Dos Attack ဆိုတာဘာလဲ ?
Website ထားရှိတဲ့ Server Computer ကိုတိုက်ခိုက်တဲ့အရိုးစင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ် ။
ISP Back Bone တွေကိုလည်းပဲ ဒီနည်းနဲ့တိုက်ခိုက်တတ်ပါသေးတယ် ။ သူ့ရဲ့သဘောတရားကလည်းရိုးစင်း
ပါတယ်။တစ်တန်လောက်မ,နိုင်တဲ့လူတစ်ယောက်ကို ဆယ်တန်မခိုင်းမယ်ဆိုရင် တစ်ခါတည်းဘုန်းဘုန်းလဲသွား
မှာပါပဲ ။ ဒီသဘောအတိုင်းပါပဲ ။ Server Computer Busy ဖြစ်သွားရာကနေ ဘုန်းဘုန်းလဲသွားအောင်
မနိုင်ဝန်ထမ်းခိုင်းလိုက်တာဖြစ်ပါတယ် ။

Dos နဲ့တိုက်ခိုက်ဖို့အတွက်အများကြီးသိစရာမလိုပါဘူး ။
Server Computer ရဲ့ IP Address သိရယုံနဲ့အလုပ်ဖြစ်ပါတယ် ။Windows ရဲ့ CMD Box ကနေ Ping
www.???????.com ဆိုပြီး ရှာကြည့်လို့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း
http://www.selfseo.com/find_ip_address_of_a_website.php လိုဆိုက်မျိုးကနေ IP ကို
ရှာကြည့်နိုင်ပါတယ်။
Server Attack လို Software မျိုးမှာ IP ရိုက်ထည့်ပြီး Start ကို နှိပ်လိုက်ယုံနဲ့ Software ဟာ Target ကို
စတင် တိုက်ခိုက်ပါလိမ့်မယ်။လက်တည့်စမ်းမယ်ဆိုရင် တော့ ကိုယ့် IP ကိုအရင် Hidden လုပ်လိုက်ပါဦး။
ကြီးမားတဲ့ Server တွေကတော့ တစ်ခါတည်း Down မသွားပါဘူး။ နှေးကွေးလေးလံသွားတတ်ပြီး.. အဲဒီလိုနှေး
ကွေးသွားတဲ့အချိန်မှာ ပဲ ကျွမ်းကျင်သူတွေက ပြင်ဆင်မှုတွေပြုလုပ်ကာ ပုံမှန်အခြေအနေကိုပြန်လည် ရယူ
လေ့ရှိကြပါတယ်။Hacker ဆိုက်တစ်ခုဖြစ်တဲ့ www.blinkhackergroup.net ကို Dos နဲ့တိုက်ခိုက်ဖို့က
မလွယ်လှပါဘူး ။သူက အကြီးဆုံး Server ကို ပိုင်ဆိုင် ထားတဲ့ Google Company ကနေ လိုင်စင်ကြေးပေး
သွင်းပြီးအသုံးပြုနေတာကြောင့် ပဲဖြစ်ပါတယ် ။ဒါကြောင့် Google ကတဆင့် ဝယ်ယူ အသုံးပြုတဲ့ဆိုက်တွေ
ကိုလည်း BHG ကဘယ်တော့ဟက်မှာမဟုတ်ပါဘူး …. Hack ခံမထိချင်ရင် Google ကနေဝယ်သုံး :P
Web Hacking ဘယ်လိုလုပ်သလဲ?
