ကဗျာ/ရသ/နည်းပညာ

Relational Database

Sep 16, 2013


ယနေ့ခေတ် Relational Database Management System (RDBMS) များသည် Data များသိမ်းဆည်းခြင်းထက်ပိုသော လုပ်ငန်းစဉ်များကို လုပ်ဆောင်လာကြပါပြီ။ RDBMS များ Data များ သိမ်းဆည်းခြင်းသာမက၊ သိမ်းဆည်းထားသော Data များကို Manage လုပ်ခြင်း၊ မည်သည့် Data အမျိုးအစားများသာ Database ထဲကိုသို့ သိမ်းဆည်းခွင့်ပြုမည်ဆိုသော ကန့်သတ်ခြင်း၊ Data များပြန်လည်ထုတ်ယူခြင်း၊ Business Rules များထည့်သွင်းခြင်း စသည်များလည်း လုပ်ဆောင်ပေးနိုင်လာပါသည်။
------------------------------------------------------------
Database တွင်ဘာ Object တွေ ပါသလဲ ......
- Database
- Transaction Log
- Tables
- Indexes
- Filegroups
- Diagrams
- Views
- Stored Procedures
- User-defined functions
- Users
- User-defined data types
စတာတွေ ပါဝင်ပါတယ် . . .
------------------------------------------------------------
1. Database Object ဆိုတာ . .
Database Object သည် SQL Server တစ်ခုတွင် Database တစ်ခုဆောက်ရန်အတွက် အခြေခံအကျဆုံး Object တစ်ခုဖြစ်သည်။ Database တစ်ခုတွင် ပါဝင်သော အခြား object များသည် Database Object အောက်တွင်သာရှိပါသည်။ RDBMS တစ်ခု (SQL Server တစ်လုံး) တွင် Database Object ပေါင်း များစွာ ပါဝင်နိုင်ပါသည်။ Microsoft SQL Server တွင်ဆိုပါက Server Install လုပ်လိုက်သည်နှင့် အောက်ပါ database objects များ ပါဝင်လာမည်ဖြစ်ပါသည် ။
a. master
b. model
c. msdb
d. tempdb
၎င်း databse objects များသည် Microsoft SQL server တစ်လုံးအတွက် Minimam Requirement ဖြစ်ပါသည်။ မိမိတင်လိုသည့် Microsoft SQL Server အမျိုးအစားပေါ်မူတည်၍ နောက်ထပ်ပါဝင်လာသည့် database objects များလည်း ရှိပါသေးသည်။

2. Transaction Log
Transaction Log သည် မိမိတို့ database အတွင်း ပြုလုပ်သမျှ ပြောင်းလည်းမှုများအအား မှတ်သားပေးသော file တစ်ခုပင် ဖြစ်သည်။ နောင်တစ်ချိန် မိမိတို့ Server တွင် ပြုလုပ်ခဲ့သော ပြောင်းလဲမှုများအား ပြန်လည် ကြည့်ရှုနိုင်ရန်ဖြစ်သည်။ တစ်ခါတစ်ရံ database အတွင်းရှိ data size သည် ၎င်း log ၏ size ထက် များစွာ ငယ်နေတတ်သည်။

3. Table
Table သည် Database တစ်ခုအတွင်းရှိ အခြေခံအကျဆုံး object တစ်ခုဖြစ်သည်။ Database အတွင်းထည့်သွင်းလိုက်သော data များသည် tables များအတွင်းသို့ သိမ်းဆည်းထားခြင်းဖြစ်သည်။ databse table သည် Excel ကဲ့သို့ပင် Columns(domain data), Rows (entity data) များဖြင့် တည်ဆောက်ထားသည်။ Columns တစ်ခုချင်းဆီတွင် ၎င်းတို့၏ ကိုယ်ပိုင် rules များရှိသည်။ (ဥပမာ မည်သည့် Data အမျိုးအစားများ သာ ထို column အတွင်း ထည့်သွင်းခွင့်ပြုခြင်း)။

