူးဆိုရင် Disable (or) Manual ပဲထားလို့ရပါတယ်။
သူ့ကို အလုပ်လုပ်စေတဲ့ Program ကတော့ Svchost.exe ပါပဲ။

Clipbook Service

သူက C:\Windows|System32 အောက်မှာ Clipbrd.exe ဆိုပြီးရှိပါတယ်။တစ်စုံတစ်ခုကို Copy လုပ်တဲ့အခါ Paste
ပြန်လုပ်တဲ့ အခါ သူကကူညီပါတယ်။ဒီ Service ဟာ ကွန်ရက်ပေါ်မှာ Cut & Paste တွေ အများကြီးလုပ်တဲ့အခါမှလိုတတ်
တာပါ။ သူ့ကို အလုပ်လုပ်စေတဲ့ Program ကတော့ Clipsrv.exe ပါပဲ။

Error Reporting Service

System Crash ဖြစ်တာ Application Error ဖြစ်တဲ့အခါ Error Report Dialog Box ကိုထုတ်ပေးပြီး Microsoft ကို Report
လုပ်ပေးပါတယ် ။ပြည်တွင်း User တွေ အနေနဲ့ မလိုအပ်ဘူး လို့ထင်ပါတယ် ။ သူ့ကို အလုပ်လုပ်စေတဲ့ Program
ကတော့ Svchost.exe ပါပဲ။

Event Log Service

Windows Program တွေနဲ့ အခြားအစိတ်အပိုင်းတွေ က အမြဲဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကို Event Log အဖြစ်
အမြဲထုတ်ပေးနေပါတယ် ။ သူ့ကိုရပ်တန့် လို့မရနိုင်ပါဘူး ။အဲဒီLog တွေကို Event Viewer မှာပြန်ကြည့်လို့ ရပါတယ်။
(အဲဒီအကြောင်းကျွန်တော်ရေးပြီးပါပြီ ။ဒီမှာဖတ်လိုက်ပါဗျာ။) သူ့ကို အလုပ်လုပ်စေတဲ့ Program ကတော့ Services.exe
 ပဲဖြစ်ပါတယ်။

Plug and Play Services

သူက Hardware ပြောင်းလဲမှုတွေ အတွက် ကူညီပေးတဲ့ Service ဖြစ်ပါတယ်။သူက ကွန်ပျူတာမှာတပ်ဆင်ထားတဲ့
Hardware တွေကို အလိုအလျှောက်ရှာဖွေချိတ်ဆက်ပေးပါတယ် ။ သူကလိုအပ်တဲ့ အတွက် Disable မလုပ်သင့်ပါဘူး။
သူ့ကို အလုပ်လုပ်စေတဲ့ Program ကတော့ Services.exe ပါပဲ။

Printer Spooler Service

သူက Print ထုတ်မယ့် အကြောင်းအရာတွေကို Memory ထဲဆွဲသွင်းပေးတဲ့ Service ဖြစ်ပါတယ်။
သူ့ကို အလုပ်လုပ်စေတဲ့ Program ကတော့ Spoolsv.exe ပါပဲ။(တစ်ခါက ပရင်တာချိတ်ဆက်ရာမှာ Spoolsv.exe လေး
မရှိတဲ့အတွက်တော်တော်လေးဒုက္ခရောက်ခဲ့ဖူးပါတယ်)

Net Logon Services

ကိုယ့်ကွန်ပျူတာက တစ်လုံးတည်း၊ပြီးတော့ Domain နဲ့ချိတ်ထားတာမျိုးလည်းမရှိဘူးဆိုရင် ဒီ Service က Disable ထားလည်း
ရပါတယ်။သူက Authentication လုပ်တဲ့အခါပံပိုးပေးပါတယ် ။သူ့ကို Run စေတဲ့ Program ကတော့ Lsass.exe ဖြစ်ပါတယ်။

Workstation Service

သူက Remote Server အတွက် Connection ဖန်တီးပေးခြင်း ၊ထိန်းသိမ်းပေးခြင်းတို့ကိုလုပ်ပေးပါတယ်။
လိုအပ်တာမို့ Auto ပဲထားတာကောင်းပါတယ်။

Windows Time Service

သူက ကွန်ရက်ထဲက Client စက်က အချိန် နဲ့ Server ကအချိန် -နေ့- ရက်စတာတွေကိုတိုက်ပြီးချိန်ကိုက်ပေးပါတယ်။
သတိပြုရမှာက ကိုယ့်စက်ကအချိန်နဲ့မဆိုင်ပါဘူး ။ သူက မလိုရင် ပိတ်ထားနိုင်တဲ့ Service လို့ဆိုနိုင်ပါတယ်။

Windows Installer Service

Windows Installer file(*.msi) နဲ့ Install လုပ်တဲ့ Application တွေကိုပံ့ပိုးပေးပါတယ်။တစ်ခြားစနစ် Installer
အတွက် အလုပ်မလုပ်ပေးပါဘူး။ Msiexec.exe ကသူ့ကို Drive လုပ်ပေးပါတယ်။

Windows Audio Services

Windows System မှာရှိတဲ့ Audio Devices တွေကို Manage လုပ်ပေးပါတယ်။ ဒီ Service ရပ်နေရင် ဘာအသံမှကြားရမှာ
မဟုတ်ပါဘူး ။

Performance Logs and Alerts Service

ကွန်ပျူတာမှာဖြစ်တတ်တာတွေကို စောင့်ကြည့်ခိုင်းနိုင်တဲ့ tool ပါ ။ စောင့်ကြည့်ဖို့နဲ့ အခြေအနေတစ်ရပ်ကိုရောက်တဲ့ အခါ သတိ
ပေး Message ထုတ်ပေးဖို့ ခိုင်းစေထားနိုင်ပါတယ်။ သူ့ကိုအလုပ်လုပ်ပေးတဲ့ ဖိုင်ကတော့ Smlogsvc.exe ဖြစ်ပါတယ်။
ဒီလောက်ဆိုတော်တော်လေး နားလည်သဘောပေါက်လောက်ပြီထင်ပါတယ်။Windows Services တွေအကြောင်းထပ်ပြီး
လေ့လာချင်သေးတယ်ဆိုရင်တော့ http://www.theeldergeek.com/services_guide.htm မှာလေ့လာနိုင်ပါတယ်။

No comments:

Post a Comment