ကဗျာ/ရသ/နည်းပညာ

Understanding Windows OS

Sep 23, 2013
ကွန်ပျူတာကိုစဖွင့်လိုက်ပြီဆိုတာနဲ့ Motherboard Display Screen ပေါ်လာပြီး နောက် တီဆိုတဲ့ အသံ
တစ်ချက်ကိုကြားလိုက်ရပါလိမ့်မယ်။ပြီးတဲ့အခါမှာတော့ Windows စတင်တဲ့ သင်္ကေတကိုမြင်နေရမှာဖြစ်ပြီး
Windows Sereen ပေါ်လာဖို့အထိ ခဏတော့စောင့်ရပါဦးမယ်။အဲဒီ အချိန် တွေကို Loading time
လို့ခေါ်ပါတယ် ။ ပြီးရင် တော့ တီးလုံးသံလေးနဲ့အတူ Windows ရဲ့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ Desktop ကို
စတင်အသုံးပြုနိုင်ပါပြီ။ ဒါကတော့ကွန်ပျူတာ ကိုစဖွင့်လိုက်တာနဲ့ အမြဲလိုလိုမြင်နေရတဲ့ပုံစံလေးတစ်ခုပါ။
အခု က အဲဒီ မြင်ကွင်းရဲ့နောက်ကွယ် မှာကွန်ပျူတာစနစ်က ဘယ်လိုအလုပ်လုပ်သွားတယ်ဆိုတာလေးကို
သူငယ်ချင်းတို့ကို ပြောပြချင်ပါတယ်။
Power on ချိန်မှာ Mother Board စတင်အလုပ်လုပ်ပါတယ် ။ အဲဒီအချိန် လေးမှာ Mother Board Settings
ကိုဝင်ပြင်ချင်တယ်ဆိုရင် F2 ကိုနှိပ်ပါ ဘာညာ စသည်ဖြင့် (Board အပေါ်မူတည်ပြီး Key မတူ) စာလေးနဲ့
ဖော်ပြပါတယ်။Mother Board စတင်တာနဲ့ တစ်ပြိုင်နက် သူက ကွန်ပျူတာ မှာမပါမဖြစ်ပါဝင်ရမယ့် Harddisk
Memory , Keyboard စတာတွေကိုစစ်ပါတယ် ။အားလုံးပြည့်စုံရင် တီ ဆိုတဲ့အသံလေးတစ်ချက်ပေးပြီး
(တစ်ချို့ Board မှာတော့ အဲလိုအသံမပေးပါဘူး) နောက် Hard disk ထဲက Windows OS ကို Memory ပေါ်
ခေါ် တင်ပါတယ်။စစ်ဆေးလို့ တစ်ခုခုလိုနေရင်- Keyboard တို့ Mouse တို့ မပါရင် ကွန်ပျူတာက တိုက်ရိုက်
Screen မှာဖော်ပြပါတယ်။ Memory , CPU ,Hard Disk တို့ဖြစ်နေခဲ့ရင်တော့ Error Beet အသံပေးပါတယ်။
OS ကို Screen မှာမြင်ရဖို့ခေါ်တင်တာကို Boot လုပ်တယ်လို့ခေါ်ပါတယ် ။အဲဒီလို ဆောင်ရွက်(Boot )ဖို့
အတွက် System ထဲက IO.SYS , CONFIG.SYS , MSDOS.SYS, AUTOEXEC.BAT ,NTDETECT.COM
ဆိုတဲ့ ဖိုင်လေးတွေ ကအဓိက လိုအပ်ပါတယ် ။ဒါကြောင့်ဒီဖိုင်တွေဟာ OS ရဲ့အရေးအကြီးဆုံးBoot ဖိုင်တွေ
လည်းဖြစ်ပါတယ်။ အဲဒီဖိုင်တွေထဲကတစ်ခုခု ချွတ်ယွင်းရင် /ပျက်စီးခဲ့ရင် Windows တတ်မလာနိုင်ပါဘူး။

