ကဗျာ/ရသ/နည်းပညာ

3.JS Functions

Oct 1, 2016
(3)


JS မှာ function တွေကို name ရော nameless ရောလက်ခံပါတယ်။ function execute လုပ်တဲ့အခါ function name နဲ့ပြန်ခေါ်ရပါတယ်။nameless အတွက်တော့ var တစ်ခုထဲသွားထည့်ပေးမှ ရှေ့ဆက်နိုင်မှာပါ။



function a(){ }



function name aဖြစ်ပါတယ်.

a(); 

ဒါက executive function ပါ. ဒါကမှရလဒ်ပါ။


var a= function (){….}


function name တောင်မပါပါဘူး.a ဟာ value of function assigned ဖြစ်ပြီး return result (ရလဒ်)မဟုတ်ပါ။





ဒီနေရာမှာတစ်ခုထပ်ရှင်းပြချင်တာက လိုအပ်ချက်အရ function scope ထဲမှာ variable ထပ်ကြေငြာရတယ်ဆိုရင်သူ့ကို local variable လို့ခေါ်ပါတယ်။သူ့ကို function အပြင်ဘက်မှာသုံးလို့မရပါဘူး။ function ရဲ့အပြင်ဘက်မှာ ကြေငြာထားတဲ့ variableကိုတော့ global variable လို့ခေါ်ပါတယ်.သူ့ကို function ထဲ ကနေလည်းလှမ်းခေါ်နိုင်ပါတယ်။


var message= “in global”;
var a =function (){
var message= “in local”;
console.log(message);
b();


function b(){
console.log(message);
};

result ဘာထွက်မယ်ထင်လဲ၊?

in local တစ်ကြောင်း, in global တစ်ကြောင်းထွက်လာပါမယ်။ function b ကို a ကနေလှမ်းခေါ်ထားပေမယ့် b ထဲကိုရောက်နေမယ့် message တန်ဖိုးဟာ “in global”ပဲဖြစ်နေမှာမို့ပါ။

ဥပမာလေးတွေလေ့လာကြည့်ရအောင်။


// ***** String concatination

var string = "Hello";

// string += " World";

string = string + " World";

console.log(string + "!");


+= ဆိုတာမူလတန်ဖိုးမှာပဲ ထပ်ပေါင်းထည့်သွင်းမယ်လို့ပြောတာပါ။ဒါကြောင့် string + world နဲ့တူတူပါပဲ။ Js မှာစာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်း ဆက်ဖို့ + ကိုသုံးပါတယ်။



// ***** Regular math operators: +, -, *, /

console.log((5 + 4) / 3);

console.log(undefined / 5);

function test1 (a) {

console.log( a / 5);

}

test1();


test1 ကို execute လုပ်တဲ့အခါ ဘာရမလဲ ? အခု parameter ပါတဲ့ function လေးတွေကြည့်ကြည့်ရအောင် ။ parameter ကို argument လို့လည်းခေါ်ပါတယ်။


function multiply(x, y) {

return x * y;

}

multiply.version = "v.1.0.0";

console.log(multiply.version);

var ans = multiply (4,5);



compare က function name, xနဲ့y က argument, argument မှာ var ကြေငြာစရာမလိုပါ။argument တွေကိုတော့ return ပြန်ပြဖို့ခေါ်တဲ့အခါ ထည့်သွင်းပေးရပါတယ်။ return ဆိုတာက keyword ပါ.အဖြေထုတ်ပြဖို့သုံးပါတယ်။ အခုဥပမာလေးကိုကြည့်ကြည့်မယ်ဆိုရင် - answer မှာ ဘာ result ထွက်မလဲ? multiply. version ကိုပြခိုင်းတဲ့အခါ ဘာ result ရမလဲ? နောက်ထပ်- multiply(4,” a”); ဆိုရင် ဘာ resultရမလဲ၊? argument ထည့်ရမယ့် function ဖြစ်ပေမယ့် multiply() လို့ပဲရေးပြီး execute လုပ်ခိုင်းမယ်ဆိုဘာ result ရမလဲ?

ဒီဥပမာလေးတွေကိုလည်းဆက်လေ့လာပေးပါဦး….


