ကဗျာ/ရသ/နည်းပညာ

3.JS Functions

Oct 1, 2016
(3)


JS မှာ function တွေကို name ရော nameless ရောလက်ခံပါတယ်။ function execute လုပ်တဲ့အခါ function name နဲ့ပြန်ခေါ်ရပါတယ်။nameless အတွက်တော့ var တစ်ခုထဲသွားထည့်ပေးမှ ရှေ့ဆက်နိုင်မှာပါ။



function a(){ }



function name aဖြစ်ပါတယ်.

a(); 

ဒါက executive function ပါ. ဒါကမှရလဒ်ပါ။


var a= function (){….}


function name တောင်မပါပါဘူး.a ဟာ value of function assigned ဖြစ်ပြီး return result (ရလဒ်)မဟုတ်ပါ။





ဒီနေရာမှာတစ်ခုထပ်ရှင်းပြချင်တာက လိုအပ်ချက်အရ function scope ထဲမှာ variable ထပ်ကြေငြာရတယ်ဆိုရင်သူ့ကို local variable လို့ခေါ်ပါတယ်။သူ့ကို function အပြင်ဘက်မှာသုံးလို့မရပါဘူး။ function ရဲ့အပြင်ဘက်မှာ ကြေငြာထားတဲ့ variableကိုတော့ global variable လို့ခေါ်ပါတယ်.သူ့ကို function ထဲ ကနေလည်းလှမ်းခေါ်နိုင်ပါတယ်။


var message= “in global”;
var a =function (){
var message= “in local”;
console.log(message);
b();


function b(){
console.log(message);
};

result ဘာထွက်မယ်ထင်လဲ၊?

in local တစ်ကြောင်း, in global တစ်ကြောင်းထွက်လာပါမယ်။ function b ကို a ကနေလှမ်းခေါ်ထားပေမယ့် b ထဲကိုရောက်နေမယ့် message တန်ဖိုးဟာ “in global”ပဲဖြစ်နေမှာမို့ပါ။

ဥပမာလေးတွေလေ့လာကြည့်ရအောင်။


// ***** String concatination

var string = "Hello";

// string += " World";

string = string + " World";

console.log(string + "!");


+= ဆိုတာမူလတန်ဖိုးမှာပဲ ထပ်ပေါင်းထည့်သွင်းမယ်လို့ပြောတာပါ။ဒါကြောင့် string + world နဲ့တူတူပါပဲ။ Js မှာစာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်း ဆက်ဖို့ + ကိုသုံးပါတယ်။



// ***** Regular math operators: +, -, *, /

console.log((5 + 4) / 3);

console.log(undefined / 5);

function test1 (a) {

console.log( a / 5);

}

test1();


test1 ကို execute လုပ်တဲ့အခါ ဘာရမလဲ ? အခု parameter ပါတဲ့ function လေးတွေကြည့်ကြည့်ရအောင် ။ parameter ကို argument လို့လည်းခေါ်ပါတယ်။


function multiply(x, y) {

return x * y;

}

multiply.version = "v.1.0.0";

console.log(multiply.version);

var ans = multiply (4,5);



compare က function name, xနဲ့y က argument, argument မှာ var ကြေငြာစရာမလိုပါ။argument တွေကိုတော့ return ပြန်ပြဖို့ခေါ်တဲ့အခါ ထည့်သွင်းပေးရပါတယ်။ return ဆိုတာက keyword ပါ.အဖြေထုတ်ပြဖို့သုံးပါတယ်။ အခုဥပမာလေးကိုကြည့်ကြည့်မယ်ဆိုရင် - answer မှာ ဘာ result ထွက်မလဲ? multiply. version ကိုပြခိုင်းတဲ့အခါ ဘာ result ရမလဲ? နောက်ထပ်- multiply(4,” a”); ဆိုရင် ဘာ resultရမလဲ၊? argument ထည့်ရမယ့် function ဖြစ်ပေမယ့် multiply() လို့ပဲရေးပြီး execute လုပ်ခိုင်းမယ်ဆိုဘာ result ရမလဲ?

ဒီဥပမာလေးတွေကိုလည်းဆက်လေ့လာပေးပါဦး….


// Function factory

function makeMultiplier(multiplier) {

var myFunc = function (x) {

return multiplier * x;

};

return myFunc;

}

var multiplyBy3 = makeMultiplier(3);

console.log(multiplyBy3(10));

var doubleAll = makeMultiplier(2);

console.log(doubleAll(100));

// Passing functions as arguments

function doOperationOn(x, operation) {

return operation(x);

}

var result = doOperationOn(5, multiplyBy3);

console.log(result);

result = doOperationOn(100, doubleAll);

console.log(result);



ဆက်ပြီးတော့ လေ့လာနေတဲ့သူငယ်ချင်းတို့အတွက် မှတ်ထားသင့်တဲ့အရမ်းအသုံးဝင်တဲ့ဆိုက်တစ်ချို့ပြော ပြပေးချင်ပါသေးတယ်။အောက်ကဆိုက်လေးတွေကိုမှတ်ထားပါ။

https://jsfiddle.net/

CSS ရော JS ရောအတွက် ကိုယ်ရေးမယ့် Code တွေကို text editor တစ်ခုလို သွား စမ်းကြည့်လို့ရပါတယ်။

http://codepen.io/

CSS ရော JS ရော ရေးပြီးသား Design တွေကိုအခမဲ့ယူလို့ရပါတယ် ။စမ်းလို့ရပါတယ်။သွားစမ်းကြည့်ပါ။

http://stackoverflow.com/

ဒီဆိုက်ကအိုင်တီသမားတွေလက်စွဲဆိုက်တစ်ခုပါ.မသိတာမှန်သမျှမေးလို့ရပါတယ်။

ရှေ့သင်ခန်းစာမှာတော့ Javascript ရဲ့ language construct အကြောင်းရှင်းပြပါမယ်။

Read more ...