Start Up လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ဖိုင်တွေကိုလည်းရှင်းပြပါဦးမယ် ။
Boot.ini ဖိုင်ဟာ Windows စတင်ဖို့အတွက်အရေးကြီးတဲ့ Install Control ဖိုင်ဖြစ်ပါတယ်။
.ini နဲ့အဆုံးသတ်တဲ့ဖိုင်တွေဟာ Program စစခြင်းအချိန်မှာပါဝင်လေ့ရှိပါတယ်။
Ntldr ဖိုင်ဟာ Boot.ini ကိုဖတ်ပြီး Bootvid.dll ,Hal.dll စတဲ့ အရေးကြီးဖိုင်တွေကိုရှာဖွေမောင်းနှင်ပါတယ်။
နောက်ထပ် ntdect.com ဖိုင်ကတော့ Drives တွေကိုစတင်မောင်းနှင်ဖို့တာဝန်ယူဆောင်ရွက်ပါတယ်။
pagefile.sys က Memory ကိုစစ်ဆေးပြီး OS အတွက်လိုအပ်တဲ့ပမာဏဖန်တီးပေးတဲ့အပြင် App Data
တွေကိုလည်း ထိန်းချုပ်ပေးပါတယ်။Ntbootdd.sys ဖိုင်ဟာ bootcode ကိုDisk ပေါ်မှာထိမ်းသိမ်းပေးပြီး
System နဲ့ Drive တွေ ကြားအဆင်ပြေအောင်ချိတ်ဆက်မှုပြုလုပ်ပေးပါတယ်။
System ဖိုင်တွေလည်းအလုပ်လုပ် Driver တွေလည်း ကောင်းမွန်စွာအလုပ်လုပ်တယ်ဆိုရင်တော့
Windows Display ကို စတင်အသုံးပြုလို့ရပါပြီ။ ပြောရရင် Driver တွေ အလုပ်မလုပ်လည်း System ဖိုင်
တွေစုံရင်Windows ကိုအသုံးပြုနိုင်ပါတယ်။အဲဒီလို ဖိုင်တွေ လိုအပ်နေတဲ့အခါမျိုးတွေမှာ Error Message
မျိုးပြတတ်ပါတယ်။ကွန်ပျူတာ စဖွင့်ဖွင့်ခြင်းပြတတ်တဲ့ Error မျိုးဟာ အခုလို မျိုး လိုအပ်တဲ့အခြေအနေတွေ
ကြောင့်ထွက်ပေါ်လာတဲ့ Error တွေပဲဖြစ်ပါတယ်။

.sys နဲ့အဆုံးသတ်တဲ့ ဖိုင်တွေ ဟာ System ဖိုင်တွေဖြစ်ပြီးအရေးပါ တဲ့ဖိုင်တွေပဲဖြစ်ပါတယ်။အများအားဖြင့်
Virus တွေဟာ System ဖိုင်တွေကို ဖျက်ပြစ်ခြင်း၊အစားထိုးခြင်းတို့ကိုလုပ်ဆောင်တတ်ပါတယ် ။ Boot.ini
ဖိုင်ကိုVirusက ဖျက်ပြစ်လိုက်တယ်ဆိုရင် လောလောဆယ်တော့သုံးလို့ရနေဦးမှာဖြစ်ပေမယ့် နောက်တစ်ကြိမ်
ကွန်ပျူတာဖွင့်တဲ့အခါ Windows တတ်မလာနိုင်တော့ပါဘူး ။ System ဖိုင်တွေကို Drive C: ထဲက Windows
အောက်က system နဲ့ system32 Folder ထဲမှာသိမ်းဆည်းထားလေ့ရှိပါတယ်။ အရေးကြီးဖိုင်တွေကို
ဖျက်လို့မရအောင် Permission ပေးထားလေ့ရှိပြီး အချို့ကိုတော့ မမြင်ရအောင် Hidden လုပ်ထားလေ့
ရှိပါတယ်။ ဒါပေမယ့် လည်း Virus Program တွေကတော့ Force သုံးပြီးဖျက်ဆီးပစ်နိုင်ကြပါတယ် ။

