ကဗ်ာ/ရသ/နည္းပညာ

Network Story

Jul 14, 2018
     Topologies and OSI seven-layer

ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်။

ဟိုးရှေးရှေးတုန်းကပေါ့ ကွန်ပျူတာတွေဟာ တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ဖို့နည်းပညာသတ်သတ်မှတ်မှတ်မရှိဘူးတဲ့ …. အဲ့ဒီတော့ ကွန်ပျူတာထုတ်တဲ့ ကုမ္ပဏီတွေကပဲ တစ်ယောက်တစ်မျိုး အဆင်ပြေတဲ့နည်းပညာနဲ့ကြုံသလိုထောက်ပံ့ကြရသတဲ့ .. ဒီတော့ဘာဖြစ်လာသလဲဆိုတော့ ကုမ္ပဏီမတူတဲ့ ကွန်ပျူတာနှစ်လုံးဆိုချိတ်လို့မရတော့ဘူးတဲ့ ..အဲ.. ချိတ်ဆက်တဲ့နည်းပညာတွေပြောပြဦးမယ်….coaxel cable တစ်ချောင်းအလည်မှာထား၊ဟိုဘက်စွန်းနဲ့ဒီဘက်စွန်းမှာ terminal လို့ခေါ်တဲ့ Resistor လေးပိတ် ၊အဲ့ဒီကြိုးပေါ်ကိုမှ ရှိသမျှကွန်ပျူတာတွေကဖောက် ဖောက်ပြီး ချိတ်သုံးရတဲ့စနစ်ကို Bus Topology လို့ခေါ်ပါသတဲ့…topology ဆိုတာကတော့နည်းစနစ်ပေါ့.. 


အဲ့ဒီအတိုင်းပဲ အစွန်းနှစ်ဖက်ကို ဆက်ပြီး အဝိုင်းကြီးလုပ်လိုက်မယ်ဆိုပါစို့ Ring Topology ဖြစ်သွားပါရော.. အဲ့နှစ်ခုက ဘာမှထူးထူးခြားခြားကွာတာတော့မရှိပါဘူး.. ring မှာက tokin ဆိုတဲ့ ring ဆိုတဲ့အရာရှိပြီး လက်ဝဲရစ်-ဒါမှမဟုတ်-လက်ယာရစ်တစ်ပတ်ပတ်ပြီးဒေတာပို့ပေးတဲ့အလုပ်လုပ်တယ်။ ဒီတော့ ဘာဖြစ်လဲဆိုတော့ ပင်မချိတ်တဲ့ကြိုးကတစ်နေရာရာမှာပျက်ပြီဆိုတာနဲ့ ပျက်တဲ့နေရာရဲ့ဟိုဘက်က စက်တွေတစ်လုံးမှဒီဘက်ကစက်နဲ့ဒေတာပို့လို့ရတော့မှာမဟုတ်ဘူး..  ပြီးတော့ စက်တစ်လုံးက ဒေတာပို့ရင်နောက်တစ်လုံးကပို့လို့မရတော့ပြန်ဘူး .. တိုက်ကုန်မှာစိုးလို့ … အလှည့်ကျစနစ်နဲ့သွားရတယ်



 … ဒါကြောင့်ဒီနည်းပညာနှစ်ခုကိုအခုခေတ်မှာမသုံးတော့ပါဘူး … ဒီနေရာမှာမှတ်ထားရမှာက နက်ဝက် ထဲမှာကြိုးတစ်ချောင်းလွတ်ယုံနဲ့ ဟိုဘက် group နဲ့ ဒီဘက် group ချိတ်လို့မရတဲ့အဖြစ်ကို ‘ single point of failure’ လို့ခေါ်တယ်။




 ဒေတာတွေ တိုက်ကုန်တာကို collision လို့ခေါ်တယ်..collision ကိုကာကွယ်တဲ့စနစ်ဆို collision detection (CD), မတိုက်အောင်ရှောင်တဲ့စနစ်ဆို collision avoidance (CA), collision အစုဝေးကို collision domain ဒီလို ခေါ်တယ် ။အင်တာနက်ချိတ်ဆက်နိုင်တဲ့ end-user ပစ္စည်းမှန်သမျှ note လို့ခေါ်တယ်…နောက်ထပ် star နဲ့ Mesh ဆိုပြီးရှိသေးတယ် .. star က switch တစ်ခု အလည်မှာထားပြီး အဲ့ switch ကနေ ကွန်ပျူတာတွေ ရှိသမျှလာချိတ်သုံးတာမျိုးပေါ့ …Mesh ကတော့ devices အားလုံးပတ်ချိတ်ပြီးသုံးတာ .. ဒါကြောင့် mesh မှာ data ကြိုးဟာ နှစ်ကြိုး သုံးကြိုး ကနေဒီထက်ပိုလေ့ရှိတယ် .ကြိုးလွတ်လို့ network down တာမရှိဘူး. ပြီးတော့ ကွန်ပျူတာတွေမှာ network card လေးငါးကဒ်စိုက်ပြီးပတ်ချိတ်ဖို့အဆင်မပြေလေတော့ Mesh နည်းပညာကို routers တွေနေရာမှာသုံးလေ့ရှိတယ် ..ဒီနည်းပညာနှစ်ခုကတော့အခုချိန်ထိ သုံးနေတဲ့ နည်းပညာတွေဖြစ်ပါတယ်။



