ကဗျာ/ရသ/နည်းပညာ

Starting SVG

Sep 16, 2013
SVG  ဆိုတာ Scalable vector Graphics ရဲ့ အတိုကောက်ဖြစ်ပြီး Web ပေါ်မှာ Graphical ဒီဇိုင်းတွေနဲ့ Animation
တွေပုံဖော်ပေးဖို့အတွက်အသုံးပြုတဲ့နည်းပညာတစ်ခုဖြစ်ပါတယ် ။
SVG ဟာ Vectors Picture အပေါ်မှာအခြေခံပြီးဖန်တီးထားတာဖြစ်ပြီး X Y - coordinates တွေပါဝင်ပါတယ်။
သူ့ကို W3C အဖွဲ့အစည်းက ထောက်ပံ့ခဲ့တာဖြစ်ပြီး Modern
web browser အားလုံးနဲ့ တိုက်ရိုက်အသုံးပြုနိုင်ပါတယ် ။သူက HTML ,HTML 5, CSS ,Javascript , Document
Object Model , AJAX စတဲ့နည်းပညာတွေနဲ့ ဆင်တူတဲ့အပြင်လေ့လာရတာပိုလွယ်ကူပါတယ် ။Mobile Devices
ပေါ်မှာလည်းအလုပ်လုပ်တဲ့အတွက် mobile 1 billion လောက်ကလက်ရှိမှာ SVG ကိုအသုံးပြုနေပါတယ်တဲ့။
အဓိကအားသာချက်ကတော့ Third Party Application တွေလို
Loading မှာကြာနေတာတွေ၊ Install ထပ်သွင်းရမှာတွေ ၊ပုံတွေကိုချဲ့လို့ချုံ့လို့အဆင်မပြေတာတွေ မရှိပါဘူး ။
သူ့အတွက် Web Server မလိုအပ်သလိုထပ်ပေါင်းဖြည့်စွက်ပေးရတဲ့ Application တွေလည်းမလိုအပ်ပါဘူး။
SVG ကို Support လုပ်တဲ့ Browser ရှိရင်ရပါပြီ အဲဒါတွေကတော့ IE 9 နဲ့အထက်၊ Firefox 6 နဲ့အထက်
Opera မှာဆို 8 အထက် Safari နဲ့ Chrome မှာဆိုရင်တော့ ဘယ် Version မဆိုရပါတယ်တဲ့။
Mobile ပေါ်မှာဆိုရင်တော့ Opera mobile ကလွဲလို့ Android IceCream Sandwich OS , iPhione တို့အပြင်
ဒါဇင်ကျော်တဲ့ SVG-enabled browsers တွေကနေ အသုံးပြုနိုင်ပါတယ်။
သူ့ကိုရေးဖို့အတွက် text editor လေးတစ်ခုရှိယုံနဲ့ အဆင်ပြေပါတယ် ။

အခု အခြေခံ လေးတွေစ ရေးကြည့်ရအောင် ။
Notepad လေးတစ်ခုယူလိုက်မယ် ။
သူက <svg > </svg> tag နှစ်ခုအတွင်းမှာရေးရပါတယ် ။
html မှာလိုပဲ www.w3c.org ကို reference ထည့်ပေးရပါမယ်။
အောက်ကအတိုင်းရေးလိုက်ပါ ။
<svg xmlns="http://www.w3.org/2000/svg">
<circle r="50"/>
</svg>
radius 50 pixel ရှိတဲ့ စက်ဝိုင်းပုံဆွဲမယ်လို့ပြောလိုက်တာပါ။
စက်ဝိုင်းပုံဆွဲဖို့အတွက် <circle .../> tag လေးတစ်ခုပဲလိုပါတယ် ။
first.svg လို့နာမည်ပေးပြီးသိမ်းလိုက်ပါ။ .svg extension မဟုတ်ရင် Browser ကပုံဖော်ပေးနိုင်စွမ်းမရှိပါဘူး။
ဒါကြောင့် .svg အဖြစ် သိမ်းပေးဖို့ သတိပြုပါ ။
Browser မှာ Run ကြည့်ပါ။

ပုံမှာပြထားသလိုမြင်နေရပါလိမ့်မယ် ။
(ပုံမှာက Browser အမျိုးမျိုးအတွက် စမ်းသပ်ထားတဲ့ပုံပါ)
 ဒါက X ၀င်ရိုး Y ၀င်ရိုးမသတ်မှတ်ပေးလိုက်မိတဲ့အတွက်
X=0 , Y=0 အနေနဲ့ ပြပေးနေတာကြောင့်ဖြစ်ပါတယ် ။ ဒီလိုလေးပြင်လိုက်ရအောင်
<svg xmlns="http://www.w3.org/2000/svg">
<circle r="50" cx="50%" cy="50%"/>
</svg>

စက်ဝိုင်းတစ်ခုလုံးပုံပေါ်လာပါပြီ ။ X နဲ့ Y ကို % နဲ့ထားပေးထားလိုက်တာက ပိုပြီး အဆင်ပြေစေပါတယ်။
Browser ဘယ်လောက်အကျယ်ရှိရှိ သူက % တွက်ပြီးပြပေးမှာမို့လို့ဖြစ်ပါတယ် ။ Circle radius အတွက်
ကိုလည်း % နဲ့သတ်မှတ်ပေးလို့ရပါတယ် ။ ဘာမှမထည့်ရင်တော့ Pixel နဲ့ပြပေးမှာပါ ။
<svg xmlns="http://www.w3.org/2000/svg">
<circle r="25%" cx="50%" cy="50%"/>
</svg>

