ကဗျာ/ရသ/နည်းပညာ

Create Social Network with Elgg

Sep 16, 2013
CMS တွေကိုစမ်းကြည့်ဖူးတဲ့သူအတွက်တော့Elgg ဆိုတာက တစ်ခြားကြားဖူးပြီးသား နားယဉ်ပြီးသား Joomla ,Wordpress
တို့လိုမျိုး CMS တစ်ခုပဲဖြစ်ပါတယ် ။CMS ဆိုတာ Content Management System ရဲ့အတိုကောက်ဖြစ်ပြီး CMS တွေက
Internet ပေါ်မှာ Website တွေ အလွယ်တကူဖန်တီးနိုင်အောင် Developer တွေစီစဉ်ပေးထားတဲ့ ပြုပြင်ပြောင်းလဲနိုင်တဲ့
အသင့်သုံး Website တစ်ခုဖြစ်ပါတယ် ။CMS အမျိုးအစားများစွာရှိနေပြီး များသောအားဖြင့် သူက Opensorce အခမဲ့တွေ
များပါတယ် ။တစ်ချို့ CMS တွေက Website ကိုအခမဲ့ထုတ်ပေးထားပြီး Plug-in တွေကိုတော့ဝယ်သုံးရတာမျိုးရှိပါတယ် ။
တစ်ချို့ CMS တွေကတော့ Server ပေါ်တစ်ခါတည်းတင်ထားပြီး အသုံးပြုသူက ၀ယ်ယူသုံးစွဲရပါတယ် ။
မြန်မာပြည်အတွက် ထင်ရှားတာက NING CMS ဖြစ်ပါတယ်။ ဒါလောက်ဆို CMS ကိုသိလောက်ပါပြီ အခု elgg အကြောင်း
ဆက်ပြောရအောင် ။Elgg CMS က Blog အတွက်ရည်ရွယ်တာမျိုးမဟုတ်ပဲ Social Network
အတွက်ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်လို့သူ့ကို Server ပေါ်တင်ပြီးတာနဲ့ Social Network ရဲ့ Feature
တွေကိုတစ်ခါတည်းတန်းအသုံးပြုနိုင်နေပါပြီ ။ပြီးတော့ အသုံးဝင်တဲ့တစ်ခြား Plug In တွေကိုလည်း သူ့ Website ကနေအခမဲ့
ဒေါင်းလုတ်ရယူ အသုံးပြုနိုင်ပါသေးတယ် ။သူ့ဆီမှာ အခပေးဝယ်သုံးရတာမရှိပါဘူး(ခုထိတော့မတွေ့သေးဘူး)။
ကဲ အခုမှစမယ့်သူတွေအတွက်elgg ကို Server ပေါ် ဘယ်လို Install သွင်းရမလဲဆိုတာလေး ကြည့်ကြည့်ရအောင် ။
www.elgg.org ကိုသွားပြီ Website ဖိုင်နောက်ဆုံးVersionကို Download ချလိုက်ပါ ။ပြီးရင် Zip ဖြည်ပြီး ကိုယ့်ရဲ့ Server ထဲက
Site အတွက် သတ်မှတ်ထားတဲ့ Folder အောက်မှာသွားထားပါ ။ Windows Local Server အနေနဲ့ Wamp Server
ဖြစ်ဖြစ် XAMPP ဖြစ်ဖြစ် စက်ထဲ Install လုပ်ပြီးစမ်းနိုင်ပါတယ် ။Wamp ဆိုရင်တော့ C://wamp/www/  ဖိုဒါအောက်ထဲကိုသွား
သိမ်းပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ Browser ကနေ ဆိုက်ကိုလှမ်းခေါ်လိုက်ပါ ။ Installing form တတ်လာပါလိမ့်မယ်။

Next ကိုဆက်သွားပါ ။ သူက Server မှာ elgg install လုပ်ဖို့ လိုအပ်ချက်တွေ ပြည့်စုံပြီလားလို့စစ်ပါတယ် ။

လိုအပ်ချက်တွေကတော့ MySQL 5+.
ဖြစ်ဖို့နဲ့  PHP 5.2+ ဖြစ်ဖို့ပါပဲ ။ အဲ့ဒါအပြင် Apache module တွေမှာ
mod_rewrite ကို On ထားပေးဖို့လိုပါတယ် ။
re-write mod ကို On မထားရင်အဲဒီနေရာမှာ ရှေ့မဆက်နိုင်ပဲ ဖြစ်နေပါလိမ့်မယ် ။
ပုံမှာပြနေတဲ့ Error က အဲဒီ mod_rewrite ကို On မထားတာကြောင့် ဖြစ်ပါတယ် ။Apache ထဲသွား On ပြီးပြန်စမ်းကြည့်
မယ်ဆိုရင်တော့ရသွားပါပြီ။

