ကဗျာ/ရသ/နည်းပညာ

Basic Programming Concept

Sep 16, 2013

Program ရဲ့ တည်ဆောက်ပုံ (Program Construct) မှာ sequence ရယ်
selection ရယ် iteration ရယ် ဆိုပြီးရှိပါတယ်
Sequence
-----------

Sequence ဆိုတာ program တစ်ခုရဲ့ အစီအစဉ်ကိုပြောတာပါ။ ကျွန်တော်တို့
မနက်လင်းပြီဆိုတာနဲ့ မျက်နှာသစ်ပါတယ်၊ ပြီးတော့ သွားတိုက်ရပါတယ်.. ဒါက
အစီအစဉ်တစ်ခုပါ။ java program မှာတော့ ဘယ်အလုပ်ပြီးရင်
ဘယ်အလုပ်ကိုလုပ်ပါမယ် လို့သတ်မှတ်ထားတာမျိုးပေါ့။ ဥပမာ..
System.out.print("Wash my Face");
System.out.print("Brush my teeth");

ဒီလိုရေးထားတယ်ဆိုရင် ကျွန်တော်တို့ program ရဲ့ output မှာ wash my
face ကို အရင်ပြလိမ့်မယ် ပြီးမှ brush my teeth ကိုပြမှာပါ။ java program
ရဲ့ sequence က top to down သွားပါတယ်။ program ရဲ့ အပေါ်ဆုံးနေ statement
တစ်ခုခြင်းစီကို run တယ်။ တကယ်လို့ခင်ဗျားက သွားအရင်တိုက်တယ်ဆိုလဲ brush my
teeth ကို အရင်ပြပေါ့။

Selection
----------

Selection ဆိုက program တစ်ပုဒ်ရဲ့ sequence ကို
အခြေအနေတစ်ခုပေါ်မူတည်ပြီးအလုပ်လုပ်ပေးတာမျိုးကိုပြောတာပါ။ ဥပမာ..
ကျွန်တော်တို့ မနက်စာစားပြီးတာနဲ့ ကျောင်းသွားတယ် ဆိုပါတော့.. ဒါက sequence
ပါ။ selection ဆိုတာကတော့ ကျောင်းမသွားခင် မိုးရွာနေလား ကြည့်တယ်..
မိုးရွာရင် ကျောင်းမသွားတော့ဘူး..။ ဒါဆိုရင်တော့ ကျောင်းသွားမယ်ဆိုတဲ့
အလုပ်က.. မိုးရွာသလား ဆိုတဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ဒါမျိုးကို
selection လို့ပြောတာပါ။

Selection မှာ type တွေရှိပါတယ်
- One Way Selection
- Two Way Selection
- Multi Way Selection
ဆိုပြီးတော့ သုံးခုရှိပါတယ်


one way selection ဆိုတာက အခြေအနေတစ်ခု(condition)ကိုကြည့်ပါတယ်.. အဲ့ဒီ
အခြေအနေမှန်ရင် လုပ်မယ့်အလုပ်ရှိပါတယ်.. အခြေအနေမှားတယ်ဆိုရင်တော့
လုပ်မယ့် အလုပ်မရှိတော့ပါဘူး.. ဒါမျိုးကို one way selection လို့ခေါ်ပါတယ်။
ဥပမာ...
if(num
    System.out.print("Negative");
}

တကယ်လို့ num က zero ထက်ငယ်တယ်ဆိုရင် negative လို့ပြပါလမ့်မယ်..
တကယ်လို့ zero ထက်ကြီးတယ်ဆိုရင်တော့ ဘာမှ ပြမှာမဟုတ်ပါဘူး။ one way
selection က condition မှန်ရင်လုပ်မယ့်အလုပ်ရှိပါတယ် မှားရင်တော့
လုပ်မယ့်အလုပ်မရှိပါဘူး။


two way selection ဆိုတာက အခြေတစ်ခု မှန်သလားကြည့်ပါတယ် မှန်ရင်
လုပ်မယ့်အလုပ်ရှိတယ်.. မှားတယ်ဆိုလဲ လုပ်မယ့်အလုပ်ရှိတယ်..
ဒါမျိုးဆိုရင်တော့ two way selection လို့ခေါ်ပါတယ်။ ဥပမာ..
if(num
    System.out.print("Negative");
}
else{
   System.out.print("Positive");
}