// Function factory

function makeMultiplier(multiplier) {

var myFunc = function (x) {

return multiplier * x;

};

return myFunc;

}

var multiplyBy3 = makeMultiplier(3);

console.log(multiplyBy3(10));

var doubleAll = makeMultiplier(2);

console.log(doubleAll(100));

// Passing functions as arguments

function doOperationOn(x, operation) {

return operation(x);

}

var result = doOperationOn(5, multiplyBy3);

console.log(result);

result = doOperationOn(100, doubleAll);

console.log(result);



ဆက်ပြီးတော့ လေ့လာနေတဲ့သူငယ်ချင်းတို့အတွက် မှတ်ထားသင့်တဲ့အရမ်းအသုံးဝင်တဲ့ဆိုက်တစ်ချို့ပြော ပြပေးချင်ပါသေးတယ်။အောက်ကဆိုက်လေးတွေကိုမှတ်ထားပါ။

https://jsfiddle.net/

CSS ရော JS ရောအတွက် ကိုယ်ရေးမယ့် Code တွေကို text editor တစ်ခုလို သွား စမ်းကြည့်လို့ရပါတယ်။

http://codepen.io/

CSS ရော JS ရော ရေးပြီးသား Design တွေကိုအခမဲ့ယူလို့ရပါတယ် ။စမ်းလို့ရပါတယ်။သွားစမ်းကြည့်ပါ။

http://stackoverflow.com/

ဒီဆိုက်ကအိုင်တီသမားတွေလက်စွဲဆိုက်တစ်ခုပါ.မသိတာမှန်သမျှမေးလို့ရပါတယ်။

ရှေ့သင်ခန်းစာမှာတော့ Javascript ရဲ့ language construct အကြောင်းရှင်းပြပါမယ်။

Read more ...

2.Javascript Data Types

Oct 1, 2016
(2)


Javascript ကို HTML ထဲမှာပဲ <script></script> tag ထဲမှာပေါင်းပြီးရေးလို့ရသလို သီးသန့် ဖိုဒါတစ်ခုဆောက် script.js ဖိုင်တစ်ခုသပ်မှတ်ပြီးသပ်သပ်စီလည်းရေးလို့ရပါတယ်။ သပ်သပ်ရေးတဲ့အခါ HTML ဖိုင်ထဲမှာ JS ဖိုင်နေရာကို source “src” ဆိုတဲ့ keyword နဲ့ညွှန်းပေးရပါတယ်။






<script src="/js/script.js"></script>



script tag ကို HTML head tag ထဲမှာသွားရေးရေး .body tag အဆုံးနားမှာသွားရေးရေး အဆင်ပြေပါတယ်။But, body အပိတ် tag မတိုင်မီအဆုံးနားမှာနေရာချတာက အကောင်းဆုံးရေးသားနည်းဖြစ်ပါတယ်။
Javascript ဟာ dynamically typed language ဖြစ်ပါတယ်.variable တွေဟာကွဲပြားတဲ့ data type ကို execute မလုပ်မချင်းလက်ခံထားနိုင်ပါတယ်.






var a= ‘a’;  //var လို့ရေးရင်ရပါပြီ

var b= 30;



‘a’ (or)”a” လို့ရေးလိုက်တာနဲ့ String data type ဖြစ်ကြောင်း Js ကသိပါတယ်။30 လို့ရေးလိုက်တာနဲ့ ဒါဟာ Number data type ဖြစ်ကြောင်း js ကသိပါတယ်။ ကော်မန့်တွေရေးချင်ရင် // နောက်မှာရေးနိုင်ပါတယ်။ကော်မန့်တွေက ကိုယ့်ဖာသာပြန်ကြည့်ရင်ဖြစ်ဖြစ် ကိုယ့်ကုတ်ကိုသူများယူကြည့်ရင်ဖြစ်ဖြစ် နားလည်လွယ်စေတာမို့ရေးဖြစ်အောင်အလေ့အကျင့်လုပ်ထားစေချင်ပါတယ်။ Javascript မှာ data type နှစ်မျိုးပဲရှိပါတယ် Primitive နဲ့ Object ပါ။ Primitive မှာ string(စာသားတွေ),number(64bitတွက်ချက်မှုကိုပဲအခြေခံထားတဲ့ နံပါတ်တွေ),Boolean(မှန်/မှား ဆုံးဖြတ်ချက်တွေ) ပါဝင်ပြီး Object မှာ name:value (အမည် တန်ဖိုး )အတွဲလိုက်data တွေပါဝင်ပါတယ်။






firstname:"AungAung",

lastname:"MinMaung",

social:{

facebook:"BlahBlah",

twitter:"Someone"