2.Javascript Data Types

Oct 1, 2016
(2)


Javascript ကို HTML ထဲမှာပဲ <script></script> tag ထဲမှာပေါင်းပြီးရေးလို့ရသလို သီးသန့် ဖိုဒါတစ်ခုဆောက် script.js ဖိုင်တစ်ခုသပ်မှတ်ပြီးသပ်သပ်စီလည်းရေးလို့ရပါတယ်။ သပ်သပ်ရေးတဲ့အခါ HTML ဖိုင်ထဲမှာ JS ဖိုင်နေရာကို source “src” ဆိုတဲ့ keyword နဲ့ညွှန်းပေးရပါတယ်။






<script src="/js/script.js"></script>



script tag ကို HTML head tag ထဲမှာသွားရေးရေး .body tag အဆုံးနားမှာသွားရေးရေး အဆင်ပြေပါတယ်။But, body အပိတ် tag မတိုင်မီအဆုံးနားမှာနေရာချတာက အကောင်းဆုံးရေးသားနည်းဖြစ်ပါတယ်။
Javascript ဟာ dynamically typed language ဖြစ်ပါတယ်.variable တွေဟာကွဲပြားတဲ့ data type ကို execute မလုပ်မချင်းလက်ခံထားနိုင်ပါတယ်.






var a= ‘a’;  //var လို့ရေးရင်ရပါပြီ

var b= 30;



‘a’ (or)”a” လို့ရေးလိုက်တာနဲ့ String data type ဖြစ်ကြောင်း Js ကသိပါတယ်။30 လို့ရေးလိုက်တာနဲ့ ဒါဟာ Number data type ဖြစ်ကြောင်း js ကသိပါတယ်။ ကော်မန့်တွေရေးချင်ရင် // နောက်မှာရေးနိုင်ပါတယ်။ကော်မန့်တွေက ကိုယ့်ဖာသာပြန်ကြည့်ရင်ဖြစ်ဖြစ် ကိုယ့်ကုတ်ကိုသူများယူကြည့်ရင်ဖြစ်ဖြစ် နားလည်လွယ်စေတာမို့ရေးဖြစ်အောင်အလေ့အကျင့်လုပ်ထားစေချင်ပါတယ်။ Javascript မှာ data type နှစ်မျိုးပဲရှိပါတယ် Primitive နဲ့ Object ပါ။ Primitive မှာ string(စာသားတွေ),number(64bitတွက်ချက်မှုကိုပဲအခြေခံထားတဲ့ နံပါတ်တွေ),Boolean(မှန်/မှား ဆုံးဖြတ်ချက်တွေ) ပါဝင်ပြီး Object မှာ name:value (အမည် တန်ဖိုး )အတွဲလိုက်data တွေပါဝင်ပါတယ်။






firstname:"AungAung",

lastname:"MinMaung",

social:{

facebook:"BlahBlah",

twitter:"Someone"

}



AungAung ဟာ stringဖြစ်လို့ “” လိုပါတယ်။name ဖြစ်တဲ့ firstnameမှာတော့ မလိုပါ။ပြီးတော့ ‘=’ အစား ‘ : ’ သုံးရပါတယ်။social ဆိုတဲ့ name မှာ value ဟာတစ်ခုမကတာကြောင့် { } ထဲထည့်ပေးလိုက်ရပါတယ်။ Js မှာမှထူးခြားစွာပါဝင်တဲ့ data type တစ်ခုကတော့ undefined ပါ။variable တစ်ခုမှာ ဘာတန်ဖိုးမှ မပါဝင်ရင် undefined ကို js က အလိုလို ထည့်ပေးပါတယ်။ variable တစ်ခုကို undefined အဖြစ်ကြေငြာလို့ရပေမယ့် ဘယ်တော့မှမလုပ်ပါနဲ့။ undefined type ဟာကြေငြာဖို့ရည်ရွယ်ဖန်တီးထားတာမဟုတ်လို့ပါ။ တကယ်လို့ကြေငြာချင်တယ်ဆိုရင် null အဖြစ်ကြေငြာလို့ရပါတယ်။ နောက်တစ်ခုက NaN ပါ Not a Number ဖြစ်ပါတယ်။



var c=a/b ;

console.log(c); 



