ကဗျာ/ရသ/နည်းပညာ

VariableVariables

Mar 4, 2014
ယနေ့ခေတ်မှာ အွန်လိုင်းပေါ်က Website တွေ အားလုံးရဲ့ 80 % က PHP Language ကို အသုံးပြုပြီးရေးသားထားကြတာဖြစ်ပါတယ် ။
တစ်ခြား ကောင်းမွန်တဲ့ Language တွေ အများကြီးရှိနေပေမယ့် ဘာကြောင့် PHP ကိုမှ အထူးတလည်အသုံးပြုကြတာလဲ၊?
အကြောင်းရင်းကတော့ PHP ဟာ OpenSource ဖြစ်တာ အခမဲ့လည်းဖြစ်တာ အသုံးပြုရာမှာ အခြား Language တွေထက်လွယ်ကူအဆင်
ပြေတာ စတဲ့အားသာချက်တွေကြောင့် နောက်ပိုင်းမှာပိုပြီးလူသုံးများရတာဖြစ်ပါတယ် ။

PHP နဲ့ Dynamic Web pages တွေရေးဖို့ ဘာကိုစပြီးလုပ်ရမှာလဲ ?
Web Server ပေါ်မှာ အလုပ်လုပ်စေမှာဖြစ်လို့ ကိုယ့်ရဲ့ ကွန်ပျူတာလေးကို Web Server ဆော့ဝဲ တစ်ခုအရင် Run ပေးဖို့လိုအပ်ပါတယ် ။
ဒီနေရာမှာ အသုံးအများဆုံး Windows OS ကိုပဲ Based ထားပြီးဆွေးနွေးသွားမှာဖြစ်လို့ Other OS သုံးတဲ့သူတွေက တစ်ချို့အချက်တွေမှာ
ကိုယ့်ဖာသာကို ပြုပြင်မှတ်သားသွားဖို့ တိုက်တွန်းပါတယ် ။
နောက်ထပ်လိုအပ်တာကတော့ Coding ရေးဖို့ Text Editor တစ်ခု  ဖြစ်ပါတယ်။ PHP အတွက် သီးသန့်ဝယ်သုံးလို့ရတဲ့ Editor တွေအများ
ကြီးရှိပြီးသားမို့ ပိုမိုအဆင်ပြေစွာအသုံးပြုလိုရင်တော့ ၀ယ်သုံးစေချင်ပါတယ် ။ ကျွန်တော်ကတော့ အခမဲ့ရတဲ့ Notepad++ လေးကိုပဲ
ဒီနေရာကနေ Download ချထားပြီး နမူနာအဖြစ်အသုံးပြုရှင်းပြ သွားပါမယ် ။
ဒီနေရာကနေပြီးတော့ WAMP web server ဆော့ဝဲကိုဒေါင်းလုတ်ချပြီး Install သွင်းလိုက်ပါ ။ Next ,Next OK ,OK လုပ်သွားယုံနဲ့အဆင်ပြေ
ပြေ Install လုပ်ပြီးသွားမှာပါ ။ အဲဒီ ဆော့ဝဲထဲမှာ PHP အပြင် Apache ,MySQL စတဲ့ Database တွေပါတစ်ခါတည်းပါဝင်ပြီးသားမို့သုံးရတာ
အရမ်းအဆင်ပြေပါတယ်။အခုဆိုရင် drive C: ထဲမှာ wamp နာမည်နဲ့ ဖိုဒါအသစ်တစ်ခုထပ်ရောက်နေမှာဖြစ်ပြီး အဲ့ဒီ ဖိုဒါထဲကမှwww ဆိုတဲ့
နောက်ထပ်ဖိုဒါ ထဲမှာ ကျွန်တော်တို့ အလုပ်လုပ်စေချင်တဲ့ PHP ဖိုင်တွေကိုသွားထားပေးရမှာဖြစ်ပါတယ်။
ဒါလောက်ဆိုရင် PHP စရေးလို့ရပြီလား ?
 စရေးလို့ရပါပြီ ။dynamic web ရေးမှာဖြစ်လို့ HTML /CSS ကိုသိပြီးသားလို့သတ်မှတ်ပါမယ်။Web မှာ Language တစ်ခုထဲနဲ့ အကုန်ဖန်တီးသွား
လို့မရပါဘူး ။ လူတစ်ယောက်က တစ်ခုတည်းကိုပဲ စိုက်လိုက်မတ်တပ်လုပ်မှ တကယ်ကျွမ်းကျင်တယ် လို့ ရှေးပညာရှိတွေကဆိုပေမယ့်
ဒီနေရာမှာတော့ အဲ့ဒီလိုလုပ်လို့မဖြစ်ပါဘူး ။Web Developer ကောင်းတစ်ယောက်ဖြစ်ဖို့ အတွက် PHP တစ်ခုတည်းဇောက်ချလုပ်နေလို့မရပါဘူး ။
Design အတွက် HTML /CSS , လှုပ်ရှားနေတဲ့ ပုံရိပ်တွေ အတွက် Javescript /JQuery , Asynchronous လုပ်ငန်းစဉ်
အတွက် AJAX စသည်ဖြင့် သူ့အပိုင်းနဲ့သူ သိနားလည်နေရမှာဖြစ်ပါတယ်။အခုဆွေးနွေးမယ့် အကြောင်းအရာထဲမှာ ပိုပြီးမြန်မြန်ခရီးရောက်စေချင်တဲ့
အတွက် ProgrammingConcept အခြေခံတွေထည့်မပြောတော့ပါဘူး။ www ဖိုဒါထဲမှာ QplusWebTraining ဆိုတဲ့ဖိုဒါ အသစ်တစ်ခုထပ်ဆောက်
လိုက်ရအောင် ။ Notepad++ ကိုဖွင့်ပြီး ဒီလိုလေး ရိုက်ထည့်လိုက်
<?php
phpinfo();
?>
file name  ကို my_phpinfo.php လို့ပေးပြီး စောစောက ဆောက်ထားတဲ့ QplusWebTraining ဖိုဒါအောက်မှာသွားထားလိုက်ပါ ။
ပြီးရင် WAMP server ကို ကလစ်နှိပ်လို့ အရင် Run ပေးလိုက်ပါဦး ။ Run ပြီးသားဆို ညာဘက် task bar မှာ သူ့ပုံလေးကိုအစိမ်းရောင်လေးနဲ့
ပြနေပါလိမ့်မယ် ။ အဲဒါလေးသေချာပြီဆိုရင် Browser ကိုဖွင့် localhost/my_phpinfo.php လို့ရိုက်ထည့်လိုက်မယ်ဆိုရင် Server ရဲ့
information Page ကိုဖော်ပြပေးပါလိမ့်မယ်။
တစ်ချို့စက်တွေမှာ localhost ကို Permission ပိတ်ထားတတ်လို့  127.0.0.1/my_phpinfo.php ဆိုပြီးလည်းခေါ်သုံးလို့ရပါတယ် ။
phpinfo() ဆိုတဲ့ function လေးက server ရဲ့ information တွေကို ကြည့်ဖို့အတွက် သုံးတဲ့ function တစ်ခုဖြစ်ပါတယ် ။ဒါပေမယ့် ဒါကို စမ်း
သပ်ဖို့အတွက်ပဲသုံးသင့်ပြီး လက်တွေ့မှာ Hosting လုံခြုံရေးအရ ဒီလိုဖိုင်မျိုး server မှာလုံးဝ မထားထားသင့်ပါဘူး ။
နောက်ထပ် variable ကြေငြာသတ်မှတ်ရာမှာ ထူးထူးခြားခြား အသုံးပြုနိုင်တဲ့ Variable variables အသုံးပြုပုံလေး ပြောပြပါမယ်။
<?php
$a="Hello";            // variable a ထဲ Hello string ကိုထည့်လိုက်တယ် ။
$Hello="Have a good day .";        // variable a ထဲက string data အတိုင်း နောက်ထပ် variable တစ်ခုဖန်တီးပြီး string data အသစ်ထပ်ထည့်တယ် ။
echo $a ."<br/>";            //output > Hello
echo $Hello."<br/>";        //output > Have a good day.
echo $$a."<br/>";            //output > Have a good day.
?>