Browser ဘယ်လိုအလုပ်လုပ်သွားသလဲ ဆိုတာကိုအရင်ရှင်းပြမှဖြစ် ပါမယ် ။ ကျွန်တော်တို့ Website တွေ
ကိုကြည့်ရှုတဲ့အခါ Browser တစ်ခုခုနဲ့ခေါ်ကြည့်ရပါတယ် ။Browser ရဲ့ Address Bar မှာသက်ဆိုင်ရာဆိုက်ရဲ့
လိပ်စာကိုရိုက်ထည့်ပြီး Enter ခေါက်တဲ့အချိန်မှာ Browser ဟာ Address ကို IP အဖြစ်ပြောင်းလဲလိုက်ပြီး အဲ
ဒီ IP လိပ်စာအတိုင်း သွားပါတယ် ။ Web Server ဆီရောက်တဲ့အခါ အဲဒီServerဆီ က Index ဖိုင်ကို ယူပြီး
နောက်User ကိုပြန်လာပြပေးပါတယ်။

ကိုယ့်ဆိုက် ရဲ့ နောက်ကွယ်က Coding တွေကိုသိချင်ရင် Browser မှာ R-Click ခေါက်ပြီး View page Source
ကို နှိပ်လို့ခေါ်ကြည့်နိုင်ပါတယ် ။
WebServer Hacking ပြုလုပ်တဲ့အခါမှာ Website Server ရဲ့ IP ကိုအရင်ဆုံး သိအောင်လုပ်ရပါတယ် ။
အခုပြောပြမယ့် နည်းကို Social Engineering Hacking နည်းလို့သတ်မှတ်ကြပါတယ်။
IP သိရပြီဆိုရင် Server ဟာလက်ရှိမှာအလုပ်လုပ်နေမနေ စစ်ကြည့်ရပါတယ် ။
အဲဒီအတွက် Hacking tools တွေကိုအသုံးပြုကြပါတယ် ။ အလုပ်လုပ်နေပြီဆိုရင် အဲဒီထဲက
လုံခြုံမှုအားနည်းတဲ့ Port ကိုရှာပါတယ် ။ပြောပြရရင် ကျွန်တော်တို့ အသုံးပြုနေတဲ့ Internet မှာ သက်ဆိုင်ရာ
လုပ်ဆောင်ချက်တွေအလိုက် Port တွေခွဲပြီးအလုပ်လုပ်ပါတယ် ။
Sample Mail တွေအတွက် Port 25
အလုပ်လုပ်ပါတယ် ။ Http အတွက် Port 80 ကအလုပ်လုပ်ပါတယ် ။အဆင်ပြေမယ်ထင်တဲ့ Port ကနေ
Exploit ဖိုင်တစ်ခုခုဖန်တီးပြီး ထိုးဖောက်ဝင်ရောက်ရပါတယ် ။ ကိုယ်ထိုးဖောက်မယ့် Server ရဲ့အချက်အလက်
တွေကိုကြည့်ပြီး Exploit ဖိုင်ကို ကိုယ့်ဖာသာ ကိုယ်ရေးရပါတယ် ။ဒါမှလည်းအကောင်းဆုံးဖြစ်ပါတယ် ။ သာမန်
Tools User တွေကတော့ သူများရေးပြီး Share လုပ်ထားတဲ့ ဖိုင်တစ်ခုခု ကို နည်းနည်းပါးပါးလောက်ပြင်ပြီး
သုံးတတ်ကြပါတယ် ။ ရရင်ဆက်လုပ်ပြီးမရရင်တော့ နောက် Exploit ဖိုင်တစ်ခုခုနဲ့ ထပ် စမ်းကြ ပါတယ်။
Exploit ဆိုတာ Weak Point တွေကနေ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ အသုံးပြုတဲ့ Coding အစုဝေးတစ်ခု
ပါပဲ။ Exploit file တွေကို Programming Language အမျိုးမျိုးနဲ့ရေးသားတတ်ကြပါတယ်။
တကယ့်Web Hackerတွေဟာ Web Base Language တွေဖြစ်တဲ့ PHP,HTML,JavaScript စတဲ့ Language
တွေနဲ့ Server System တွေကိုထမင်းစားရေသောက် လောက်ကိုကျွမ်းကျင်တတ်မြောက်ထားကြပါတယ်။
www.milw0rm.com လိုဆိုက်မျိုးမှာ ပညာရှင်တွေက Exploit ဖိုင်တွေ အခမဲ့ Share ထားတာတွေရှိပါတယ်။
Exploit ကို Run တဲ့နေရာမှာအများစုက Linux ကိုအသုံးပြုကြပါတယ် ။Windows ကနေပဲ Hack တဲ့
သူတွေလည်း ရှိပါတယ်။Windows ရဲ့အားနည်းချက်က Software တွေ အလွယ်တစ်ကူ Run နိုင်ပါတယ်။
ပြီးတော့ Windows မှာ က စတင်အသုံးပြုတာနဲ့ Admin Level တန်းပြီးပေးထားပါတယ် ။
Linux မှာကစတင်အသုံးပြုရင်User Level ပဲရပါတယ် ။Root Level ကိုသုံးချင်တဲ့အခါမှ ပြောင်းလဲပြီးအသုံးပြု
