ကဗျာ/ရသ/နည်းပညာ

php ဖြစ်ပေါ်လာပုံသမိုင်း

Sep 16, 2013

1994 ခုနှစ်မှာနည်းပညာသမားတစ်ဦးဖြစ်တဲ့ Rasmus Lerdorf ဟာ သူ့ရဲ့ Perl CGI Script
တွေကိုသိပ်သဘောမကျဖြစ်တာနဲ့ ကိုယ်ပိုင် Script Language တစ်ခုကို ဖန်တီး အသုံးပြုခဲ့
ပါတယ် ။အဲဒီ Language ကိုသူက Perl Script တွေကိုပေါင်းစပ်ဖန်တီးခဲ့တာဖြစ်ပါတယ်တဲ့။
 အဲဒီတုန်းက သူတစ်ယောက်တည်းသုံးတဲ့အဲဒီ Language ကို Personal Home Page (PHP)
 လို့အလွယ်ခေါ်ခဲ့ပါတယ်။သူက သူဖန်တီးတဲ့ Web page တွေရဲ့ Personal homepage
တွေကိုပြင်ဆင်ဖို့ အတွက် PHP ကိုအသုံးပြုခဲ့ပါတယ် ။ 1995 မှာတော့သူဖန်တီးခဲ့တဲ့ PHP
ကို ထောက်ပံ့ဖို့အတွက် အဖွဲ့အစည်းတစ်ခုဖန်တီးခဲ့ပါတယ်။Lerdorf ဟာ သူ့ရဲ့ Script ကို
အသစ်ပြန်ရေးခဲ့ရပြီးတော့ Database ချိတ်ဆက်မှုနဲ့ Web Forms ဖန်တီးမှုအပိုင်းတွေ
အတွက် ဖြည့်စွက်ပြင်ဆင်မှုတွေလုပ်ခဲ့ရပါတယ်။Personal Home Page /Forms Interpreter (PHP/FI)
လို့နာမည်ပေးခဲ့ပြီး Dynamic web application တစ်ခုအဖြစ်1995 ဇွန်လ ထဲမှာ မိတ်ဆက်ခဲ့ပါတယ်။
ပထမဆုံးဖြစ်လို့လည်း သူ့ရဲ့ Version ကို PHP  tools version 1.0 လို့ပဲသတ်မှတ်ခဲ့ပါတယ်။
Lerdorf ရဲ့ PHP ဟာ Perl နဲ့ Codec ပိုင်းတူညီသလိုလိုရှိပေမယ့် ပိုမိုရိုးရှင်းတဲ့တည်ဆောက်ပုံရှိတဲ့အပြင်
HTML form တွေနဲ့လည်းအလွယ်တကူချိတ်ဆက်ရေးသားနိုင်တဲ့စနစ်ပါဝင်ပါတယ်။ဒါပေမယ့်ကန့်
သတ်ချက်တွေလည်းရှိနေဆဲပဲဖြစ်တဲ့အတွက် Lerdorf ဦးဆောင်တဲ့အဖွဲ့ဟာ Beta Version အတွက်
ထပ်မံစမ်းသပ်ချက်တွေဖန်တီးမှုအသစ်တွေကိုကြိုးစားဆောင်ရွက်ခဲ့ရပြန်ပါတယ်
ပြင်ဆင်မှုတွေရဲ့ နောက်မှာတော့ Offical PHP/FI Version 2.0 ကို 1997 နိုဝင်ဘာ လမှာ
 Release လုပ်နိုင်ခဲ့ပါတယ် ။Lerdorf ဟာသူ့ရဲ့ နည်းပညာကို တစ်ဦးတည်း သိမ်းပိုက်ပြီး
ချမ်းသာအောင်မကြိုးစားခဲ့ပါဘူး ။PHP ကိုတစ်ကမ္ဘာလုံးကနေ၀ိုင်းပြီး Develop လုပ်နိုင်စေဖို့
Opensource အဖြစ်ချထားပေးခဲ့ပါတယ် ။ဒါကြောင့်လည်း
မကြာခင်မှာ Zeev Suraski နဲ့ Andi Gutmans အမည်ရတဲ့ အစ္စရေး Developer နှစ်ဦး ကနေပြီး PHP
ရဲ့မူလကျောရိုး ကိုမပျက်စေပဲ ပိုမိုပြည့်စုံတဲ့ စနစ်တစ်ခုကို ရေးသားခဲ့ပြီး PHP ရဲ့နာမည်ကိုလည်း Personal
 Home Page ဆိုတဲ့ သတ်မှတ်ချက်ကနေပိုမိုအဓိပ္ပါယ်ရှိတဲ့ Hypertext Pre-processor ဆိုတဲ့နာမည်ကို
ပြောင်းလဲသတ်မှတ်စေခဲ့ပါတယ် ။ပြီးတော့ PHP version 3.0 အဖြစ် စမ်းသပ်အသုံးပြုဖို့ချထားပေးခဲ့ပါတယ်။
Offical Version ကိုတော့ 1998 ဇွန်လမှာ Relese လုပ်ပေးခဲ့ပါတယ် ။
 Version 2.0 ကနေ 3.0 အပြောင်းအလဲမှာ တော့ အခက်အခဲများစွာရှိခဲ့ပါတယ် ။ အရင် Version အဟောင်း
မှာ Support ဖြစ်တဲ့ Coding အချို့ဟာ Version အသစ်မှာ အလုပ်မလုပ်တာမျိုးတွေရှိခဲ့ပါတယ် ။
ဒါပေမယ့် PHP 3.0 ဟာအောင်မြင်ခဲ့ပြီး Perl Developer တော်တော်များများ PHP ကိုပြောင်းလဲအသုံးပြုလာ
ကြပါတော့တယ်။
2000 ခုနှစ် မေလ မှာ ZendEngine 1.0 နဲ့အတူ PHP 4.0 ထွက်ရှိခဲ့ပါတယ်။