$$a ကို Variable variables လို့ခေါ်ပါတယ် ။ သူကဘယ်လိုအလုပ်လုပ်သွားတာလဲ ၊? နားလည်လွယ်အောင်ရှင်းပြရရင်
ပထမ variable ကကိုယ်စားပြုတဲ့ တန်ဖိုးကိုယူတယ်။ ပြီးနောက်မှာ အဲ့ဒီ တန်ဖိုး ကကိုယ်စားပြုတဲ့ နောက်ထပ်တန်ဖိုးကိုယူတယ်။
အပေါ်က ဥပမာ ပုံစံ ကိုပိုနားလည်အောင် {} လေးထည့်ပြီး ကြည့်ကြည့်မယ်။
// echo ${$var[1]}; // ပထမ variable
//echo ${$var}[1];  // ဒုတိယ variable

အိုခေမယ်နော် ။ အောက်ကနမူနာကုတ်ကိုကူးပြီး Run ကြည့်မယ်ဆိုရင် ပို ပြီးနားလည်သဘောပေါက် သွားမှာပါ။
<?php
$a ="MyoChit";
$b="PaingOo";
$c="MgShan";
$d="NandaHtun";
$e="PhyoMin";

$students = array ('a','c','e');

 foreach ($students as $seat){
    echo $$seat . "<br/>";
}
?>
ဟုတ်ပြီ $aက 1 $b က 2 ဆိုရင် $$a က 3 ဒီလိုမဟုတ်လား ??
ဒါဆိုရင်တော့ အပေါ်ကရှင်းပြတာကိုနောက်ထပ်တစ်ခေါက်ထပ်ဖတ်ဖို့လိုနေပါပြီ။ သေသေချာချာနားမလည်သေးလို့
ဒီမေးခွန်းမေးတာပါ။ဒါကိုလည်းအပစ်မပြောပါဘူး။ကျွန်တော့်တုန်းက ဒါလေးလိပ်ပတ်လည်အောင် တင်တစ်နှစ်လောက်
လေ့လာလိုက်ရတယ်။
 $$$a ဆိုပြီးရော သုံးလို့မရဘူးလား ? ဒါပဲလား ?
မခက်ပါဘူး ။သိချင် စမ်းကြည့်လိုက် ။ချရေး Server ကနေလှမ်းခေါ် ။
ကဲ .... နောက်ဆွေးနွေးချက်မှကျွန်တော်တို့ ထပ်တွေ့ရအောင် ။ ကျေးဇူး ။






No comments:

Post a Comment