လို့ရေးပြီး resulet ကြည့်လိုက်ရင် NaN error ပြပါလိမ့်မယ်။ a ဟာ number မဟုတ်လို့ 30 နဲ့စားလို့မရပါဘူး။ဒါကြောင့် c ထဲကို Js က not a number (NaN) ကိုထည့်ပေးလိုက်ပါတယ်။colsole.log ကတော့ ဒီရလဒ်ကို ပြသပေးပါတယ်။ နောက်ဆုံးတစ်ခုကတော့ ES6 လို့ခေါ်တဲ့ symbolic type ပါ။2015 ကတည်းက release လုပ်ထားပြီးဖြစ်ပေမယ့် widely support မဖြစ်တာကြောင့်ခုထက်ထိ widely မသုံးရသေးပါဘူး။
Programming တိုင်းမှာလိုလို variable သတ်မှတ်တာ..Array ဆောက်တာ… functionတည်ဆောက်တာ..condition စစ်တာ..looping ပတ်တာ….error handling လုပ်တာ.. စတဲ့အခြေခံကျတဲ့လုပ်ဆောင်ချက်တွေဟာရေးသားပုံသာကွဲမယ် လုပ်ငန်းတူတွေအနေနဲ့ပါဝင်လေ့ရှိပါတယ်။ ဒါကြောင့်language တစ်ခု ကိုသေချာနားလည်ထားပြီးသား ,သဘောပေါက်ထားပြီး သားဆိုရင်နောက်တစ်ခုကို လေ့လာတဲ့အခါအရမ်းကိုပဲလွယ်ကူသွားတတ်ပါတယ်။လေ့လာနေစလူငယ်တွေ အနေနဲ့တော့ဟိုဟာကောင်းနိုးဒီဟာကောင်းနိုးလေ့လာနေမဲ့အစားတစ်ခုခုကိုဇောက်ချလေ့လာသင့်ပါတယ်။ အခု javascript ကိုရှင်းပြတဲ့အခါမှာလည်း/သည်မရွေးတော့ပြောဖြစ်မှာမဟုတ်ဘူး..နားလည်သဘောပေါက်ပြီးကိုယ်တိုင်ရှေ့ဆက်လေ့လာသွားလို့ရအောင်ပဲ အဓိကထားပြောဖြစ်မှာပါ။ဒါကြောင့် တခြားမေးချင်တာရှိရင် ဖွဘုတ်ကနေလာမေးလို့ရပါတယ်။Facebook Search မှာကျွန်တော့်နာမည် ရိုက်ထည့်ရှာလိုက် .... ကိုရီးယားမင်းသားချောအလားထင်မှတ်ရတဲ့ ရူပါ ကိုတွေ့ပြီဆို တာနဲ့ချက်ဘောက်ကလာမေးလို့ ရပါတယ်ဗျာ.:D ပြီးတော့ မနေ့က ရှင်းပြသွားတာလေးတွေလက်တွေ့လိုက်လုပ်ကြည့်တဲ့အခါ မှာ လည်းအဆင်မပြေတာလေးတွေ တွေ့ကောင်းတွေ့ပါလိမ့်ဦးမယ် .. ကျွန်တော့်တုန်းကတော့ BrowserSync ကို terminal ကနေသွင်းတာ ဘယ်လိုမှမရဘူး..ချွေးပါပျံသွားတယ်။ နောက်မှ Network ကြောင့်လားဆိုပြီး ရုံး Wifi ကိုဖြုတ် ပြီးကိုယ့်ဖုန်း Wifi နဲ့ပြန်စမ်းတော့မှရသွားတယ် ရုံး Wifi က Network Admin ကပညာတွေစွန်း ပြထားလေတော့ သွင်းမရဘူးဖြစ်နေတာကိုးအဲ့ဒါကြောင့် သူငယ်ချင်းတို့ စမ်းတဲ့အခါကျရင်လည်း အဆင်မပြေတာရှိကောင်းရှိမယ် .. ဆက်လက် လေ့လာရင်း ကျွန်တော်မမြင်လိုက်တာတွေတောင် ခင်ဗျားတို့က မြင်လာမှာမို့ အားမလျှော့ပါနဲ့လို့ ပြောချင်ပါတယ်

နောက်သင်ခန်းစာမှာ functionတွေအကြောင်းရှင်းပြပါမယ်။
Read more ...

1.Javascript Introduction

Oct 1, 2016
Javascript introduction javascript ကိုမပြောခင်java နဲ့ javascriptဘာမှမဆိုင်ဘူးဆိုတာလေးတစ်ခုသေသေချာချာသိထား စေချင်ပါတယ်။ကျွန်တော်လည်း စလေ့လာခါစက အတူတူလို့ထင်ခဲ့ဖူးလို့ပါ။တကယ့်လက်တွေ့မှာတော့ သူတို့ရဲ့ coding structure တွေဟာလည်းကွဲပြားခြားနားကြပါသေးတယ်။နောက်တစ်ခုက HTML တို့ CSS တို့နားလည်ပြီးမှ Javascript ကိုလေ့လာမယ်ဆို ရင်ပိုပြီးအကျိုးများပါလိမ့်မယ်။ Javascript ဟာ web ကိုတန်ဆာဆင်တဲ့နေရာမှာမရှိမဖြစ်အရေးပါတဲ့ language တစ်ခုဖြစ်ပါတယ်။ထူးခြားတာတစ်ခုက သူ့ code ကို browser ကတိုက်ရိုက်နားလည်တာကြောင့် editor တစ်ခုရှိမယ် Browser လည်းရှိမယ်ဆိုရင် JS စရေးလို့ရပါပြီ ။တစ်ခြားသီးသန့်ထပ်ပြီး install လုပ်ရမယ့် framework သပ်သပ်မလိုပါဘူး စမ်းမယ့်Browser ကိုတော့ Chrome ကိုသုံးဖို့ညွှန်းချင်ပါတယ်။Code editor အတွက်ကိုတော့ sublime text 3 ကိုညွှန်းချင်ပါတယ် sublime မသုံးချင်ဘူး..သုံးနေကျ editor ရှိလို့အဲ့ဒါကိုပဲ သုံးချင်တယ်ဆိုရင်လည်းအဆင် ပြေပါတယ်။ အခု သင်ခန်းစာအတွက် တော့ sublime editor ပဲသုံးမှာမို့ install သွင်းရအောင်။ စက်ကို အင်တာနက်ချိတ်လိုက်ပြီးရင် google.com မှာ ‘download sublime text 3’ လို့ရိုက်ထည့်။ကျလာတဲ့ result ထဲမှအဆင်ပြေတဲ့လင့်တစ်ခုခုကနေ download ဆွဲပြီး Sublime Text 3 ကို စက်မှာ install လုပ်။ခါတိုင်းလုပ်နေကျအတိုင်း Next >Next > Finish ပေါ့ဗျာ :D
လေ့ကျင့်ဖို့အတွက် document အောက်မှာ javascript နာမည်နဲ့ ဖိုဒါတစ်ခုဆောက်ထားလိုက်ပါဦး။ ပြီးရင်တော့ sublime မှာ index.html လို့ရေးပြီး Ctrl+S နှိပ်။ ပြီး စောစောကဆောက်ထားတဲ့ ကိုယ်ပိုင်ဖိုဒါထဲမှာသွား save လိုက်ဗျ.