PHP 4.0 မှာတော့ အရင် PHP ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတော်တော်များများကို အဆင့်မြှင့်တင်ခဲ့ပါတယ်။
အဓိကအကျဆုံးအပြောင်းအလဲကတော့ Zend Engine ပေါ်ကိုကူးပြောင်းခဲ့တာပဲဖြစ်ပါတယ်။
Zend နာမည်ကိုတော့ Developer နှစ်ယောက်ဖြစ်တဲ့ Zeev Suraski ထဲက ZE နဲ့ Andi Gutmans က ND
ကိုပေါင်းစပ်ပြီးZEND အဖြစ် နာမည်ပေးလိုက်တာဖြစ်ပါတယ်။
PHP 4.0 မှာ Reference counting အပိုင်းပါဝင်လာပါတယ်။ ပြီးတော့ Resource တွေနဲ့ပတ်သတ်တဲ့
အချက်အလက်တွေကို Memory ပေါ်မှတ်သားခြင်း။အသုံးမပြုတော့တဲ့အချိန်မှာ
အလိုအလျှောက်ရှင်းလင်းပေးခြင်း၊Memory usage ကို လျှော့ချခြင်း၊Memory ကိုဟာကွက်မရှိအောင်
Control ပြုလုပ်ပေးခြင်းစတဲ့ နည်းပညာအားသာချက်အသစ်တွေပေါင်းစပ်ပါဝင်လာပါတယ်။
PHP 3.0 တုန်းက execute while interpreting စနစ်ပေါ်မှာရေးသွားတာဖြစ်ပေမယ့် 4.0 ရောက်လာချိန်မှာတော့
Compile first, Execute later စနစ်ကိုပြောင်းလဲခဲ့ပါတယ် ။ဒါကြောင့် PHP စတင်တုန်းက Interperter ဖြစ်ခဲ့
ပြီး Version 4.0 ရောက်မှ Compiler အဖြစ်ပြောင်းလဲလာတယ်လို့ဆိုနိုင်မှာဖြစ်ပါတယ် ။
အားသာချက်ကတော့ အရင်အဟောင်းထက် ဆယ်ဆလောက်ကိုပိုမိုမြန်ဆန်စွာအသုံးပြုလာနိုင်ပါတယ်။
ဒီအချိန်မှာတော့ PHP ကို Procedural Language တစ်ခုအဖြစ်တစ်ကမ္ဘာလုံးမှာလူသုံးများနေပါပြီ။
2005 ခုနှစ် ဇူလိုင်လ မှာတော့ PHP 5.0 ထွက်ပေါ်လာခဲ့ပြီး Zend engine 2 အပေါ်မှာအခြေပြုထားပါတယ်။
Version 4.0 နဲ့ 5.0 ကြားအဓိကအပြောင်းအလဲကတော့ Object Oriented Program (OOP) ကိုထောက်ပံ့
ပေးလာတာဖြစ်ပါတယ် ။2008 အရောက်မှာတော့ PHP5.3 ကိုထုတ်လုပ်ပေးခဲ့ပြီးအဲဒီအချိန်မှာ PHP ဟာ
 OOP စနစ်ကိုကိုအပြည့်အ၀ Support လုပ်နေပါပြီ။Developer တွေက PHP 6 မှာ Unicode ကိုအပြည့်အ၀ Support
 လုပ်နိုင်မယ်လို့ တွက်ဆထားကြပေမယ့် တကယ့်တကယ်မှာ PHP 5.4 မှာတင်အထောက်အပံ့ပေးနိုင်ခဲ့ပါတယ် ။
Open Sorce ဖြစ်လို့လည်း PHP ဟာ အချိန်တိုအတွင်းမှာ ပြောင်းလဲမှုများစွာကိုကျော်ဖြတ်ခဲ့ပြီး Web နည်းပညာ
နယ်ပယ်မှာ နာမည်ရ ထင်ရှားလာခဲ့တာဖြစ်နိုင်ပါတယ် ။PHP အတွက် IDE , Framework တွေလည်းများစွာ
ထွက်ပေါ်လာခဲ့ပြီး Developer တွေအနေနဲ့လည်းအဆင်အပြေဆုံးကိုရွေးချယ်အသုံးပြုလာနိုင်ကြပါတယ် ။
အခုအချိန်မှာဆိုရင် တော့အွန်လိုင်းပေါ်က Website တိုင်းရဲ့ အခြေခံနည်းပညာဟာ PHP
 ဖြစ်လာပါပြီ။ယနေ့နာမည်အကြီးဆုံး Social Network တစ်ခုဖြစ်တဲ့ facebook ဟာလည်းပဲ PHP နည်းပညာ
အပေါ်မှာအခြေပြုရေးသားထားတာပဲဖြစ်ပါတယ်။
ဒါဆိုရင်ပဲ Web နည်းပညာနယ်ပယ်မှာ PHP ရဲ့ မရှိမဖြစ် အရေးပါအရာရောက်မှုကိုနားလည်ပါလိမ့်မယ် ။
မကြာခင်မှာတော့ PHP 6.0 ရဲ့အချိန်ကိုရောက်လာတော့မှာဖြစ်ပြီး ပိုမိုလွယ်ကူစနစ်ကျတဲ့ Coding ရေးသားမှုနဲ့
အထောက်အပံ့တွေ ပါဝင်လာလိမ့်မယ်လို့ နည်းပညာသမားတွေကမှတ်ချက်ပြုနေကြပါတယ် ။

No comments:

Post a Comment