နောက်တစ်ဆင့်ကတော့ Database နဲ့ချိတ်ဆက်တဲ့အပိုင်းဖြစ်ပါတယ် ။ အဲဒီလိုချိတ်ဆက်ဖို့အတွက် Database
တစ်ခုဆောက်ပြီးသားလိုပါတယ်။ ဒီတော့ Localhost ကိုသီးခြား Tag တစ်ခုနဲ့ခေါ်ပြီး database တစ်ခုကို သင့်တော်
တဲ့ Name ပေးပြီး ဆောက်ထားပေးရပါမယ်။ဒီTutorial မှာ elgg နာမည်နဲ့ဆောက်ပေးလိုက်ပါမယ်။

Form ဖြည့်တဲ့အခါ Database user name မှာ Root နဲ့ Password ကို အလွတ်ထားခဲ့ပါ။
ဒါက wamp ဖြစ်ဖြစ် xampp ဖြစ်ဖြစ် Default Username နဲ့ Password ဖြစ်လို့ပါ။ Real Server
မှာတော့ Hosting ၀ယ်တဲ့အချိန်မှာ သူပေးတဲ့ Username နဲ့ Password ကိုသုံးရပါမယ်။
Database name ကတော့စောစောက ဖန်တီးထားတဲ့ Database Name ထည့်ပေးလိုက်ပါ ။

နောက်တစ်ဆင့်ကတော့ Website Configuration ဖြစ်ပါတယ် ။ဆိုက်နာမည် ဆိုက် ကိုမေးလ်ပို့
ရင်ရောက်ရမယ့်လိပ်စာ ဆိုက်ရဲ့ URL စတာတွေကိုဖြည့်ပေးရမှာဖြစ်ပါတယ် အဆင်ပြေသလိုဖြည့်ပေးလိုက်ပါ။
တစ်ခုသတိပြုရမှာက သူက Data တွေ သိမ်းဖို့Data Directory ဖိုင်တစ်ဖိုင်တောင်းပါတယ် ။
အဲဒါကို Server မှာ ကြိုဖန်တီးပေးပြီး လင့်လမ်းကြောင်းလာထည့်ပေးရပါမယ်။ဒီTutorial အတွက်
data နာမည်နဲ့ ဖိုဒါတစ်ခုဆောက်ပြီး ဒီလို C:\wamp\www\elgg-1.8\data ထည့်ပေးလိုက်ပါတယ် ။


ဒီအဆင့်မှာတော့ Admin Account ဖန်တီးပေးရမှာဖြစ်ပါတယ် ။Admin က ဆိုက်ရဲ့ပြုပြင်မှုတွေကိုဆောင်
ရွက်နိုင်မှာဖြစ်ပါတယ်။အဆင်ပြေသလိုဖြည့်ပေးလိုက်ပါ ။ Password ကို 8 လုံးအထက်နှစ်ခါဖြည့်ပေးရမှာဖြစ်ပါတယ်။


Install ပြီးပါပြီ ။ Go to Site ကိုသွားပါ ။


admin panel ထဲကိုရောက်သွားပါလိမ့်မယ် ။ညာဘက် မှာ Menu panel လေးရှိနေပါလိမ့်မယ်။ တစ်ခုချင်းစီကို ဖွင့်
ပြီး စမ်းသပ်ကြည့်နိုင်ပါတယ် ။


အခု အဲဒီထဲက Plug-in ကိုနှိပ်လိုက်ပါ ။Plug-in စာမျက်နှာကိုရောက်ပါလိမ့်မယ်။
အဲ ဒီမှာသတိပြုမိတာလေးပြောရရင် သူ့ဆီမှာ Version တစ်ခုပြောင်းမယ်ဆိုရင်အဲဒီ Version အတွက်
Plug-in တွေမြောက်များစွာ Update ထွက်တာပဲဖြစ်ပါတယ်။ Joomla တို့ Drupal တို့တုန်းက
Version သာအသစ်ပြောင်းတယ် Plug-in တွေက ချက်ချင်းအသစ်မထွက်နိုင်တော့ User တွေက အသစ်ကို ချက်ချင်း
Update လုပ်မသုံးပဲစောင့်နေရတာတွေရှိခဲ့ပါတယ်။ Plug-in တွေတစ်ခုစီကို Activate , Deactivate လုပ်
ပြီး View site ကိုနှိပ်လို့ ဆိုက်ကိုစမ်းကြည့်ကြည့်ပါ ။