}



AungAung ဟာ stringဖြစ်လို့ “” လိုပါတယ်။name ဖြစ်တဲ့ firstnameမှာတော့ မလိုပါ။ပြီးတော့ ‘=’ အစား ‘ : ’ သုံးရပါတယ်။social ဆိုတဲ့ name မှာ value ဟာတစ်ခုမကတာကြောင့် { } ထဲထည့်ပေးလိုက်ရပါတယ်။ Js မှာမှထူးခြားစွာပါဝင်တဲ့ data type တစ်ခုကတော့ undefined ပါ။variable တစ်ခုမှာ ဘာတန်ဖိုးမှ မပါဝင်ရင် undefined ကို js က အလိုလို ထည့်ပေးပါတယ်။ variable တစ်ခုကို undefined အဖြစ်ကြေငြာလို့ရပေမယ့် ဘယ်တော့မှမလုပ်ပါနဲ့။ undefined type ဟာကြေငြာဖို့ရည်ရွယ်ဖန်တီးထားတာမဟုတ်လို့ပါ။ တကယ်လို့ကြေငြာချင်တယ်ဆိုရင် null အဖြစ်ကြေငြာလို့ရပါတယ်။ နောက်တစ်ခုက NaN ပါ Not a Number ဖြစ်ပါတယ်။



var c=a/b ;

console.log(c); 



လို့ရေးပြီး resulet ကြည့်လိုက်ရင် NaN error ပြပါလိမ့်မယ်။ a ဟာ number မဟုတ်လို့ 30 နဲ့စားလို့မရပါဘူး။ဒါကြောင့် c ထဲကို Js က not a number (NaN) ကိုထည့်ပေးလိုက်ပါတယ်။colsole.log ကတော့ ဒီရလဒ်ကို ပြသပေးပါတယ်။ နောက်ဆုံးတစ်ခုကတော့ ES6 လို့ခေါ်တဲ့ symbolic type ပါ။2015 ကတည်းက release လုပ်ထားပြီးဖြစ်ပေမယ့် widely support မဖြစ်တာကြောင့်ခုထက်ထိ widely မသုံးရသေးပါဘူး။
Programming တိုင်းမှာလိုလို variable သတ်မှတ်တာ..Array ဆောက်တာ… functionတည်ဆောက်တာ..condition စစ်တာ..looping ပတ်တာ….error handling လုပ်တာ.. စတဲ့အခြေခံကျတဲ့လုပ်ဆောင်ချက်တွေဟာရေးသားပုံသာကွဲမယ် လုပ်ငန်းတူတွေအနေနဲ့ပါဝင်လေ့ရှိပါတယ်။ ဒါကြောင့်language တစ်ခု ကိုသေချာနားလည်ထားပြီးသား ,သဘောပေါက်ထားပြီး သားဆိုရင်နောက်တစ်ခုကို လေ့လာတဲ့အခါအရမ်းကိုပဲလွယ်ကူသွားတတ်ပါတယ်။လေ့လာနေစလူငယ်တွေ အနေနဲ့တော့ဟိုဟာကောင်းနိုးဒီဟာကောင်းနိုးလေ့လာနေမဲ့အစားတစ်ခုခုကိုဇောက်ချလေ့လာသင့်ပါတယ်။ အခု javascript ကိုရှင်းပြတဲ့အခါမှာလည်း/သည်မရွေးတော့ပြောဖြစ်မှာမဟုတ်ဘူး..နားလည်သဘောပေါက်ပြီးကိုယ်တိုင်ရှေ့ဆက်လေ့လာသွားလို့ရအောင်ပဲ အဓိကထားပြောဖြစ်မှာပါ။ဒါကြောင့် တခြားမေးချင်တာရှိရင် ဖွဘုတ်ကနေလာမေးလို့ရပါတယ်။Facebook Search မှာကျွန်တော့်နာမည် ရိုက်ထည့်ရှာလိုက် .... ကိုရီးယားမင်းသားချောအလားထင်မှတ်ရတဲ့ ရူပါ ကိုတွေ့ပြီဆို တာနဲ့ချက်ဘောက်ကလာမေးလို့ ရပါတယ်ဗျာ.:D ပြီးတော့ မနေ့က ရှင်းပြသွားတာလေးတွေလက်တွေ့လိုက်လုပ်ကြည့်တဲ့အခါ မှာ လည်းအဆင်မပြေတာလေးတွေ တွေ့ကောင်းတွေ့ပါလိမ့်ဦးမယ် .. ကျွန်တော့်တုန်းကတော့ BrowserSync ကို terminal ကနေသွင်းတာ ဘယ်လိုမှမရဘူး..ချွေးပါပျံသွားတယ်။ နောက်မှ Network ကြောင့်လားဆိုပြီး ရုံး Wifi ကိုဖြုတ် ပြီးကိုယ့်ဖုန်း Wifi နဲ့ပြန်စမ်းတော့မှရသွားတယ် ရုံး Wifi က Network Admin ကပညာတွေစွန်း ပြထားလေတော့ သွင်းမရဘူးဖြစ်နေတာကိုးအဲ့ဒါကြောင့် သူငယ်ချင်းတို့ စမ်းတဲ့အခါကျရင်လည်း အဆင်မပြေတာရှိကောင်းရှိမယ် .. ဆက်လက် လေ့လာရင်း ကျွန်တော်မမြင်လိုက်တာတွေတောင် ခင်ဗျားတို့က မြင်လာမှာမို့ အားမလျှော့ပါနဲ့လို့ ပြောချင်ပါတယ်

