ကဗျာ/ရသ/နည်းပညာ

1.Javascript Introduction

Oct 1, 2016
Javascript introduction javascript ကိုမပြောခင်java နဲ့ javascriptဘာမှမဆိုင်ဘူးဆိုတာလေးတစ်ခုသေသေချာချာသိထား စေချင်ပါတယ်။ကျွန်တော်လည်း စလေ့လာခါစက အတူတူလို့ထင်ခဲ့ဖူးလို့ပါ။တကယ့်လက်တွေ့မှာတော့ သူတို့ရဲ့ coding structure တွေဟာလည်းကွဲပြားခြားနားကြပါသေးတယ်။နောက်တစ်ခုက HTML တို့ CSS တို့နားလည်ပြီးမှ Javascript ကိုလေ့လာမယ်ဆို ရင်ပိုပြီးအကျိုးများပါလိမ့်မယ်။ Javascript ဟာ web ကိုတန်ဆာဆင်တဲ့နေရာမှာမရှိမဖြစ်အရေးပါတဲ့ language တစ်ခုဖြစ်ပါတယ်။ထူးခြားတာတစ်ခုက သူ့ code ကို browser ကတိုက်ရိုက်နားလည်တာကြောင့် editor တစ်ခုရှိမယ် Browser လည်းရှိမယ်ဆိုရင် JS စရေးလို့ရပါပြီ ။တစ်ခြားသီးသန့်ထပ်ပြီး install လုပ်ရမယ့် framework သပ်သပ်မလိုပါဘူး စမ်းမယ့်Browser ကိုတော့ Chrome ကိုသုံးဖို့ညွှန်းချင်ပါတယ်။Code editor အတွက်ကိုတော့ sublime text 3 ကိုညွှန်းချင်ပါတယ် sublime မသုံးချင်ဘူး..သုံးနေကျ editor ရှိလို့အဲ့ဒါကိုပဲ သုံးချင်တယ်ဆိုရင်လည်းအဆင် ပြေပါတယ်။ အခု သင်ခန်းစာအတွက် တော့ sublime editor ပဲသုံးမှာမို့ install သွင်းရအောင်။ စက်ကို အင်တာနက်ချိတ်လိုက်ပြီးရင် google.com မှာ ‘download sublime text 3’ လို့ရိုက်ထည့်။ကျလာတဲ့ result ထဲမှအဆင်ပြေတဲ့လင့်တစ်ခုခုကနေ download ဆွဲပြီး Sublime Text 3 ကို စက်မှာ install လုပ်။ခါတိုင်းလုပ်နေကျအတိုင်း Next >Next > Finish ပေါ့ဗျာ :D
လေ့ကျင့်ဖို့အတွက် document အောက်မှာ javascript နာမည်နဲ့ ဖိုဒါတစ်ခုဆောက်ထားလိုက်ပါဦး။ ပြီးရင်တော့ sublime မှာ index.html လို့ရေးပြီး Ctrl+S နှိပ်။ ပြီး စောစောကဆောက်ထားတဲ့ ကိုယ်ပိုင်ဖိုဒါထဲမှာသွား save လိုက်ဗျ.


index.html တစ်ဖိုင်ရပြီ ။ပြီးရင် sublime စာမျက်နှာမှာ html:5 လို့ရေးပြီး keyboard က Ctrl+E ကိုနှိပ်လိုက်မယ်ဆိုရင် html skeleton ဒီလိုလေး ရပါပြီ

တကယ်လို့အဲ့လိုမပေါ်လာဘူးဆိုရင်တော့ sublime ထဲမှာ service packageလေးတစ်ခုလိုနေတာကြောင့်ပါ။ဒါပေမယ့် sublime 3 မှာတော့ default မှာကတည်းကပါပြီးသားဖြစ်ပါတယ်။တကယ်လို့မရခဲ့ဘူးဆိုရင်ဘယ်လိုလုပ်ရမလဲတစ်ခါတည်းရှင်းပြပေးပါဦးမယ်။(လျှာရှည်တယ်မထင်ပါနဲ့ဗျာ)တကယ်က ‘emmit’ ဆိုတဲ့ package လေးမပါဝင်သေးတာကြောင့် ဒီ service ကိုသုံးလို့ မရသေးပဲဖြစ်နေတာပါ ဒါကြောင့် emmit ထည့်ပေးလိုက်မယ်ဆို html shortcutလေး တွေပြန်ရသွားမှာပါ။ကဲ emmit ထည့်နည်းပြောပြမယ် စက်ကိုအင်တာနက်ချိတ်ထားပြီးရင် sublime မှာ Ctrl (Mac မှာဆို command) +Shift+Pပြီးရင် ပေါ်လာတဲ့ box မှာ install လို့ရိုက် enter ခေါက်ပြီးရင် emmit လို့ထပ်ရိုက် enterထပ်ခေါက်။ရပြီ .. သူ့ဖာသာသွင်းသွားပေးလိမ့်မယ် ။ပြီးရင် sublime ကို restart ချလိုက်ရင် စောနက မရတဲ့ shortcut သုံးလို့ရပြီ။ emmit ရဲ့ အသုံးဝင်များပြားလှတဲ့ shortcut တွေကို ဒီမှာသွားကြည့်လို့ရပါတယ်။http://docs.emmet.io/cheat-sheet/ Mac user တွေအနေနဲ့http://docs.sublimetext.info/en/latest/reference/keyboard_shortcuts_osx.html ဒီလင့်မှာ sublime ရဲ့ အသုံးဝင်shortcut တွေကို လည်း တစ်ချက်တော့သွားရောက် လေ့လာထားသင့်ပါတယ်။ဒီနည်းနဲ့ emmit သာမက တခြား service package တွေလည်းလိုရင်လိုသလို ဖြည့်သွင်းအသုံးပြုနိုင်ပါတယ်။ Javascript ရဲ့ အလုပ်လုပ်ပုံကိုရှင်းရှင်းလင်းလင်းသိမြင် နိုင်ဖို့ ကျွန်တော်တို့ browser sync လေး ထည့်ထားပေးရင်ပိုအဆင်ကောင်းပါတယ် ။မထည့်လည်း ရပါတယ် ဒါပေမယ့် ယနေ့ခေတ် နည်းပညာလေးတွေသိထားရအောင်တော့ ပြောပြထားချင်တယ်ဗျာ။ဒီတော့ ကျွန်တော်တို့ node.js လေးစက်မှာ ထည့်ထားလိုက်ရအောင်။ထုံးစံအတိုင်း အင်တာနက်ချိတ်ပြီး download node.js ဆိုပြီးရိုက်ရှာလိုက် ။ပြီးရင်ဒေါင်း install လုပ်