ဒါ့အပြင် သာမာန် User တွေအတွက် ပိုကောင်းတာက သူ့ဆီမှာ Theme ကို Install လုပ်မယ့်နေရာ
Plug In ကို Install လုပ်ရမယ့်နေရာ သပ်သပ်ခွဲမထားပါဘူး ။ပြောရရင်Web ပေါ်ကိုClient ဘက်ကနေတန်း
Install လုပ်ရမယ့် Feature ကိုမပါဝင်ပါဘူး ။ သူက သူ့Server ထဲက Mod ဆိုတဲ့ Folder အောက်
မှာ အကုန်လုံးကိုတစ်စုတစ်စည်းထဲထားထားတာဖြစ်လို့ ဘာပဲထပ်ဖြည့်ချင်ချင် Server ထဲဝင်အဲဒီဖိုဒါအောက်
ပစ်ထည့်လိုက်ယုံနဲ့ရပါပြီ ။ ပြီးရင် Admin Panel ထဲမှာ Activate လုပ်ပေးယုံနဲ့ အဲဒီ Plug In ကိုအဆင်ပြေပြေ
အသုံးပြုနိုင်ပါပြီ ။

Blog , Group , Page စတာတွေကိုစမ်းသပ်ကြည့်ကြည့်ပါ ။လွယ်လို့အဲဒါတွေတော့မပြောပြတော့ပါဘူး။
Register form တွေ Lost password တွေပါပြီးသားပါ ။အသေးစိတ်တော့စမ်းကြည့်ရင်းသိလာပါလိမ့်မယ်။



နဂို Default ရှိပြီးသား Theme ကကြည့်မကောင်းပါဘူး ။ ဒါကြောင့် Theme လှလှလေး
 သုံးချင်တယ်ဆိုရင်လည်းDownload ချထားတဲ့ Theme ကို အဲဒီ Mod folder အောက်ပစ်ထည့်ပြီး
Admin Panel ကနေ Activate လုပ်ပေးယုံနဲ့ Default themeကို သူက Overwrite လုပ်ပြီးပြပေးပါလိမ့်မယ် ။

တကယ်လို့ Deactivate ပြန်လုပ်မယ်ဆိုရင်တော့သူ့ရဲ့မူလ Default theme ကိုပြန်ရပါလိမ့်မယ် ။
ဒါပေမယ့်တစ်ချို့ Theme တွေကတော့ အဆင်မပြေပါဘူး ။
တကယ်တမ်းပြောရရင် ဒါက အရမ်းကြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်တော့လည်း
မဟုတ်သေးပါဘူး ။ကျွန်တော့်အနေနဲ့ Elgg ကိုတစ်ကယ်စိတ်ဝင်စားစရာစေခဲ့တာက
သူကို Framework အနေနဲ့လည်းပဲအသုံးပြုနိုင်တာကြောင့်ဖြစ်ပါတယ် ။
 ရှင်းပြရရင်တော့သူက သူ့ရဲ့ Elgg ဆိုတဲ့ကိုယ်ပိုင် Framework ပေါ်မှာ Content တွေအားလုံးကိုModule တွေ
 အနေနဲ့ ဖန်တီးတည်ဆောက်ထားတာမျိုးပါ။သူ့မှာပါဝင်နေတဲ့ Blog ,Group, ကအစ
 Search box အဆုံးအကုန်လုံးဟာ Module တစ်ခုစီအနေနဲ့သပ်သပ်စီခွဲထုတ်ပစ်နိုင်တဲ့ပုံစံဖြစ်ပါတယ်။
အားနည်းချက်အနေနဲ့သုံးသပ်ပြရမယ်ဆိုရင်တော့ သူ့ရဲ့ Community က မကြီးမားပါဘူး ။
Wordpress မှာဆိုရင် ဘာလိုချင်ချင် ရှာလို့ရပေမယ့် ဒီမှာတော့မရနိုင်ပါဘူး ။
ကိုယ်တိုင်ရေးမှပဲ အဆင်ပြေပါလိမ့်မယ် ။ အခု Developer View သွားကြည့်ရအောင် ။
ထုံးစံအတိုင်း သူ့ရဲ့ Core Framework ကို နားလည်သဘောပေါက်နေမှ Plug in ရေးလို့အဆင်ပြေမှာဖြစ်ပါတယ်။
အဲဒီအပိုင်းကိုတော့ နောက်ထပ်ပိုစ်တစ်ခုအနေနဲ့ရေးပေးပါမယ် ။လောလောဆယ် ဒါကိုပဲနားလည်အောင်
လေ့လာကြည့်ပါဦး။အခုရှင်းပြတာလေးသဘောပေါက်ရင် Social website တစ်ခုဖန်တီးလို့ရပါပြီ။

No comments:

Post a Comment