နောက်သင်ခန်းစာမှာ functionတွေအကြောင်းရှင်းပြပါမယ်။
Read more ...

1.Javascript Introduction

Oct 1, 2016
Javascript introduction javascript ကိုမပြောခင်java နဲ့ javascriptဘာမှမဆိုင်ဘူးဆိုတာလေးတစ်ခုသေသေချာချာသိထား စေချင်ပါတယ်။ကျွန်တော်လည်း စလေ့လာခါစက အတူတူလို့ထင်ခဲ့ဖူးလို့ပါ။တကယ့်လက်တွေ့မှာတော့ သူတို့ရဲ့ coding structure တွေဟာလည်းကွဲပြားခြားနားကြပါသေးတယ်။နောက်တစ်ခုက HTML တို့ CSS တို့နားလည်ပြီးမှ Javascript ကိုလေ့လာမယ်ဆို ရင်ပိုပြီးအကျိုးများပါလိမ့်မယ်။ Javascript ဟာ web ကိုတန်ဆာဆင်တဲ့နေရာမှာမရှိမဖြစ်အရေးပါတဲ့ language တစ်ခုဖြစ်ပါတယ်။ထူးခြားတာတစ်ခုက သူ့ code ကို browser ကတိုက်ရိုက်နားလည်တာကြောင့် editor တစ်ခုရှိမယ် Browser လည်းရှိမယ်ဆိုရင် JS စရေးလို့ရပါပြီ ။တစ်ခြားသီးသန့်ထပ်ပြီး install လုပ်ရမယ့် framework သပ်သပ်မလိုပါဘူး စမ်းမယ့်Browser ကိုတော့ Chrome ကိုသုံးဖို့ညွှန်းချင်ပါတယ်။Code editor အတွက်ကိုတော့ sublime text 3 ကိုညွှန်းချင်ပါတယ် sublime မသုံးချင်ဘူး..သုံးနေကျ editor ရှိလို့အဲ့ဒါကိုပဲ သုံးချင်တယ်ဆိုရင်လည်းအဆင် ပြေပါတယ်။ အခု သင်ခန်းစာအတွက် တော့ sublime editor ပဲသုံးမှာမို့ install သွင်းရအောင်။ စက်ကို အင်တာနက်ချိတ်လိုက်ပြီးရင် google.com မှာ ‘download sublime text 3’ လို့ရိုက်ထည့်။ကျလာတဲ့ result ထဲမှအဆင်ပြေတဲ့လင့်တစ်ခုခုကနေ download ဆွဲပြီး Sublime Text 3 ကို စက်မှာ install လုပ်။ခါတိုင်းလုပ်နေကျအတိုင်း Next >Next > Finish ပေါ့ဗျာ :D
လေ့ကျင့်ဖို့အတွက် document အောက်မှာ javascript နာမည်နဲ့ ဖိုဒါတစ်ခုဆောက်ထားလိုက်ပါဦး။ ပြီးရင်တော့ sublime မှာ index.html လို့ရေးပြီး Ctrl+S နှိပ်။ ပြီး စောစောကဆောက်ထားတဲ့ ကိုယ်ပိုင်ဖိုဒါထဲမှာသွား save လိုက်ဗျ.