index.html တစ်ဖိုင်ရပြီ ။ပြီးရင် sublime စာမျက်နှာမှာ html:5 လို့ရေးပြီး keyboard က Ctrl+E ကိုနှိပ်လိုက်မယ်ဆိုရင် html skeleton ဒီလိုလေး ရပါပြီ

တကယ်လို့အဲ့လိုမပေါ်လာဘူးဆိုရင်တော့ sublime ထဲမှာ service packageလေးတစ်ခုလိုနေတာကြောင့်ပါ။ဒါပေမယ့် sublime 3 မှာတော့ default မှာကတည်းကပါပြီးသားဖြစ်ပါတယ်။တကယ်လို့မရခဲ့ဘူးဆိုရင်ဘယ်လိုလုပ်ရမလဲတစ်ခါတည်းရှင်းပြပေးပါဦးမယ်။(လျှာရှည်တယ်မထင်ပါနဲ့ဗျာ)တကယ်က ‘emmit’ ဆိုတဲ့ package လေးမပါဝင်သေးတာကြောင့် ဒီ service ကိုသုံးလို့ မရသေးပဲဖြစ်နေတာပါ ဒါကြောင့် emmit ထည့်ပေးလိုက်မယ်ဆို html shortcutလေး တွေပြန်ရသွားမှာပါ။ကဲ emmit ထည့်နည်းပြောပြမယ် စက်ကိုအင်တာနက်ချိတ်ထားပြီးရင် sublime မှာ Ctrl (Mac မှာဆို command) +Shift+Pပြီးရင် ပေါ်လာတဲ့ box မှာ install လို့ရိုက် enter ခေါက်ပြီးရင် emmit လို့ထပ်ရိုက် enterထပ်ခေါက်။ရပြီ .. သူ့ဖာသာသွင်းသွားပေးလိမ့်မယ် ။ပြီးရင် sublime ကို restart ချလိုက်ရင် စောနက မရတဲ့ shortcut သုံးလို့ရပြီ။ emmit ရဲ့ အသုံးဝင်များပြားလှတဲ့ shortcut တွေကို ဒီမှာသွားကြည့်လို့ရပါတယ်။http://docs.emmet.io/cheat-sheet/ Mac user တွေအနေနဲ့http://docs.sublimetext.info/en/latest/reference/keyboard_shortcuts_osx.html ဒီလင့်မှာ sublime ရဲ့ အသုံးဝင်shortcut တွေကို လည်း တစ်ချက်တော့သွားရောက် လေ့လာထားသင့်ပါတယ်။ဒီနည်းနဲ့ emmit သာမက တခြား service package တွေလည်းလိုရင်လိုသလို ဖြည့်သွင်းအသုံးပြုနိုင်ပါတယ်။ Javascript ရဲ့ အလုပ်လုပ်ပုံကိုရှင်းရှင်းလင်းလင်းသိမြင် နိုင်ဖို့ ကျွန်တော်တို့ browser sync လေး ထည့်ထားပေးရင်ပိုအဆင်ကောင်းပါတယ် ။မထည့်လည်း ရပါတယ် ဒါပေမယ့် ယနေ့ခေတ် နည်းပညာလေးတွေသိထားရအောင်တော့ ပြောပြထားချင်တယ်ဗျာ။ဒီတော့ ကျွန်တော်တို့ node.js လေးစက်မှာ ထည့်ထားလိုက်ရအောင်။ထုံးစံအတိုင်း အင်တာနက်ချိတ်ပြီး download node.js ဆိုပြီးရိုက်ရှာလိုက် ။ပြီးရင်ဒေါင်း install လုပ်

ကိုယ်က Mac ဆို Mac အတွက်ကိုဒေါင်းပေါ့ဗျာ ။ပြီးရင် terminal (or )cmd ကိုဖွင့်ပြီးတော့ node --version လို့ရိုက်ထည့် enterခေါက် version ကိုဖော်ပြပေးနေလိမ့်မယ်။ပြီးရင် npm --version လို့ရိုက်ထည့် enter ခေါက် node package manager version ကိုပြနေတယ်ဆိုရင် install successful အောင်မြင်ပါပြီ။ဆက်ပြီးရှင်းပြချင်တာက node.js နဲ့တွဲသုံးရမယ့် browser sync လေးအကြောင်း။ google မှာရှာရင် လည်းရတယ် But ဒီလိပ်စာ www.browsersync.io မှန်ဖို့တော့လိုမယ်။

သူ့ install code (npm install -g browser-sync)ကို ကော်ပီကူးပြီးရင် terminal(or) cmd မှာ pasate လုပ် enter ခေါက် ။စာသားတွေတသီတတန်းကြီးကျလာပြီးရင် install အဆင်ပြေသွားပါလိမ့်မယ်။ ရမရသေချာအောင် terminal(or)cmd မှာ စောစောကပုံစံအတိုင်း browser-sync --version လို့ရိုက်ထည့် enter ခေါက် version နံပါတ်ပြနေရင် complete ဖြစ်ပါပြီ။