ဒါကြောင့်လည်း IT နယ်ပယ်ကပညာရှင် တွေကနောက်ပိုင်းမှာ Windows ထက် Linux ကို ပိုမိုထောက်ခံ
လာကြတာဖြစ်ပါတယ် ။
Windows စနစ်ကို Hack ချင်တယ်ဆိုရင်တော့ Windows စနစ်အကြောင်းကို သေသေချာချာ ဂဃနဏ
နားလည်ထားတဲ့သူတွေဖြစ်နေဖို့လိုအပ်ပါတယ်။
System အကြောင်းကျွန်တော်ရေးပြီးသားတွေလည်းရှိပါတယ်။ လေ့လာကြည့်ပါဦးလို့တိုက်တွန်းပါတယ်။
Microsoft က Boot မတတ်နိုင်တဲ့အခြေအနေမှာ အရေးကြီး အချက်အလက်တွေရယူနိုင်ဖို့ Safe Mode ကို
လည်း ထည့်သွင်းဖန်တီးခဲ့ပါတယ် ။

ဒါပေမယ့်သိပ်အသုံးမ၀င်လှပါဘူး ။ Virus က Safe Mode ကိုလည်း သုံးလို့မရအောင်လုပ်ပြစ်တာ
ကြောင့်ဖြစ်ပါတယ် ။ ဒါပေမယ့်ဒီအားနည်းချက်ကိုတွေ့ရှိခဲ့တဲ့ Hacker တွေဟာPassword ပေးထားတဲ့
ကွန်ပျူတာကို Safe Mode ကနေ ထိုးဖောက်ဝင်ရောက်လာကြပါတယ် ။ခုချိန်မှာတော့Safe Mode ကနေ
Hack တာမျိုးကိုအိုင်တီနယ်ပယ်ကသူတွေ တော်တော်များများသိ ပြီးသားဖြစ်နေ လောက်ပြီလို့ထင်ပါတယ်။
System ကို ကောင်းစွာနားလည်ထားပြီး အားနည်းချက်ကိုရှာဖွေထိုးဖောက်နိုင်တာဟာ Hacker တွေရဲ့
စွမ်းရည်ပါပဲ။
တကယ်တမ်းမှာအရည်အသွေးကောင်းမွန်တဲ့ကွန်ပျူတာတစ်လုံးဖြစ်စေဖို့ ဆိုတာ MotherBoard
ရဲ့လုပ်ဆောင်နိုင်စွမ်းတွေပေါ်မှာလည်းအများကြီးမူတည်ပါတယ်။Over Clock လုပ်ဆောင်ချက်တွေကို
Motherboard ပေါ်ကနေ တိုက်ရိုက်ခိုင်းစေပြီး လုပ်ဆောင်ရတာဖြစ်ပါတယ်။

Over Clock ဆိုတာကွန်ပျူတာရဲ့ စွမ်းရည်အကုန်လုံး ကိုရနိုင်သမျှ တင်ကြည့်လိုက်တာဖြစ်ပြီး အန္တရာယ်
လည်းများပါတယ်။သတိပြုစေချင်တာကကွန်ပျူတာတစ်လုံးဝယ်ယူမယ်ဆိုရင် Mother Board ကိုလည်းဂရုစိုက်
ရွေးချယ်ဝယ်ယူဖို့ဖြစ်ပါတယ်။ မြန်မာပြည်လိုနေရာမျိုးမှာ မီးအားအတက်အကျ နဲ့အပူချိန်ကိုခံနိုင်ရည်ရှိတဲ့
Board ဖြစ်နေဖို့လည်း ပဲလိုအပ်ပါတယ်။
အခုလောက်ဆိုရင်ပဲ Windows System နဲ့ အလုပ်လုပ်ပုံ ကို သာမန်လူတစ်ယောက်ထက်တော့
နည်းနည်းဖြစ်ဖြစ် ပိုပြီးနားလည်သဘောပေါက် လိမ့်မယ်လို့မျှော်လင့်မိပါတယ်။အသိပညာနည်းနည်းလောက်
တိုးအောင် ကူညီ နိုင် ခဲ့တယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီ။

No comments:

Post a Comment