ကဗျာ/ရသ/နည်းပညာ

2.Javascript Data Types

Oct 1, 2016
(2)


Javascript ကို HTML ထဲမှာပဲ <script></script> tag ထဲမှာပေါင်းပြီးရေးလို့ရသလို သီးသန့် ဖိုဒါတစ်ခုဆောက် script.js ဖိုင်တစ်ခုသပ်မှတ်ပြီးသပ်သပ်စီလည်းရေးလို့ရပါတယ်။ သပ်သပ်ရေးတဲ့အခါ HTML ဖိုင်ထဲမှာ JS ဖိုင်နေရာကို source “src” ဆိုတဲ့ keyword နဲ့ညွှန်းပေးရပါတယ်။






<script src="/js/script.js"></script>



script tag ကို HTML head tag ထဲမှာသွားရေးရေး .body tag အဆုံးနားမှာသွားရေးရေး အဆင်ပြေပါတယ်။But, body အပိတ် tag မတိုင်မီအဆုံးနားမှာနေရာချတာက အကောင်းဆုံးရေးသားနည်းဖြစ်ပါတယ်။
Javascript ဟာ dynamically typed language ဖြစ်ပါတယ်.variable တွေဟာကွဲပြားတဲ့ data type ကို execute မလုပ်မချင်းလက်ခံထားနိုင်ပါတယ်.






var a= ‘a’;  //var လို့ရေးရင်ရပါပြီ

var b= 30;



‘a’ (or)”a” လို့ရေးလိုက်တာနဲ့ String data type ဖြစ်ကြောင်း Js ကသိပါတယ်။30 လို့ရေးလိုက်တာနဲ့ ဒါဟာ Number data type ဖြစ်ကြောင်း js ကသိပါတယ်။ ကော်မန့်တွေရေးချင်ရင် // နောက်မှာရေးနိုင်ပါတယ်။ကော်မန့်တွေက ကိုယ့်ဖာသာပြန်ကြည့်ရင်ဖြစ်ဖြစ် ကိုယ့်ကုတ်ကိုသူများယူကြည့်ရင်ဖြစ်ဖြစ် နားလည်လွယ်စေတာမို့ရေးဖြစ်အောင်အလေ့အကျင့်လုပ်ထားစေချင်ပါတယ်။ Javascript မှာ data type နှစ်မျိုးပဲရှိပါတယ် Primitive နဲ့ Object ပါ။ Primitive မှာ string(စာသားတွေ),number(64bitတွက်ချက်မှုကိုပဲအခြေခံထားတဲ့ နံပါတ်တွေ),Boolean(မှန်/မှား ဆုံးဖြတ်ချက်တွေ) ပါဝင်ပြီး Object မှာ name:value (အမည် တန်ဖိုး )အတွဲလိုက်data တွေပါဝင်ပါတယ်။






firstname:"AungAung",

lastname:"MinMaung",

social:{

facebook:"BlahBlah",

twitter:"Someone"

}



AungAung ဟာ stringဖြစ်လို့ “” လိုပါတယ်။name ဖြစ်တဲ့ firstnameမှာတော့ မလိုပါ။ပြီးတော့ ‘=’ အစား ‘ : ’ သုံးရပါတယ်။social ဆိုတဲ့ name မှာ value ဟာတစ်ခုမကတာကြောင့် { } ထဲထည့်ပေးလိုက်ရပါတယ်။ Js မှာမှထူးခြားစွာပါဝင်တဲ့ data type တစ်ခုကတော့ undefined ပါ။variable တစ်ခုမှာ ဘာတန်ဖိုးမှ မပါဝင်ရင် undefined ကို js က အလိုလို ထည့်ပေးပါတယ်။ variable တစ်ခုကို undefined အဖြစ်ကြေငြာလို့ရပေမယ့် ဘယ်တော့မှမလုပ်ပါနဲ့။ undefined type ဟာကြေငြာဖို့ရည်ရွယ်ဖန်တီးထားတာမဟုတ်လို့ပါ။ တကယ်လို့ကြေငြာချင်တယ်ဆိုရင် null အဖြစ်ကြေငြာလို့ရပါတယ်။ နောက်တစ်ခုက NaN ပါ Not a Number ဖြစ်ပါတယ်။



var c=a/b ;

console.log(c); 