ရပါတယ်။နောက်ထပ်ကောင်းတာတစ်ခုက Linux မှာ terminal ဆိုတာပါပြီးအဲဒီကနေလုပ်ဆောင်ချက်
များစွာကိုခိုင်းစေနိုင်တာကြောင့် လည်းဖြစ်ပါတယ် ။terminal ဟာ Windows ကCMD နဲ့တူပါတယ် ။ဒါပေမယ့်
Windows Command Box မှာခိုင်းလို့ရတာတွေထက် သူက အဆများစွာ ပိုခိုင်းစေလို့ရပါတယ်။

Online ပေါ်က တကယ့် Server တွေအများစုဟာလည်း Linux ပေါ်မှာ Run ထားတာတွေချည်းပဲဖြစ်ပါတယ်။
ဒီလိုနည်းနဲ့ Server ထဲဝင်ရောက်နိုင်လိုက်ပြီဆိုရင်တော့Hacker စိတ်ကြိုက် ပြင်ဆင်လို့ရသွားပါပြီ ။
အများအားဖြင့် Index ဖိုင်နေရာမှာ သူ တို့အဖွဲ့က ဟက်လိုက်ပါတယ် ဆိုတဲ့ပုံစံ ဒီဇိုင်းပါ
ဖိုင်ကိုအစားထိုးလိုက်ကြပါတယ် ။ဒါဆိုရင်ပဲ User က အဲဒီဆိုက်ကို ခေါ်လိုက်တဲ့အခါ ဆိုက်ရဲ့ Home Page
ကိုမတွေ့ရတော့ပဲ အစားထိုးထားတဲ့ Page ကိုပဲတွေ့ရပါတော့တယ်။
ဒီလိုအကျိုးမရှိတဲ့ နည်းကို အဆင့်နိမ့် Hacker တွေ ပဲ အသုံးပြုတတ်ပါတယ် ။
သူတို့ရဲရည်ရွယ်ချက်က သူတို့ဟက်လိုက်ကြောင်းကြွားချင်တာသက်သက်ကြောင့်ပဲဖြစ်ပါတယ် ။
နောက်တစ်နည်းအနေနဲ့ဆိုက်ကိုလမ်းလွဲပြစ်တဲ့နည်းကိုလည်းHacker အများစုသုံးကြပါသေးတယ် ။
Remote file inclusion နည်းဖြင့် Server Computer ထဲကို Bot ထည့်သွင်းတဲ့နည်းကိုလည်းသုံးတတ်ပါတယ်။
အဲဒီလိုဖန်တီးရာမှာတော့ Web URL ရဲ့ navigation တွေကိုနားလည်နေဖို့လိုပါတယ်။ဥပမာ-
http://???????.com/index.php?pagename=Stock
အခုလို URL လမ်းကြောင်းကိုတွေ့ရမယ်ဆိုရင် Website ဟာ PHP သုံးထားတယ်ဆိုတာသိနေပါပြီ။
အဲဒီ URLကို http://???????.com/index.php?page=http://google.com လို့ပြင်ရေးပြီး Enter ခေါက်
လိုက်တဲ့အချိန် Browser ဟာ Google Page ကိုပြပေးတယ်ဆိုရင် အဲဒီဆိုက်ဟာ Vulnerable ဖြစ်တယ်
ဆိုတာ သိသွားပါပြီ။အဲဒီအခါ Hacker ဟာ URL ကို PHP Hacking Code တစ်ခုခုသုံးပြီး ထိုးဖောက်ကာ
Worm (or) Backdoor Program တစ်ခုခုထည့်သွင်းဖို့ကြိုးစားပါလိမ့်မယ်။
အဲဒီနည်းတွေအသုံးပြုဖို့အတွက် အကောင်းဆုံးအဖော်မွန်ကတော့ Google ပါပဲ ။
Hacking tools တွေ Vulnerability တွေကို မွှေနှောက် ရှာလို့ရပါတယ် ။
ဒါပေမယ့် Google Server ကိုတိုက်ဖို့အတွက်တော့ Google ကနေပြန်မရှာပါနဲ့။တွေ့လိမ့်မှာမဟုတ်ဘူး။
Server ကိုမ Hack ပဲ Password ကိုဦးတည် Crack တာလိုမျိုး နည်းကွဲတွေလည်းရှိပါသေးတယ် ။
ဟက်မယ့် Server အခြေအနေနဲ့Hacker ရဲ့ ပိုင်နိုင်ကျွမ်းကျင်တဲ့ အရည်အချင်းပေါ်မူတည်ပြီး
အဆင်ပြေမယ့်နည်းလမ်းတွေကို ရွေးချယ် အသုံးပြုတတ်ကြ ပါတယ် ။
အဆင့်မြင့်ဟက်ကာတွေကတော့ Web Server ထဲမှာရှိတဲ့ configuration ဆိုတဲ့ဖိုင်ကိုဝင်ပြင်ပါတယ်။
Web Server ထဲမှာ Configuration ဆိုတဲ့ဖိုင်တစ်ဖိုင် ပါကိုပါ ရပါတယ် ။

အဲဒီဖိုင်ဟာDatabase နဲ့ချိတ်ဆက်ပြီး Access လုပ်တဲ့ User ဟာ Register လုပ်ပြီးသားလား ?
