PHP with OOP
PHP 5.2
version မှာတော့ OOP ကို အထောက်အပံ့ပေးနိုင်လာတာတွေ့ရပါတယ်။
PHP 5.3 ကိုရောက်တဲ့အချိန်မှာတော့
Fully OOP အဖြစ်ပြောင်းလဲ လာခဲ့ပါတော့တယ် ။ ဒီအချိန်မှာ PHP
ကိုမူလအတိုင်း Procedural ရေးနိုင်သလို OOP အနေနဲ့လည်းရေးလို့ရလာပါတယ်
။
Framework တွေ IDE တွေ အသုံးပြုမယ်ဆိုရင်တော့
OOP ကိုမသုံးမဖြစ်သုံးရတော့မှာဖြစ်ပါတယ် ။
အကြောင်းကတော့ Framework မှာနဂိုကရေးပြီးသားပါလာတဲ့
Class ကို inheritanceလုပ်သုံးတာ
တို့
Overwrite လုပ်တာတို့နဲ့ Customize ပြန်လည်ဖန်တီးရတာကြောင့်ပဲဖြစ်ပါတယ်
။
Declaring a Class
အခြေခံ
Class ကြေငြာတဲ့ပုံစံကတော့ ရိုးရိုးလေးပါပဲ ။
class
myclass{
// Class
contents go here
}
myclass ဆိုတဲ့နာမည်နဲ့ class တစ်ခု ကိုဖန်တီးလိုက်တယ် scope{} နှစ်ခုကြားမှာတော့ constants,
variables
and functions တွေ(methods တွေ)ပါဝင်နိုင်ပါတယ် ။
Instantiating an Object
Class တစ်ခုဖန်တီးပြီးရင်ဒီတိုင်းသုံးလို့မရပါဘူး
။ သူ့ကို Instantiate (Obj ဆောက်) ပြီးမှသုံးလို့ရပါတယ်။
C# တို့
Java တို့သင်ဖူးတဲ့သူဆို ပိုနားလည်လွယ်ပါလိမ့်မယ်။Obj ဆောက်ဖို့အတွက် new ဆိုတဲ့
keyword
လေးကိုသုံးပါတယ်။ဒီနေရာမှာ
Obj ဟာ Reference type ဆိုတာ သိဖို့လိုပါမယ် ။ ဥပမာ
$myClassInstance
= new myClass();
$copyInstance
= $myClassInstance(); ဒီလိုရေးခဲ့မယ်ဆိုရင် $myClassInstance နဲ့ $copyInstance
တို့ဟာ
Object တစ်ခုတည်းကို Reference လုပ်သုံးနေတယ်ဆိုပြီး သတ်မှတ်ရမှာဖြစ်ပါတယ်။
တကယ်လို့
$myClassInstance = new myClass();
$myClassInstance2 = new myClass();ဒီလိုရေးခဲ့မယ်ဆိုရင်တော့ $myClassInstance နဲ့ $myClassInstance2
တို့ဟာ Class တစ်ခုတည်းပေမယ့် Object နှစ်ခုဖြစ်သွားပြီလို့ သိရမှာဖြစ်ပါတယ်။
Class Inheritance
Class တစ်ခုကို
အခြား Class တစ်ခုကနေ extends လုပ်ပြီးယူသုံးတာမျိုးကို Class inheritance လုပ်တယ်
လို့ခေါ်ပါတယ်။လွယ်လွယ်ပြောရရင်
အဖေပိုင်တဲ့ပစ္စည်းကိုသားကယူသုံးတာ မျိုးလို့ မှတ်ထားလိုက်ပါ။
class a
{
function
test()
{
echo
"a::test called";
}
function
func()
{
echo
"a::func called";
}
}
class b
extends a {
function
test()
{
echo
"b::test called";
}
}
class c
extends b {
function
test()
{
parent::test();
}
}
class d
extends c {
function
test()
{
b::test();
}
}
$a = new
a();
$b = new
b();
$c = new
c();
$d = new
d();
$a->test();
// Outputs "a::test called"
$b->test();
// Outputs "b::test called"
$b->func();
// Outputs "a::func called"
$c->test();
// Outputs "b::test called"
$d->test();
// Outputs "b::test called"
ဒါလေးကလွယ်အောင်ပြထားတာပါ
။ class a မှာ test() ရယ် func() ရယ် function နှစ်ခုပါပါတယ်။
Class b ကျတော့
a ကို extends ယူလိုက်တယ် ။ ဒီတော့ a ထဲက function ကိုသူယူသုံးလို့ရသွားတယ်။
အဲဒီက
test() ကို ပြန်ပြင်ပြီးသုံးလိုက်တယ် ။ နောက်ထပ် class တွေထပ်ပြီး extends လုပ်သုံးတယ်။
$a->
test() ဆိုတာက $a ထဲက test() ဆိုတဲ့ function(method လို့လည်းခေါ်) ကိုအလုပ်လုပ်ခိုင်း
မယ်လို့ဆိုလိုတာပါ။
$a ဆိုတာက class a ကို object ဆောက်လိုက်ပြီးနောက်ခေါ်တဲ့နာမည်ပါ။
-> ဆိုတဲ့မြားလေးက " of " ဆိုတဲ့သဘောမျိုးဖော်ဆောင်ပေးပါတယ် ။
ဒီနေ၇ာမှာ
မှတ်ထားရမယ့် keyword လေးက extends ရယ် Parent ဆိုတာလေးရယ်မှတ်ထားလိုက်ပါ။
ပင်မ
Class ကို Parent Class , extends လုပ်သုံးတဲ့ Class ကိုတော့ Child Class ရယ်လို့လည်းခေါ်ကြ
ပါတယ်။
နောက်တစ်ခုကိုထပ်ကြည့်ရအောင်
။ပထမတစ်ခုသိထားမယ်ဆိုရင်ဒါဆိုရင်တော့တော်တော်လေးနားလည်
သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်
။အဲဒီမှာက Car ဆိုတဲ့ Class တစ်ခုဖန်တီးပါတယ်။ Class ထဲမှာ Variable
ကြေငြာချင်ရင်
var ဆိုတဲ့ Keywordလေးသုံးရပါတယ် ။
<?php
Class
Car{
var
$wheels=4;
var
$doors=4;
Function
wheelsdoors(){
Return
($this -> wheels + $this-> doors);
}
}
Class
CompactCar extends car{
var
$doors=2;
}
$car1=new
Car();
$car2=new
CompactCar();
echo
$car1-> wheels
."<br/>";
echo
$car1-> doors
."<br/>";
echo
$car1-> wheelsdoors() .
"<br/>";
echo
"<br/>";
echo
$car2-> wheels
."<br/>";
echo
$car2-> doors
."<br/>";
echo
$car2-> wheelsdoors() .
"<br/>";
echo
"<br/>";
?>
ကိုယ့်ဖာသာကိုယ်စဉ်းစားကြည့်
Browser မှာ Output ဘာပြမယ်ထင်သလဲ ?
ပြီးမှ
လက်တွေ့ Run ကြည့်ပါ ။OK :)
No comments:
Post a Comment