browser sync ကိုဘယ်လိုချိတ်ဆက်အသုံးပြုရမလဲဆိုရင် ပထမဆုံးကိုယ့်ရဲ့ html file ရှိတဲ့ folder ကို terminal (or) cmd ကနေသွားရမယ် ။လက်ရှိနေရာကိုကြည့်ချင်ရင် dir(for windows) ls(for mac) လို့ရိုက်ထည့်လိုက် ။ကိုယ်သိမ်းထားတဲ့နေရာကိုသွားချင်ရင်တော့ cd command နဲ့သွားလို့ရတယ်။ ပုံမှာကြည့်ကြည့် . folder နေရာရောက်ပြီဆို browser-sync start --server --directory --files “ */ဆိုတဲ့ code လေးနဲ့ on ပေးရတယ်။အပေါ်ကပြထားတဲ့ကုတ်က လက်ရှိအဆင်အပြေဆုံးပုံစံပါ။သူ့ website မှာတော့ start code က static site,dynamic site အတွက် sync code သပ်သပ် စီခွဲထားပါသေးတယ်။ https://browsersync.io/#install လင့်မှာတစ်ချက် ရှိုးကြည့်ဗျ။ ကဲခုဆို ကိုယ် index.html ထဲရေးလိုက်သမျှ code ဟာ စက္ကန့်မခြားပဲ ဖွင့်ထားတဲ့ chrome browserကဖွင့်ထားတဲ့ webpage ပေါ်မှာ up to date ပေါ်နေစေမှာဖြစ်ပါတယ်။ဒါကြောင့် အချိန်ကုန်အများကြီးသက်သာသွားစေပါတယ်။ဘယ်ဘက်မှာ code ရေး ညာဘက်ကမှာ google chrome ရဲ့ code view( chrome R-click>inspect>console) ကိုဖွင့်ထားမယ်ဆိုရင် ဘယ်ဘက်မှာရေးသမျှ code ကို ညာဘက်မှာ အချိန်မဆိုင်းပဲ အလုပ်လုပ်ပေးနေတာတွေ့နေပါလိမ့်မယ်။ သိပ်အဆင်မပြေလို့ဒီအတိုင်း ခပ်ရှင်းရှင်း တစ်ဆင့်ချင်း code ရေးလိုက်ပြန်ကြည့်လိုက်လုပ်မယ်ဆို ရင်လည်းရပါတယ်။ ခုထိတော့ code တကြောင်းမှစမရေးရသေးပါဘူး။နောက်သင်ခန်းစာကျမှ code စရေးရအောင်
Read more ...

Introduction Angular JS

Feb 20, 2016
Angular Js , 
ဒါလေးတွေ အရင်မှတ်ထားလိုက် 
ng-app ,ng-bind, ng-model
ဒါဆိုစလို့ရပြီ .. angularjs.org ကနေ သူ့ရဲ့ stable ဖြစ်တဲ့ js file ကို ဒေါင်းထားလိုက်မယ် .
xampp ဖြစ်ဖြစ် wamp ဖြစ်ဖြစ် local server တခုခုလည်း ကိုယ့်စက်ထဲသွင်းထားပြီးသားလို့ယူဆရအောင် ။ 
ဘာကြောင့်server လိုတာလဲဆိုတော့ သူအလုပ်လုပ်ပုံက brower request လှမ်းလုပ်တဲ့အချိန်မှာ server ကနေ 
browser cache ထဲမှာ နေနေပြီး  လိုအပ်တဲ့အပိုင်းလောက်ပဲ server ကိုလှမ်း လှမ်းပြီးအလုပ်လုပ်
ပေးတာမို့လို့ပါ ။ရနိုင်တဲ့ အကျိုးကျေးဇူးကတော့ အရမ်းမြန်သွားတာပေါ့..
တခြားလုပ်နိုင်တာတွေရှိပါသေးတယ် .စမ်းကြည့်ယုံအတွက် မှာ server မပါပဲလည်းရပါတယ် ။
html တစ်ဖိုင်ဆောက်လိုက် , angular Js နဲ့ လင့်ဖမ်းချိတ်လိုက် ရင် angular Js ရဲ့ directive တွေယူသုံးလို့ရနေပါပြီ။
 ပုံစံလေးပြမယ်။အောက်မှာကြည့်ကြည့် ..
<!DOCTYPE html>
<html lang="en-US">
<script src=“js/angular.min.js”></script> // ဒါဆို angularJs နဲ့ချိတ်လိုက်ပြီ
<body>

<div ng-app=“”>//ခုနက မှတ်ထားခိုင်းတာလေးလာပြီ။ angularJs အလုပ်လုပ်မယ့်နေရာကိုသတ်မှတ်ပေးလိုက်တာပါ။
အမြဲတမ်း ဒီကနေပဲစရပါတယ် ။ညီမျှခြင်း ဒီဘက် “”အလွတ်ထားထားတာက လောလောဆယ် ဒီ div tag အတွက်သီးသန့် app မရှိဘူး လို့ပြောချင်တာပါ။
  <p>Name : <input type="text" ng-model="name"></p>//ng-model ထဲသတ်မှတ်ထားတဲ့အရာကိုပြန်ခေါ်သုံးလို့ရပါတယ်။
  <h1>Hello {{name}}</h1><br/>//ဒီမှာပြန်ခေါ်သုံးလိုက်ပါပြီ ။{{}} အထဲမှာရေးဖို့ angular Js ကသတ်မှတ်ထားပါတယ်.
<h1>Hello <em ng-bind=“name”></em></h1> // {{}}နဲ့မရေးချင်ရင်တော့ ng-bind ကိုခေါ်သုံးနိုင်ပါတယ် ။
</div>