မလုပ်ရသေးတာလား ?လုပ်ထားတယ်ဆိုရင်လည်းအဲဒီ လူဟာ User အဆင့်လား ။ Member လား ။
Group Admin အဆင့်လား ။ Admin အဆင့်လား။ Creator လားစသည်ဖြင့်စစ်ဆေးအတည်ပြုပေးရပါတယ် ။
Hacker ဟာအဲဒီဖိုင်ထဲမှာ သူ့ကိုသူ အမြင့်ဆုံးရာထူးပေးလိုက်ပါတယ် ။ပြီးတော့ သူ့နေရာတည်မြဲနေဖို့
အတွက် ဖိုင်အသစ်ထပ်ထည့်တာပြင်ဆင်တာတွေလည်းလုပ်ပါသေးတယ် ။မတော်လို့ သူ့ကို Web Creator
အဆင့်ရှိသူတစ်ဦးဦးကတွေ့ပြီးထုတ်ပစ်လိုက်သည့်တိုင် ။နောက်တစ်ကြိမ်အလွယ်တကူပြန်ဝင်နိုင်ဖို့ အမှတ်
အသားချန်ထားခဲ့လိုက်တာဖြစ်ပါတယ် ။အချိန်မရွေးပြန်ဝင်နိုင်အောင် ခြံစည်းရိုးကို ဟ ထားခဲ့လိုက်တာမျိုးဖြစ်
ပါတယ် ။ ဒီလို Hacker မျိုးဟာ သူ့အတွက်အကျိုးရှိမယ့်အရာတွေမပါလာသရွှေ့ မလှုပ်ရှားသေး ပဲ ဆိုက်ကို
ဒီအတိုင်းထားထားလေ့ရှိပါတယ်။

ဘယ်လိုဖြေရှင်း နိုင်မလဲ?
Website ဖန်တီးသူတစ်ဦးအနေနဲ့ ဒါတွေ ကိုကာကွယ် တဲ့နည်းကတော့ ဆိုက်ရဲ့ အချက်အလက်ကို
သုံးနေရာလောက်ခွဲပြီးသိမ်းထားရ ပါတယ် ။
ပြီးတော့ဆိုက်ကိုလည်းပုံမှန် စစ်ဆေးနေရပါတယ် ။ အထူးသဖြင့် Config ဖိုင်လိုမျိုးကို ပုံမှန်ဝင်ပြီး စစ်ဆေး
ရပါတယ်။ ခြေရာလက်ရာပျက်နေပြီဆိုတာနဲ့ အဲဒီ Server ကို All Clean လုပ်ပြီး Hacker ချန်ထားခဲ့တဲ့
ဟာပေါက်တွေယိုပေါက်တွေကိုလိုက်ရှာရပါတယ်။တွေ့ရင် ပြင်ဆင်ပြီး နောက်ထပ်ဝင်လာနိုင်မယ့်နေရာတွေကို
လည်း လိုက်ပိတ်ရပါမယ် ။ တစ်ကြိမ် Hack ခံထိထားရင်နောက်တစ်ကြိမ်ပြန်ဝင်ဖို့လွယ်ကူနိုင်တာကြောင့်
လည်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ Site ကို Offline လုပ်ထားသင့်ပါတယ် ။ အားလုံးသေချာစစ်ဆေးပြီးရင်တော့
Backup သိမ်းထားတဲ့ Data တွေပြန်ထည့်ပေး ရပါမယ်။ အဲဒီလုပ်ဆောင်ချက်တွေပြီးနောက်မှာတော့
Server ဟာ Save ပြန် ဖြစ်သွားပါပြီ။