ကိုယ်က Mac ဆို Mac အတွက်ကိုဒေါင်းပေါ့ဗျာ ။ပြီးရင် terminal (or )cmd ကိုဖွင့်ပြီးတော့ node --version လို့ရိုက်ထည့် enterခေါက် version ကိုဖော်ပြပေးနေလိမ့်မယ်။ပြီးရင် npm --version လို့ရိုက်ထည့် enter ခေါက် node package manager version ကိုပြနေတယ်ဆိုရင် install successful အောင်မြင်ပါပြီ။ဆက်ပြီးရှင်းပြချင်တာက node.js နဲ့တွဲသုံးရမယ့် browser sync လေးအကြောင်း။ google မှာရှာရင် လည်းရတယ် But ဒီလိပ်စာ www.browsersync.io မှန်ဖို့တော့လိုမယ်။

သူ့ install code (npm install -g browser-sync)ကို ကော်ပီကူးပြီးရင် terminal(or) cmd မှာ pasate လုပ် enter ခေါက် ။စာသားတွေတသီတတန်းကြီးကျလာပြီးရင် install အဆင်ပြေသွားပါလိမ့်မယ်။ ရမရသေချာအောင် terminal(or)cmd မှာ စောစောကပုံစံအတိုင်း browser-sync --version လို့ရိုက်ထည့် enter ခေါက် version နံပါတ်ပြနေရင် complete ဖြစ်ပါပြီ။


browser sync ကိုဘယ်လိုချိတ်ဆက်အသုံးပြုရမလဲဆိုရင် ပထမဆုံးကိုယ့်ရဲ့ html file ရှိတဲ့ folder ကို terminal (or) cmd ကနေသွားရမယ် ။လက်ရှိနေရာကိုကြည့်ချင်ရင် dir(for windows) ls(for mac) လို့ရိုက်ထည့်လိုက် ။ကိုယ်သိမ်းထားတဲ့နေရာကိုသွားချင်ရင်တော့ cd command နဲ့သွားလို့ရတယ်။ ပုံမှာကြည့်ကြည့် . folder နေရာရောက်ပြီဆို browser-sync start --server --directory --files “ */ဆိုတဲ့ code လေးနဲ့ on ပေးရတယ်။အပေါ်ကပြထားတဲ့ကုတ်က လက်ရှိအဆင်အပြေဆုံးပုံစံပါ။သူ့ website မှာတော့ start code က static site,dynamic site အတွက် sync code သပ်သပ် စီခွဲထားပါသေးတယ်။ https://browsersync.io/#install လင့်မှာတစ်ချက် ရှိုးကြည့်ဗျ။ ကဲခုဆို ကိုယ် index.html ထဲရေးလိုက်သမျှ code ဟာ စက္ကန့်မခြားပဲ ဖွင့်ထားတဲ့ chrome browserကဖွင့်ထားတဲ့ webpage ပေါ်မှာ up to date ပေါ်နေစေမှာဖြစ်ပါတယ်။ဒါကြောင့် အချိန်ကုန်အများကြီးသက်သာသွားစေပါတယ်။ဘယ်ဘက်မှာ code ရေး ညာဘက်ကမှာ google chrome ရဲ့ code view( chrome R-click>inspect>console) ကိုဖွင့်ထားမယ်ဆိုရင် ဘယ်ဘက်မှာရေးသမျှ code ကို ညာဘက်မှာ အချိန်မဆိုင်းပဲ အလုပ်လုပ်ပေးနေတာတွေ့နေပါလိမ့်မယ်။ သိပ်အဆင်မပြေလို့ဒီအတိုင်း ခပ်ရှင်းရှင်း တစ်ဆင့်ချင်း code ရေးလိုက်ပြန်ကြည့်လိုက်လုပ်မယ်ဆို ရင်လည်းရပါတယ်။ ခုထိတော့ code တကြောင်းမှစမရေးရသေးပါဘူး။နောက်သင်ခန်းစာကျမှ code စရေးရအောင်

No comments:

Post a Comment