လို့ရေးပြီး resulet ကြည့်လိုက်ရင် NaN error ပြပါလိမ့်မယ်။ a ဟာ number မဟုတ်လို့ 30 နဲ့စားလို့မရပါဘူး။ဒါကြောင့် c ထဲကို Js က not a number (NaN) ကိုထည့်ပေးလိုက်ပါတယ်။colsole.log ကတော့ ဒီရလဒ်ကို ပြသပေးပါတယ်။ နောက်ဆုံးတစ်ခုကတော့ ES6 လို့ခေါ်တဲ့ symbolic type ပါ။2015 ကတည်းက release လုပ်ထားပြီးဖြစ်ပေမယ့် widely support မဖြစ်တာကြောင့်ခုထက်ထိ widely မသုံးရသေးပါဘူး။
Programming တိုင်းမှာလိုလို variable သတ်မှတ်တာ..Array ဆောက်တာ… functionတည်ဆောက်တာ..condition စစ်တာ..looping ပတ်တာ….error handling လုပ်တာ.. စတဲ့အခြေခံကျတဲ့လုပ်ဆောင်ချက်တွေဟာရေးသားပုံသာကွဲမယ် လုပ်ငန်းတူတွေအနေနဲ့ပါဝင်လေ့ရှိပါတယ်။ ဒါကြောင့်language တစ်ခု ကိုသေချာနားလည်ထားပြီးသား ,သဘောပေါက်ထားပြီး သားဆိုရင်နောက်တစ်ခုကို လေ့လာတဲ့အခါအရမ်းကိုပဲလွယ်ကူသွားတတ်ပါတယ်။လေ့လာနေစလူငယ်တွေ အနေနဲ့တော့ဟိုဟာကောင်းနိုးဒီဟာကောင်းနိုးလေ့လာနေမဲ့အစားတစ်ခုခုကိုဇောက်ချလေ့လာသင့်ပါတယ်။ အခု javascript ကိုရှင်းပြတဲ့အခါမှာလည်း/သည်မရွေးတော့ပြောဖြစ်မှာမဟုတ်ဘူး..နားလည်သဘောပေါက်ပြီးကိုယ်တိုင်ရှေ့ဆက်လေ့လာသွားလို့ရအောင်ပဲ အဓိကထားပြောဖြစ်မှာပါ။ဒါကြောင့် တခြားမေးချင်တာရှိရင် ဖွဘုတ်ကနေလာမေးလို့ရပါတယ်။Facebook Search မှာကျွန်တော့်နာမည် ရိုက်ထည့်ရှာလိုက် .... ကိုရီးယားမင်းသားချောအလားထင်မှတ်ရတဲ့ ရူပါ ကိုတွေ့ပြီဆို တာနဲ့ချက်ဘောက်ကလာမေးလို့ ရပါတယ်ဗျာ.:D ပြီးတော့ မနေ့က ရှင်းပြသွားတာလေးတွေလက်တွေ့လိုက်လုပ်ကြည့်တဲ့အခါ မှာ လည်းအဆင်မပြေတာလေးတွေ တွေ့ကောင်းတွေ့ပါလိမ့်ဦးမယ် .. ကျွန်တော့်တုန်းကတော့ BrowserSync ကို terminal ကနေသွင်းတာ ဘယ်လိုမှမရဘူး..ချွေးပါပျံသွားတယ်။ နောက်မှ Network ကြောင့်လားဆိုပြီး ရုံး Wifi ကိုဖြုတ် ပြီးကိုယ့်ဖုန်း Wifi နဲ့ပြန်စမ်းတော့မှရသွားတယ် ရုံး Wifi က Network Admin ကပညာတွေစွန်း ပြထားလေတော့ သွင်းမရဘူးဖြစ်နေတာကိုးအဲ့ဒါကြောင့် သူငယ်ချင်းတို့ စမ်းတဲ့အခါကျရင်လည်း အဆင်မပြေတာရှိကောင်းရှိမယ် .. ဆက်လက် လေ့လာရင်း ကျွန်တော်မမြင်လိုက်တာတွေတောင် ခင်ဗျားတို့က မြင်လာမှာမို့ အားမလျှော့ပါနဲ့လို့ ပြောချင်ပါတယ်

နောက်သင်ခန်းစာမှာ functionတွေအကြောင်းရှင်းပြပါမယ်။

No comments:

Post a Comment