</body>
</html>

browser မှာစမ်းကြည့် .. ရပြီ ။
na-app ထည့်ထားတဲ့ tag က နေစပြီး angularJs အလုပ်လုပ်ပါတယ်။သူ့အတွက် app တစ်ခုဖန်တီးမယ်ဆိုရင် တော့module ရေးရပါတယ်။ 
အဲ့ဒီ module ထဲမှာ controller တစ်ခုတော့အနည်းဆုံးရှိရတယ်။ အဲ့ဒါကို စောစော က ng-model ကနေပြန်ခေါ်ပြီး HTML မှာresult ပြန်ပြလို့ရပါတယ်။
module , controller တစ်ခုစီသပ်သပ်စီရေးတာဖြစ်လို့ ဒီလိုပုံစံကပိုပြီး ပြင်ဆင်တည်းဖြတ် ချဲ့ထွင် လုပ်ကိုင်ရတာမှာလွယ်ကူစေပါတယ်။
ကဲပုံစံသစ်လေးစရအောင် .. ဒါလေးတွေထပ်မှတ်ထားလိုက် ပါဦး။
<div ng-app="myApp" ng-controller=“myCtrl”>…</div>
<p>blah blah </p>
<script>
var app = angular.module("myApp", []); 
app.controller(“myCtrl”,function(){
………………
});
</script>
အခု ng-app ထဲမှာသုံးမယ့် app ရှိနေပါပြီ .. controller မှာတော့ ကိုယ်အလုပ်လုပ်စေချင်တဲ့ အရာအတွက် function  ရေးရပါတယ် ။ 
function မှာ javascript ပုံစံ အတိုင်း function name မပါပဲ function (){…….} ဆိုပြီးရေးနိုင်ပါတယ် ။angular Jsရဲ့ ပုံစံဖြစ်တဲ့ module 
နဲ့ controller မှာတော့ na-app , ng-controller တို့ကနေပြန်ခေါ်ဖို့အတွက် name တွေလိုအပ်ပါတယ် ။ကွင်းထဲမှာရေးရတာ(“myApp”,[])
က angular ရဲ့ပုံစံပါ ။စောစောက ရေးထားတာလေးကိုပဲ Model ,View ,Controller (MVC) ပုံစံပြန်ရေးကြည့်မယ် .
ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် myApp အတွက် js တစ်ဖိုင်သပ်သပ်ရေးပြီး လာထည့်ပေးလိုက်ပါတယ် ။
(HTML ဖိုင်မှာ )
<!DOCTYPE html>
<html>
<head>
<meta charset="UTF-8">
<title>Angular Intro</title>
</head>
<body>
<div ng-app="myApp" ng-controller="myCtrl"> // module myApp ထဲက controller myCtrl အနေနဲ့ ရေးထားတဲ့ functionကိုလှမ်းခေါ်တာပါ။
<label>First Name :</label><input type="text" ng-model="firstName" ><br/>
<label>Last Name:</label><input type="text" ng-model="lastName">
<br/>
<p>Hello ! {{firstName + " " + lastName}}</p><br/>
</div>
<script src="js/angular.min.js"></script>
<script src="js/myapp.js"></script>
</body>
</html>
javascript ဖိုင်ကို ချိတ်ရာမှာ CSS လိုမျိုး <head> ထဲမှာပဲချိတ်ရမယ်လို့မဆိုလိုပါဘူး ။ အခုလိုမျိုး </body> အပိတ်နားမှာ ချိတ်လည်း
ရပါတယ်။ပုံမှန်အားဖြင့် Browser က HTML ကို run ပြီးမှ Javascript ကို
run တာဖြစ်လို့ သူ့ကိုနောက်ဆုံးနားမှ လာရေးတာကပိုပြီး သဘာဝကျပါတယ်။
(myApp.js ဖိုင်မှာ )

var app=angular.module("myApp”,[]); // module တစ်ခုကိုရေးနည်းအတိုင်းဆောက်ပြီး app နာမည်နဲ့ထားလိုက်ပါတယ် ။
app.controller ("myCtrl",function ($scope){ // အဲ့ module class ထဲကနေ controller တစ်ခုကိုဆွဲယူတည် ဆောက်ပြီး function တစ်ခုထည့်သွင်းပေးလိုက်ပါတယ် ။
$scope.firstName ="Aung";
$scope.lastName ="Maung";
});
browser မှာ run ကြည့်ပါဦး။ နောက်ထပ် ng-init ,ng-hide ,ng-show တို့ရဲ့ စိတ်ဝင်စားဖွယ် အသုံးဝင်ပုံတွေလေးတွေပြောစရာရှိပါသေးတယ်။
ပညာရပ် တစ်ခုလေ့လာမယ်ဆိုရင် ‘အစ’ လေးကအရမ်းအရေးကြီးပါတယ်။ အစလေးသေချာနားလည်ရင် ထပ်ပြီးဆွဲထုတ်လေ့လာသွားလို့ရပါပြီ ။


Read more ...

Python Programming notes(Basic)

Feb 15, 2016

အခုနောက်ပိုင်း ကျွန်တော့်အနေနဲ့ စဉ်းစားမိတာက programming tutorials ကိုသင်ပြပေးချင်ရင်
VDO အနေနဲ့သင်ပေးတာက ပိုထိရောက်တယ်လို့စဉ်းစားမိလာတာ ..
စာအနေနဲ့အများကြီးရှင်းပြရပေမယ့် တကယ်လေ့လာတဲ့သူက နားမရှင်းတတ်ဘူး ..
ပေးတဲ့သူကလည်းနားလည်အောင်အမျိုးမျိုးရှင်းပြရင်းနဲ့ပဲ စာရှည်ပြီး ဘလော့နောက်တစ်ပုဒ်ဖြစ်သွားရော
ပြီးတော့ တချို့အပိုင်းတွေမှာစာအနေနဲ့တော်တော်လက်ပေါက်ကပ်ပါတယ် .
ဒါကြောင့် နောက်ပိုင်း ကျွန်တော်လေ့လာတဲ့ Note  ကိုပဲပြပါမယ် ... မရှင်းရင် မေးလို့ရပါတယ် ..
facebook မှာဆိုရင် Philip Macque ကိုအက်ထားလို့ရပါတယ်..