index.html တစ်ဖိုင်ရပြီ ။ပြီးရင် sublime စာမျက်နှာမှာ html:5 လို့ရေးပြီး keyboard က Ctrl+E ကိုနှိပ်လိုက်မယ်ဆိုရင် html skeleton ဒီလိုလေး ရပါပြီ

တကယ်လို့အဲ့လိုမပေါ်လာဘူးဆိုရင်တော့ sublime ထဲမှာ service packageလေးတစ်ခုလိုနေတာကြောင့်ပါ။ဒါပေမယ့် sublime 3 မှာတော့ default မှာကတည်းကပါပြီးသားဖြစ်ပါတယ်။တကယ်လို့မရခဲ့ဘူးဆိုရင်ဘယ်လိုလုပ်ရမလဲတစ်ခါတည်းရှင်းပြပေးပါဦးမယ်။(လျှာရှည်တယ်မထင်ပါနဲ့ဗျာ)တကယ်က ‘emmit’ ဆိုတဲ့ package လေးမပါဝင်သေးတာကြောင့် ဒီ service ကိုသုံးလို့ မရသေးပဲဖြစ်နေတာပါ ဒါကြောင့် emmit ထည့်ပေးလိုက်မယ်ဆို html shortcutလေး တွေပြန်ရသွားမှာပါ။ကဲ emmit ထည့်နည်းပြောပြမယ် စက်ကိုအင်တာနက်ချိတ်ထားပြီးရင် sublime မှာ Ctrl (Mac မှာဆို command) +Shift+Pပြီးရင် ပေါ်လာတဲ့ box မှာ install လို့ရိုက် enter ခေါက်ပြီးရင် emmit လို့ထပ်ရိုက် enterထပ်ခေါက်။ရပြီ .. သူ့ဖာသာသွင်းသွားပေးလိမ့်မယ် ။ပြီးရင် sublime ကို restart ချလိုက်ရင် စောနက မရတဲ့ shortcut သုံးလို့ရပြီ။ emmit ရဲ့ အသုံးဝင်များပြားလှတဲ့ shortcut တွေကို ဒီမှာသွားကြည့်လို့ရပါတယ်။http://docs.emmet.io/cheat-sheet/ Mac user တွေအနေနဲ့http://docs.sublimetext.info/en/latest/reference/keyboard_shortcuts_osx.html ဒီလင့်မှာ sublime ရဲ့ အသုံးဝင်shortcut တွေကို လည်း တစ်ချက်တော့သွားရောက် လေ့လာထားသင့်ပါတယ်။ဒီနည်းနဲ့ emmit သာမက တခြား service package တွေလည်းလိုရင်လိုသလို ဖြည့်သွင်းအသုံးပြုနိုင်ပါတယ်။ Javascript ရဲ့ အလုပ်လုပ်ပုံကိုရှင်းရှင်းလင်းလင်းသိမြင် နိုင်ဖို့ ကျွန်တော်တို့ browser sync လေး ထည့်ထားပေးရင်ပိုအဆင်ကောင်းပါတယ် ။မထည့်လည်း ရပါတယ် ဒါပေမယ့် ယနေ့ခေတ် နည်းပညာလေးတွေသိထားရအောင်တော့ ပြောပြထားချင်တယ်ဗျာ။ဒီတော့ ကျွန်တော်တို့ node.js လေးစက်မှာ ထည့်ထားလိုက်ရအောင်။ထုံးစံအတိုင်း အင်တာနက်ချိတ်ပြီး download node.js ဆိုပြီးရိုက်ရှာလိုက် ။ပြီးရင်ဒေါင်း install လုပ်

