ကဗျာ/ရသ/နည်းပညာ

PHP ရဲ့အကောင်းဆုံးအရည်အသွေးတွေ

Sep 23, 2013


၁။PHP ကို cross-platform အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သဘောတရားကတော့ Windows,Linux,Unix, Mac,Solaris စတဲ့ Platform တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ် ။
၂။PHP ဟာ Free of Charge ဖြစ်ပါတယ် ။ PHP ကိုသုံးချင်တယ် ဆိုရင်ကြိုက်တဲ့အချိန်မှာ Source Code ကို အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ ပြောင်းလဲမှုတစ်ခုတိုင်းအတွက်လည်း လိုအပ်ချက်မရှိဘဲပြောင်းလဲနိုင်မှာဖြစ်ပါတယ်။
၃။PHP ဟာအမြန်နှုန်းမြင့် အမျိုးအစားတစ်ခုဖြစ်ပါတယ်။နှိုင်းယှဉ်မှုအနေနဲ့ပြောရမယ်ဆိုရင် Perl တို့ Python တို့ထက်များစွာမြန်ဆန်မှုရှိပါတယ်။ PHP ဆိုတာ Cache လုပ်နိုင်တဲ့အတွက် ပိုပြီးမြန်မြန်ဆန်ဆန်ရှိတာဖြစ်ပါတယ်။
၎။PHP ဟာ Web နဲ့ပတ်သတ်လို့လုပ်ဆောင်နိုင်မှုများပြားပါတယ်။ PHPမှာကြိုတင်စီစဉ် ရေးသားထားတဲ့
Function တွေ အများကြီးရှိပါတယ်။ အဆိုပါ Function တွေကိုအသုံးချပြီး မိမိစိတ်ကြိုက်ပြုပြင်ပြောင်းလဲရေးသားနိုင်မှာဖြစ်ပါတယ် ။အရေးကြီးတဲ့အပိုင်းဖြစ်တဲ့  Database ကိုကိုင်တွယ်တဲ့နေရာမှာလည်း MySQL,Oracle,MS SQL,
PostgreSQL နဲ့ အခြား  Database Server တွေနဲ့ချိတ်ဆက်ပြီး သုံးနိုင်မှာဖြစ်ပါတယ် ။ အခြားအပိုင်းအနေနဲ့ FileUploading ,Email , Graphical Interface , Generating Flash Movies စတာတွေကိုလည်း PHP ကနေလုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ် ။
၅။PHP ကိုလိုအပ်သလို ဖန်တီးရေးသားနိုင်မှာဖြစ်ပါတယ် ။ PHP Extension များကို ကိုယ်ပိုင် ရေးသားပြီးတည်ဆောက်မယ်ဆိုရင်လည်း တည်ဆောက်လို့ ရပါတယ် ။ အဲဒီလိုတည်ဆောက်နိုင်ဖို့အတွက် PHP API Documentation တွေကိုလည်းအစုံအလင်ရရှိနိုင်မှာဖြစ်ပါတယ်။
၆။PHP ဟာကမ္ဘာပေါ်မှာ အသုံးပြုသူများစွာရှိနေပါတယ်။ ဒီကိစ္စဟာPHPအပေါ်ယုံကြည်စိတ်ချရမှုကိုမြင့်တက်စေပြီး စွမ်းဆောင်ရည်ပိုင်းကိုလည်းအထောက်အထားဖြစ်စေပါတယ် ။
၇။PHP က Debug ပြုလုပ်တဲ့နေရာမှာလွယ်ကူပါတယ်။ Debugger တွေများစွာရှိပြီး အခပေးတွေရှိသလိုအခမဲ့ ရယူနိုင်မယ့်
စနစ်တွေလည်း များစွာရှိနေပါတယ်။
၈။PHP ဟာကောင်းမွန်တဲ့ကျောထောက်နောက်ခံရှိတယ်လို့ဆိုနိုင်ပါတယ် ။ PHP ရဲ့ Main Contributors နှစ်ဦးဟာ Zend
ဆိုတဲ့ Company ကိုတည်ထောင်ထားပြီး PHP ကိုအထောက်အပံ့ အပြည့်အ၀ ပေးထားပါတယ် ။
၉။ PHP ဟာ Community Support ပိုင်းမှာလည်း အားသာချက်ရှိပါတယ် ။ အသုံးပြုသူများပြားခြင်းရဲ့ အကျိုးကျေးဇူး
အနေနဲ့ PHP နဲ့ပတ်သတ်တဲ့အခက်အခဲတိုင်းကိုအချိန်မရွေး Online မှာဖြေရှင်းပေးနိုင်ပါတယ် ။
၁၀။ PHP က Web နဲ့ပတ်သတ်တဲ့အကောင်းမွန်ဆုံးသော Technology တစ်ခုဖြစ်ပါတယ် ။PHP5.Series တွေမှာ
တကယ့်ကိုပြည့်စုံတဲ့ Object-oriented နည်းပညာတွေ ပါဝင်လာသလို မြန်နှုန်းဟာလည်းပိုမိုမြင့်မားလာပါတယ် ။

No comments:

Post a Comment