Python programming note ,
g=input("Please type any number here:")
Please type any number here: 3
g**3
27

pow(g,3)
27

import math
math.sqrt(9)
3.0

aungaung=math.sqrt
aungaung(9)
3.0

aungaung=math.floor
aungaung(9.9)
9.0

x=raw_input("Enter name:")
print "Hay" + x
raw_input("press<enter>")

num=str(18)
print "Bucky is "+ num
Bucky is 18

num2=18
print "Bucky is "+ `num2`
Bucky is 18

//input is only for numbers.
//raw_input is multy way data accept by string .
----------------------------------------------------
//Python called array , 'sequences'
family=['mon','dad','bro','sis','dog']
family[3]
'sis'
faimly[-2]
'sis'
'bucky'[3]
'k'
family[1:4:2]
['mon','sis']
---------------------------------------------------
>>> [7,4,5]+[4,5,6]
[7, 4, 5, 4, 5, 6]

>>> 'bucky ' * 10
'bucky bucky bucky bucky bucky bucky bucky bucky bucky bucky '

>>> 21*10
210
>>> [21]*10
[21, 21, 21, 21, 21, 21, 21, 21, 21, 21]

>>> name='roastbeef'
>>> 'x' in name
False
>>> 'r' in name
True

>>> number=[8,1,4,17,28,165,7]
>>> len(number)
7
>>> max(number)
165
>>> min(number)
1

>>> list('bucky')
['b', 'u', 'c', 'k', 'y']
>>> number[3]=77
>>> number
[8, 1, 4, 77, 28, 165, 7]
>>> del number[3]
>>> number
[8, 1, 4, 28, 165, 7]
>>>

>>> example=list('easyhoss')
>>> example[4:]=list('baby')
>>> example
['e', 'a', 's', 'y', 'b', 'a', 'b', 'y']

>>> example[1:1]=[3,3,3]
>>> example
['e', 3, 3, 3, 'a', 's', 'y', 'b', 'a', 'b', 'y']
>>> example[1:5]=[]
>>> example
['e', 's', 'y', 'b', 'a', 'b', 'y']
>>>
-------------------------------------(movie14)
//about the built-in functions/methods.........
>>> aung=[1,2,3,4]
>>> aung.append(5)
>>> aung
[1, 2, 3, 4, 5]

>>> aung.count(5)
1
>>> aung.append(5)//become [1, 2, 3, 4, 5, 5]
>>> aung.count(5)//result must two
2
>>>
>>> aung.count('a')//there haven't 'a' character
>>>

>>> philip=[1,2,3,4,5]
>>> macque=[6,7,8,9,0]
>>> philip.extend(macque)
>>> philip
[1, 2, 3, 4, 5, 6, 7, 8, 9, 0]
>>>
-------------------------------------(movie15)
>>> say=['koko','bobo','dodo','momo']
>>> say
['koko', 'bobo', 'dodo', 'momo']
>>> say.index('bobo')
1
>>> say.insert(2,'MinMin')
>>> say
['koko', 'bobo', 'MinMin', 'dodo', 'momo']
>>> say.pop(1) //first "print-out the value" and then remove
'bobo'
>>> say
['koko', 'MinMin', 'dodo', 'momo']
>>> say.remove('dodo') //just remove form list
>>> say // if you want to show result you need to type again
['koko', 'MinMin', 'momo']
>>> say.reverse()
>>> say
['momo', 'MinMin', 'koko']
>>> 
Read more ...

