ကဗျာ/ရသ/နည်းပညာ

Best PHP framework for 2013

Sep 23, 2013
PHP ကို ရိုးရိုး Pure ရေးတာထက်စာရင် Framework သုံးပြီးရေးတာက
ပိုမိုရှင်းလင်း ပြီး ပိုမိုလွယ်ကူစေတာ မငြင်းနိုင်ပါဘူး ။ Framework တိုင်း
ဟာ MVC pattern ကိုလိုက်နာပါတယ် ။ တစ်ချို့ Framework တွေက
Performance ကောင်းသလို၊တစ်ချို့က ပြည့်စုံတဲ့ Documation ရှိပါတယ်။
တစ်ချို့ မှာတော့ Built-in functions တွေက လုံလုံလောက်လောက်ရေးပြီး
သား ပါဝင်နေပြန်ပါရော ။
အခုဒီမှာတော့  2013 မှာအကောင်းဆုံးဖြစ်လာနိုင်တဲ့ PHP Framework
 တွေကို 2012 ရလဒ်တွေကနေသုံးသပ်ပြထားပါတယ် ။

Yii Framework









လေ့လာထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရဈေးကွက်ထဲမှာတော့ Yii က
 အကောင်းဆုံးဖြစ်နေဆဲပါ ။သူ့ရဲ့ Main featureတွေက သူ့ကိုထိပ်ဆုံးမှာ
ရပ်တည်နေစေတာဖြစ်ပါသတဲ့ ။ ပြီးတော့သူက Codeigniter နဲ့ Zend ထက်
ပိုပြီး မြန်ဆန်ပါတယ် ။

Download Link Here

CodeIgniter


အချက်အလက်တွေအရ Codeigniter က PHP Developer တွေ အတွက်ဒုတိယနေရာ
ကနေလိုက်လာပါလိမ့်မယ် ။သူကနားလည်ဖို့လွယ်ကူသလို အမြော်အမြင်ရှိတဲ့ Feature
တွေ ကြောင့် Zend တို့ Cake တို့လို Powerful ဖြစ်လာပါလိမ့်မယ် ။ သူ့ရဲ့ Main
Goal က သင်ရဲ့ Project ကို သင်တတ်နိုင်တာထက် မြန်မြန် ပြီးစေဖို့ဖြစ်ပါတယ်တဲ့ ။
သူမှာက များပြားပြည့်စုံတဲ့ Libraries နဲ့အတူ အဖွဲ့အစည်းလည်းကောင်းမွန်စွာရှိထားပါတယ် ။

Download Link Here

Zend Framework


လေ့လာစစ်ဆေးချက်အရတော့သူကတတိယနေရာမှာ ရှိမှာဖြစ်ပါတယ် ။သူကပိုပြီးတော့
တောင် Secure ဖြစ်ပါသေးတယ် ။ ပြီးတော့ Web 2.0 application Web services တွေ
အတွက် ဖြစ်လာပါမယ် ။Project ခပ်ကြီးကြီးတွေ အတွက် ပိုပြီးအသုံးတည့်ပါလိမ့်မယ်တဲ့ ။

Download Link Here

Cake PHP


ဒီအဖွဲ့ရဲ့ လေ့လာမှုအရ ကတော့ Cake PHP က လေးခုမြောက်နေရာမှာရှိပါလိမ့်မယ် ။
သူကလည်း web application development မှာ ထင်ရှားပြီးသား ဖြစ်ပါတယ် ။ဘယ်လိုပဲဖြစ်ဖြစ်
သူရဲ့ code generation,translation database access caching validation authentication
စတဲ့ များစွာသောfeature တွေရဲ့ ကောင်းမွန်မှုတွေနဲ့ နာမည်ရှိတဲ့ Framework တစ်ခုဖြစ်ပါတယ် ။

Download Link Here

  Google Trend ကနေပြီး Yii,Codeigniter,Zend,Cake Framework တွေ
အပေါ် နှိုင်းယှဉ်ပြဇယား


အခုဖော်ပြထားတဲ့ နှိုင်းယှဉ်မှုဇယားမှာတော့ တစ်ခြား PHP framework တွေ မပါဝင်ပါဘူး။

No comments:

Post a Comment