4. Indexes
မြင်သာအောင် ပြောရမည်ဆိုလျှင် Index သည် database အတွင်းမှကျွန်တော်တို့ ပြန်လည်ထုတ်ယူချိန်တွင် လျှင်မြန်စွာ ထုတ်ယူနိုင်အောင် key များဖြင့် စီထားပေးခြင်းဖြစ်သည်။ Index နှစ်မျိုးရှိသည် . . . Clustered နှင့် Non-Clustered ဟူ၍ ဖြစ်သည်။ Clusterd Index သည် table တစ်ခုတွင် အများဆုံး တစ်ခုသာ ပါဝင်နိုင်သည်။ Non-Clustered Index သည် table တစ်ခုတွင် အများအပြား ပါဝင်နိုင်သည်။

5. Files Group
ပုံမှန်အားဖြင့် database အတွင်းသိမ်းဆည်းသော data မှန်သမျှကို file တစ် file ထဲတွင်သာသိမ်းထားသည် ( log file မပါဝင်ပါ)။ သို့သော် ကျွန်တောတို့ ကိုယ်တိုင်လည်း user-define file များ ထည့်သွင်းနိုင်သည်။ ၎င်းထည့်သွင်းသော file ကို secondry file ဟုခေါ်သည်။ database ၏ data များကို primary ဖိုင်မှ ခွဲထွက်သိမ်းဆည်းပေးနိုင်သည်။ Microsoft SQL Server တွင် User-defined file (secondry file ) 32,000 ကျော်ကျော် ထည့်သွင်းခွင့်ပြုထားသည်။

6. Diagrams
Diagrams များသည် database ကို ပုံဖြင့် ဖော်ညွှန်းထားခြင်းပင်ဖြစ်သည်။ ၎င်း diagrams များတွင် tables များ၊ view များ၊ relationship များပါဝင်သည်။ ERD (Entity Relationship Diagram) ကိုဆိုလိုခြင်းဖြစ်သည်။ ၎င်းကို (၂) ပိုင်းခွဲထားသည်။ Entity နှင့် Relationship ဟူ၍ဖြစ်သည်။

7. Views
view သည် virtual table ဖြစ်သည်။ ၎င်းတွင် ကိုယ်ပိုင် data များမပါဝင်ပဲ မိမိလိုချင်သော data များကို ကြိုတင် qurey ရေးထားခြင်းဖြစ်ပါသည်။ ၎င်း query သည် အခြား သော table များမှ လိုအပ်သော data (၎င်း query နှင့်ကိုက်ညီသော data ) များကို view အဖြစ် ထုတ်ပြခြင်းဖြစ်သည်။

8. Store Procedures(sprocs)
Store procedure သည် database အတွင်းရေးသားထားသော program ငယ်လေးကို ဆိုလိုသည်။ Transact-SQL Statements များပေါင်းစည်းထားခြင်းဖြစ်သည်။ ၎င်းတွင် variable များ၊ parameter ထည့်ခြင်းများ၊ condition & looping များကို လုပ်ဆောင်နိုင်ပါသည်။

9. User-Defined Functions(UDF)
Store Procedure နှင့်တူညီသည်။ သို့သော် UDF သည် SQL Data Type အတော်များများကို return ပြန်ပေးနိုင်သည်။

10. User
User ဆိုသည်မှာ Database အတွင်း Login ဝင်ရန်ဖြစ်သည်။ User ဟုပြောလျှင် Role ကို ချန်ထား၍မရပေ။ User တစ်ယောက်တွင် Roles များစွာပါဝင်သည်။ ဥပမာအနေနှင့် file တစ်ခုကို permission ပေးမည်ဆိုပါက အခြေခံအနေနှင့် Read, Write, Execute, Full Control စတာတွေပါဝင်သည်။ ထို့နောက် ၎င်း permission ကို လိုက်နာမည့် user ရှိရသည်။ ထို Read Permission, Write Permission လုပ်ခွင့်ရခြင်းသည် Role ပင်ဖြစ်သည်။ ဆိုလိုသည်မှာ မည်သည့် Role ပိုင်ရှင်သည် Read permission ရသည်။ မည်သည့် Role ပိုင်ရှင်ကတော့ဖြင့် Read & Write ရသည်။ စသည်ကဲ့သို့ဖြစ်သည်။

11. User-define data type
User-Defined data type ဆိုသည်မှာ System Data Type ကို မိမိလိုအပ်ချက်အရ ချဲ့ထွင်၊ ပေါင်းစပ် ၍ သတ်မှတ်ထားခြင်းဖြစ်သည်။
မူရင်း>> Q+ Computer Center (မုံရွာ)

No comments:

Post a Comment