MY PHP မှတ်စု

Feb 15, 2016
//getimagesize($_GET['img']) ကနေအဓိကသုံးတာက img array ကဖော်ပြမယ့် index [0] width [1] height ပြီးရင်
['mime']=image/jpeg
//imagecopy(ပင်မပုံ,watermarkပုံ,watermarkရဲ့အပေါ်အောက်,watermarkရဲ့ဘယ်ညာ,ပင်မပုံရဲ့အပေါ်အောက်,
ပင်မပုံရဲ့ဘယ်ညာ,watermarkရဲ့ထားမယ့်အမြင့်,watermarkရဲ့ထားမယ့်အကျယ်)
//move_uploaded_file() က tmp_name ထဲက ဖိုင်ကိုရွေ့ဖို့သုံးတယ်
//နောက်ထပ်တစ်ခုက ဖိုင်ကိုရွေ့တဲ့အခါ ဖိုင်ရဲ့ extension ကိုစစ်ပြီးမှရွေ့မယ်ဆို imagecreatefromjpeg($image)
နဲ့အရင် Cache လုပ်ပြီးရင် imagejpeg({$GLOBALS['core_path']}/watermark.jpeg) ဆိုရတယ်။
//အပေါ်က လင့်လမ်းကြောင်းယူပြတာမှာ ပထမက $core_path=dirname(__FILE__); ဆိုပြီးယူထားတယ်။
// နောက်တစ်မျိုး က $core_path=$_SERVER['SCRIPT_FILENAME']; နဲ့ယူတာဖြစ်ပါတယ်။
အဲဒါကို Global ထပ်မကြေငြာပဲ တန်းယူပြချင်တော့ {$GLOBALS['core_path']} လို့သုံးလိုက်တာဖြစ်ပါတယ်။
//scandir('image/') ဆိုရင် image folder ထဲက ဖိုင်တွေကို scan စစ်ပေးတယ်။သူကစစ်ယုံစစ်ပေးတာ။
// သူ့ထက်လန်းတာရှိသေးတယ်။အဲ့ဒါက glob(*.*); ဆိုရှိသမျှအကုန်ပြမယ်။ glob(*.jpg) ဆို Jpg ပဲပြမယ်။
glob('*.{jpg/png/gif}',GLOB_BRACE) ဆို jpg,png,gif သုံးခုပြပေးမယ် GLOB_BRACE ထည့်ပေးဖို့လိုမယ်။
//extension ပဲဖြတ်ယူဖို့ အတွက်ဆို explode('.',$img)
သူက [0]=>aungaung,[1]=>.,[2]=>jpg ဆိုပြီးခွဲထုတ်ပေးတယ်။အဲဒီထဲကမှနောက်ဆုံးတစ်ခုကိုယူမယ်ဆိုရင်
strtolower(end($exploded_img))ဒါဆို နောက်ဆုံးတစ်ခုပဲယူမယ်။ထွက်လာတာကိုစာလုံးသေးနဲ့ပြလိမ့်မယ်
//md5(microtime()) က နာမည်မထပ်အောင်ပေးရင်သုံးတယ် microtime အချိန်ကိုယူပြီး md5 နဲ့ Hash လုပ်လိုက်တာ
//img_sizeကိုချုံ့ဖို့တွက်ချင်ရင် $new_size=(width+height)/(width*(height/100))
ပြီးရင် imagecreatetruecolor(width,height); နဲ့ အချိုးညီညီပုံထွက်လာအောင်လုပ်လို့ရတယ်
/* if(is_dir('image/')==false){
     mkdir('image/',0744); 0744က parmission ပေးတာ Linux အတွက်ပဲသုံးတယ် Windows မှာမသုံးဘူး
}*/
//ပုံဆိုဒ်အတွက်သုံးတာ imagecopyresampled($thumb, $src, 0, 0, $src_pos[0], $src_pos[1], $new_size[0], $new_size[1], $src_size[0], $src_size[1]);
//ပုံဆိုဒ်အတွက်သုံးတာimagecopyresized($new_image,$old_image,0,0,0,0,$new_width,$new_height,$img_width,$img_height);
//အဲ့ဒီ function နှစ်ခုကွာခြားချက်ကို အွန်လိုင်းမှာရှာကြည့်တော့ imagecopyresize uses the nearest pixel algorithm, imagecopyresampled
uses the the bicubic interpolation. The results clearly shows the difference  . လို့ရတယ် အရည်အသွေးမလျှော့ချင်ရင်တော့ imagecopyresampled()သုံးတာ
ပိုကောင်းလိမ့်မယ်။
နောက်သင်ခန်းစာ Javascript နှစ်ဖိုင်ချိတ်ပြီး Progress bar ဖန်တီးတာ တစ်ဖိုင်က function ကိုနောက်တစ်ဖိုင်က obj ဆောက်ပြီးသုံးသွားတာ ။
library.js မှာဒါတွေကိုရေး
function progress_bar(container){
var bar=document.createElement('div');
bar.style.width='0px';
bar.style.height='100%';
bar.style.background='#eef';
container.appendChild(bar);

var text=document.createElement('div');
text.style.marginTop='-26px';
text.style.textAlign='center';
text.style.color='#222';
text.style.size='15px';
text.appendChild(document.createTextNote('0%'));
container.appenChild(text);

this.setpercentage =function(percentage){
bar.style.width=percentage+'%';
text.removeChild(text.firstChild);
text.appendChild(document.createTextNote(percentage+'%'));
}
}
Main.js မှာဒါရေး
window.onload=function(){
var bar=new progress_bar(document.getElementById('progress_bar'));
document.getElementById('set_50').onclick=function(){
bar.setpercentage(50);
}

document.getElementById('0to100').onclick=function(){
var i=0;
var interval=window.setInterval(function(){
if(i>=100) window.createInterval(interval);
bar.setpercentage(i);
i++;
},50)
}
}

မှတ်ထားရမယ့် SQL Coding
INSERT INTO page_hit(name,name) VALUES (values,values) ON DUPLICATE KEY UPDATE hit=hit+1;

array နှစ်ထပ်နဲ့ ရလဒ်ကိုထုတ်ပြမယ်ဆိုရင်အောက်ကပုံစံကိုမှတ်ထား ..
$sql=SELECT * FROM page_hit ;
$result=mysqli_query($GLOBALS['$conn']$sql);
$stat=array();
while($row=mysqli_fetch_assoc($result)){
$stat[]=array('value1'=>$row['something1'],'value2'=>$row['something2']);
}stat array() ထဲကို $row() ကလာမည့်ဒေတာတွေ နေရာချပေးလိုက်တယ်။အဲ့ဒါကိုမှ
HTML ထဲရောက်ရင် foreach နဲ့ပတ်ပြီးပြန်ထုတ်ပြရမယ်။

function __construct($something){...} က Class ကိုခေါ်တာနဲ့တန်းအလုပ်လုပ်တယ်။
ကျန်တာတွေက class ကို obj ပြောင်းပြီး $class->function ပုံစံနဲ့ခေါ်ရတာ

__toString() က string မဖြစ်သေးတာကို string ပြောင်းပေးနိုင်တယ် ။အောက်ကဥပမာမှာ
URL ကို string ပြောင်းခိုင်းထားတယ်။
function __toString(){
return $this->site_path."<br/>".$_SERVER['REQUEST_URI'];
}
အခုထပ်ပြထားတဲ့ဥပမာမှာတော့ URL ထဲက '/' တွေကိုဖယ်ထုတ်တဲ့ method လေးကိုပြထားတယ်
function segment($segment){
$url=str_replace($this->site_path,'',$_SERVER['REQUEST_URI']);
$url=explode('/',$url);
if (isset($url[$segment])){
return $url[$segment];
}else{
return false;
}
Read more ...