ကိုယ်က Mac ဆို Mac အတွက်ကိုဒေါင်းပေါ့ဗျာ ။ပြီးရင် terminal (or )cmd ကိုဖွင့်ပြီးတော့ node --version လို့ရိုက်ထည့် enterခေါက် version ကိုဖော်ပြပေးနေလိမ့်မယ်။ပြီးရင် npm --version လို့ရိုက်ထည့် enter ခေါက် node package manager version ကိုပြနေတယ်ဆိုရင် install successful အောင်မြင်ပါပြီ။ဆက်ပြီးရှင်းပြချင်တာက node.js နဲ့တွဲသုံးရမယ့် browser sync လေးအကြောင်း။ google မှာရှာရင် လည်းရတယ် But ဒီလိပ်စာ www.browsersync.io မှန်ဖို့တော့လိုမယ်။

သူ့ install code (npm install -g browser-sync)ကို ကော်ပီကူးပြီးရင် terminal(or) cmd မှာ pasate လုပ် enter ခေါက် ။စာသားတွေတသီတတန်းကြီးကျလာပြီးရင် install အဆင်ပြေသွားပါလိမ့်မယ်။ ရမရသေချာအောင် terminal(or)cmd မှာ စောစောကပုံစံအတိုင်း browser-sync --version လို့ရိုက်ထည့် enter ခေါက် version နံပါတ်ပြနေရင် complete ဖြစ်ပါပြီ။


browser sync ကိုဘယ်လိုချိတ်ဆက်အသုံးပြုရမလဲဆိုရင် ပထမဆုံးကိုယ့်ရဲ့ html file ရှိတဲ့ folder ကို terminal (or) cmd ကနေသွားရမယ် ။လက်ရှိနေရာကိုကြည့်ချင်ရင် dir(for windows) ls(for mac) လို့ရိုက်ထည့်လိုက် ။ကိုယ်သိမ်းထားတဲ့နေရာကိုသွားချင်ရင်တော့ cd command နဲ့သွားလို့ရတယ်။ ပုံမှာကြည့်ကြည့် . folder နေရာရောက်ပြီဆို browser-sync start --server --directory --files “ */ဆိုတဲ့ code လေးနဲ့ on ပေးရတယ်။အပေါ်ကပြထားတဲ့ကုတ်က လက်ရှိအဆင်အပြေဆုံးပုံစံပါ။သူ့ website မှာတော့ start code က static site,dynamic site အတွက် sync code သပ်သပ် စီခွဲထားပါသေးတယ်။ https://browsersync.io/#install လင့်မှာတစ်ချက် ရှိုးကြည့်ဗျ။ ကဲခုဆို ကိုယ် index.html ထဲရေးလိုက်သမျှ code ဟာ စက္ကန့်မခြားပဲ ဖွင့်ထားတဲ့ chrome browserကဖွင့်ထားတဲ့ webpage ပေါ်မှာ up to date ပေါ်နေစေမှာဖြစ်ပါတယ်။ဒါကြောင့် အချိန်ကုန်အများကြီးသက်သာသွားစေပါတယ်။ဘယ်ဘက်မှာ code ရေး ညာဘက်ကမှာ google chrome ရဲ့ code view( chrome R-click>inspect>console) ကိုဖွင့်ထားမယ်ဆိုရင် ဘယ်ဘက်မှာရေးသမျှ code ကို ညာဘက်မှာ အချိန်မဆိုင်းပဲ အလုပ်လုပ်ပေးနေတာတွေ့နေပါလိမ့်မယ်။ သိပ်အဆင်မပြေလို့ဒီအတိုင်း ခပ်ရှင်းရှင်း တစ်ဆင့်ချင်း code ရေးလိုက်ပြန်ကြည့်လိုက်လုပ်မယ်ဆို ရင်လည်းရပါတယ်။ ခုထိတော့ code တကြောင်းမှစမရေးရသေးပါဘူး။နောက်သင်ခန်းစာကျမှ code စရေးရအောင်
Read more ...