ဒါဆိုရင်တော့ Browser ချဲ့ရင်ချဲ့သလို ချုံ့ရင်ချုံ့ သလိုအဆင်ပြေအောင်ဆောင်ရွက်နိုင်စွမ်းရှိသွားပါပြီ ။
ပုံမှာစက်ဝိုင်းရဲ့အရောင်က အနက်ရောက်ဖြစ်နေတာသတိထားမိပါလိမ့်မယ် ။ ဒါက Default ပေးထားတဲ့
အရောင်ပါ။ ကိုယ်နှစ်သက်ရာအရောင်ကို Attributes အနေနဲ့ ထပ်ထည့်ပေးလို့ရပါတယ် ။
ဒီလိုလေးပြင်ရေးကြည့်ရအောင်
<svg xmlns="http://www.w3.org/2000/svg">
<circle r="25%" cx="50%" cy="50%" fill="darkorange"/>
</svg>
ဒါဆို လိမ္မော်ရင့်ရောင်လေးနဲ့ရပါပြီ ။ အရောင်ကို အခုလိုနာမည်သုံးလို့ရသလို Color Code အနေနဲ့သုံးမယ်
ဆိုရင်လည်းရပါတယ် ။ နောက်တစ်မျိုးလေးစမ်းကြည့်ရအောင် ။
<svg xmlns="http://www.w3.org/2000/svg">
<circle r="25%" cx="50%" cy="50%" fill="none" stroke="#e60" stroke-width="25"/>
</svg>
Browser မှာ Run ကြည့်ပါ လိမ္မော်ရောင် စက်ဘီးသံခွေလို ပတ်ပတ်လည်ကွင်းလေးရပါလိမ့်မယ်။


fill="none" attribute ကြောင့် ဘာအရောင်မှမထည့်ပေးတော့ပါဘူး။stroke="#e60" က
အနားသတ် Stroke ရဲ့ အရောင်ကို Color Code နဲ့သတ်မှတ်ပေးလိုက်တာပါ။
stroke-width="25" ဆိုတာကတော့ Stroke ကို 25 Pixel စာယူမယ်လို့ပြောလိုက်တာပါ ။
Code တွေပြင်ပြီးထပ်စမ်းကြည့်ပါဦး ။ စက်ဝိုင်းကိုဒီမှာခဏနားပြီး လေးထောင့်လေးဆွဲကြည့်ရအောင်။
လေးထောင့်ပုံအတွက်
<rect .../> ဆိုတဲ့ tag ကိုအသုံးပြုပါတယ် rect က rectangle ရဲ့အတိုကောက်ပါ။
စက်ဝိုင်းတုန်းက သုံးခဲ့တဲ့ attribute တွေကိုသုံးလို့ရပါတယ် ။ ဘယ် attribute ကိုရှေ့မှာထားရမယ်
ဘယ် attribute ကိုနောက်မှာထားရမယ်လို့သတ်မှတ်ထားတာရှိတာကြောင့် နေရာလွဲလို့မရပါဘူး။
X Coordinate ကိုအရင်ရေးရပါတယ် ။ X ၀င်ရိုးရဲ့ Attribute တွေကို X ၀င်ရိုးရေးပြီးနောက် မှာ
ဆက်ရေးပေးရပါတယ် ။ ကုန်ပြီဆိုမှ Y Coordinate ကိုဆက်သွားရပါတယ် ။
စမ်းကြည့်ရအောင်
<rect x="10%" width="80%" y="50%" height="10%"
fill="#8ff" stroke="black" stroke-width="6" />
Browser ဖွင့် Run ကြည့်ပါ ။

x="10%" width="80%" ဆိုတာက X 10% နဲ့ သူ့အကျယ် 80% ယူမယ်လို့ပြောတာပါ ။
X နဲ့ပဲဆိုင်တဲ့ Xရဲ့အကျယ် ဖြစ်လို့ X နောက်မှာပဲရေးပေးရတာပါ ။
Code ကို ဒီလိုလေးပြင်ရေးကြည့်ရအောင်
<rect x="10%"  y="50%" width="80%" height="10%"
fill="#8ff" stroke="black" stroke-width="6" />
error တတ်လာတာတွေ့ရပါလိမ့်မယ် ။ width က X နဲ့ဆိုင်ပါတယ် height က Y နဲ့ဆိုင်ပါတယ်။
X နဲ့ဆိုင်တဲ့ width ကို X နောက်မှာပဲ attribute တစ်ခုအနေဲ့ထပ်ထည့်ပေးလို့ရပါတယ် Yနောက်မှာ
သွားထည့်ပေးလိုက်တဲ့အခါ Browser ကနားမလည်တော့ပါဘူး ။
မျဉ်းကြောင်းကိုဆွဲချင်ရင်တော့ <line .../> tag ကိုအသုံးပြုရပါတယ် ။
အောက်က Code လေးကိုစမ်းကြည့်လိုက်ပါ ။

<line x2="300" y2="100" stroke="green" stroke-width="10" stroke-linecap="round" />
မျဉ်းကြောင်းလေးတစ်ကြောင်းထွက်လာပါလိမ့်မယ် ။
သူအလုပ်လုပ်သွားတဲ့ပုံစံက ဒီလိုလေးဖြစ်ပါတယ် ။

attribute ရေးထားတာလေးကိုနားလည်အောင်ပြန်ကြည့်ကြည့်ပါ ။
အခြေခံ SVG ကို ဒီလောက်နဲ့နားလိုက်ပါမယ် ။ အဆင်ပြေရင်ပြေသလို ထပ်တင်ပေးပါဦးမယ် ။
စိတ်ဝင်စားလို့ ကိုယ့်ဖာသာကိုယ်လေ့လာကြည့်ချင်တယ်ဆိုရင်တော့
www.w3c.org/svg မှာ လေ့လာလို့ရပါတယ် ။

No comments:

Post a Comment