ဒီ program ကတော့ num က zero ထက်ငယ်ရင် Negative လို့ပြပါတယ်
ဒါမှမဟုတ်ဘူးဆိုရင်တော့ Positive လို့ပြပါတယ်။ two way selection က
condition မှန်ရင် လုပ်မယ်အလုပ်ရှိသလို မှားရင်လဲ လုပ်မယ်အလုပ်ရှိပါတယ်။
အင်း.. ပြသနာတစ်ခုတော့ရှိတယ်ဗျ.. တကယ်လို့ num မှာ zero ( 0 )
ထည့်ထားတယ်ဆိုရင်လဲ Positive လို့ပဲပြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ num က
zero ထက် ငယ်တယ် ဆိုတဲ့ condition မှားလို့ပါ။


multi way selection ဆိုတာတော့ အခြေအနေတစ်ခုကို မှန်သလားစစ်ပါတယ်
မှန်တယ်ဆိုရင် လုပ်မယ့်အလုပ်ရှိပါတယ်.. မှားတယ်ဆိုရင်တော့ နောက်ထပ်
အခြေအနေတစ်ခုကို ထပ်စစ်ပါတယ်... နောက်ထပ်..နောက်ထပ်
အများကြီးထပ်စစ်လို့ရပါသေးတယ်.. နောက်ပြီး အခြေအနေတွေ အားလုံးမှားခဲ့ရင်
လုပ်ရမယ့်အလုပ်လဲရှိပါတယ်။ ဥပမာ
if(num
    System.out.print("Negative");
}
else if(num>0){
    System.out.print("Positive");
}
else{
    System.out.print("Zero");
}

ဒီ program ကတော့ num က zeroထက်ငယ်လား အရင် စစ်တယ်. ငယ်တယ်ဆိုရင်
Negative လို့ပြတယ်.. မငယ်ဘူးဆိုရင်တော့ zero ထက်ကြီးလား ထပ်စစ်တယ်
ကြီးတယ်ဆိုရင် Positive လို့ပြတယ် တကယ်လို့ ကြီးလဲ မကြီးဘူး
ငယ်လဲမငယ်ဘူးဆိုရင်တော့ else ထဲကိုရောက်တယ် zero လို့ပြတယ်။ multi way
selection က condition တစ်ခုကို မှန်သလားစစ်တယ်.. မှားတယ်ဆိုရင် နောက်ထပ်
condition တွေထပ်စစ်တယ် condition တွေအားလုံးမှားတယ်ဆိုရင်တော့ else
ထဲမှာရှိတဲ အလုပ်ကိုလုပ်တယ်။

Iteration
----------

အကြိမ်ကြိမ် အခါခါလုပ်ရမယ့် အလုပ်တွေဆိုရင် iteration ဒါမှမဟုတ် looping
ထဲမှာထည့်ရေးရပါတယ်။ ကျွန်တော်တို့ မနက်တိုင်း မျက်နှာသစ်ကြတယ်။
မျက်နှာသစ်တယ် ဆိုတဲ့ အလုပ်က တစ်ခါတည်းလုပ်ရတာမဟုတ်ပါဘူး.. နေ့တိုင်း
အကြိမ်ကြိမ်လုပ်နေရတာပါ့။ java မှာတော့ အကြိမ်ကြိမ် အခါခါ လုပ်ချင်တဲ့
အလုပ်တွေဆိုရင် looping ထဲမှာထည့်ရေးရပါတယ်။ ဥပမာ.. ကျွန်တော်တို့ screen
ပေါ်မှာ hello ဆိုတဲ့စာလေး ၁၀ ကြောင်းပေါ်ချင်တယ်ဆိုပါစို့။ ဒါဆို
System.out.println("Hello"); ဆိုတာလေးကို ၁၀ကြိမ်ပြန်ရေးပေးဖို့လိုပါပြီ။
copy .. paste လုပ်လိုက်လဲရတာပဲလေ.. ဘာလို့ looping သုံးမှာလဲ
လို့မေးစရာရှိပါတယ်..။ ဒါဆိုရင် အကြိမ် ၁၀၀၀၊ ဒါမှမဟုတ်
အကြိမ်တစ်သောင်းဆိုရင်ရော?

looping ကိုသာ သုံးမယ်ဆိုရင် အဲ့ဒီ စာကြောင်းလေးကို အကြိမ် ၁၀၀၀၊ ၁၀၀၀၀
ရေးစရာမလိုတော့ပါဘူး တစ်ခါပဲရေးလိုက်ရင် ရပြီ။
for(int i=0;i
    System.out.println("Hello");
}
( CLoudMyanmar Computer Center - Saya Soe Htet)

No comments:

Post a Comment