အခုထိပြောနေတာက ချိတ်ဆက်တဲ့နည်းပညာပဲရှိသေးတယ် စောစောက company တွေမတူရင်ချိတ်မရတဲ့ပြသနာကရှိနေသေးတယ်.. ဒါတင်ပဲလားဆိုတော့vendorsတွေ ထုတ်တဲ့ပစ္စည်းတွေကလည်း standard သတ်သတ်မှတ်မှတ် မရှိပြန်ဘူးတဲ့ …. နားရှင်းအောင်ပြောရရင် ဒီကုမ္ပဏီက ဆယ်လက်မကိုတစ်ပေလို့သုံးနေတဲ့အချိန် နောက်ကုမ္ပဏီက ဆယ့်တစ်လက်မ ကိုတစ်ပေလုပ်နေသလိုပေါ့ .. ဒီတော့ International Standard Organisation (ISO) ကနေပြီးတော့ Network devices ထုတ်တဲ့ company တွေ မင်းတို့ ထုတ်သမျှ productအကုန် ဒီ standard နဲ့ ကိုက်အောင်ထုတ်ကြကွားးးးး ဆိုပြီး အလွှာ ခုနစ်ခုရှိတဲ့ Open System Interconnection (OSI) 7 layer ဆိုတာကိုထုတ်ပြန်ကြေငြာလိုက်သတဲ့ ...ဒီတော့မှ network devices တွေဟာ လည်း company တွေ vendor တွေမတူပေမယ့် အချင်းချင်း အဆင်ပြေညီညွတ်စွာချိတ်ဆက်အလုပ်လုပ်နိုင်သွားကြပါတော့သတဲ့ကွယ် ..ပုံကိုအောက်မှာကြည့်ကြည့် .....

Application Layer မှာ application (ဥပမာ- WeChat တို့, Bee Talk တို့, ဖွဘုတ် မတ်ဆင်ဂျာတို့)ရဲ့ စနစ်တွေအလုပ်လုပ်ဖို့အတွက် နောက်ကွယ်က server ဆီသွားတဲ့ နေရာမှာသုံးတဲ့ Https/FTP/IMAP/SMTP စတဲ့ protocol တွေနဲ့သက်ဆိုင်ပါတယ်။Presentation Layer မှာတော့ အရုပ်-အသံစနစ်နဲ့ စာလုံးတွေဖော်ပြဖို့နောက်ကွယ်က လုပ်ဆောင်ပေးတဲ့ codec စနစ်တွေဖြစ်တဲ့ MPEG/ASCII/TLS/SSL စတာတွေနဲ့သက်ဆိုင်ပါတယ်။

Session Layer က အဖွင့်အပိတ်ကိုကိုယ်စားပြုပါတယ်၊ ဖွဘုတ်ကို log in ဝင်ပြီးပြန်မထွက်မချင်း ကိုယ့်ရဲ့အကောင့်နဲ့သက်ဆိုင်တာပဲပြပေးနေဖို့ server နဲ့ချိတ်ဆက်တိုင်း session ကဆောင်ရွက်ပါတယ်။NetBIOS/SAPတို့နဲ့သက်ဆိုင်ပါတယ်။

Transport Layer မှာ ပို့တဲ့ဒေတာ Destination ဆီရောက်မရောက်ပြန်ပြန်ပြီး အကြာင်းပြန်ပေးတဲ့ TCP, အကြောင်းမပြန်တဲ့ UDP စတဲ့ ဒေတာပို့စနစ်နဲ့ဆိုင်တာတွေလုပ်ပါတယ်။

Network Layer မှာ IPV4 – IPV6, ICMP စတဲ့ နက်ဝပ်လိပ်စာညွန်းစနစ်နဲ့ဆိုင်တာတွေလုပ်ပါတယ်။အခုကစလို့ နက်ဝက်လိပ်စာဖြစ်ပါပြီ ဒါကတစ်ယောက်ယောက်ဆီစာပို့တဲ့အခါ မြို့ရွာညွှန်းသလိုမျိုးလို့နားလည်နိုင်ပါတယ်။ ဒီအဆင့်ရောက်လာတဲ့ data ကို packet လို့ခေါ်ပါတယ်။

Data Link Layer က Frame Relay, ATM, Ethernet, MPLS, PPP,802.11x, Fiber channel စတဲ့ နက်ဝပ်လိပ်စာနဲ့ဆိုင်တဲ့အလုပ်ကိုလုပ်ပါတယ်။ဒါက တစ်ယောက်ယောက်ဆီစာပို့အတဲ့အခါ ရက်ကွက်ညွန်းသလိုပေါ့။ဒီအဆင့်ရောက်လာတဲ့ data ကို frame လို့ခေါ်တယ်။

Physical Layer ကတော့အခြေခံအကျဆုံး layer ပါ။စက်အချင်းချင်းချိတ်တဲ့ကြိုး ကွန်ပျူတာအချင်းချင်းသာနားလည်တဲ့ Bitstream  စတာတွေလုပ်ပါတယ်။RS232/DSL/10BaseT/ISDN စတာတွေနဲ့ဆက်ဆိုင်ပါတယ်။ဒီအဆင့်ရောက်လာတဲ့ data ကိုတော့စောစောကပြောတဲ့ Bitstream လို့ပဲခေါ်ပါတယ်။

OSI 7 layer ရဲ့ Upper layers တွေက Web Developer, application Programmer တွေနဲ့ပိုပြီးသက်ဆိုင်ပါတယ်။ Lower Layers တွေပေါ်မှာပဲ Network engineer တွေကပေးဆပ်ရတာပါ။ Computer A က Computer B ကို ဒေတာပို့တဲ့အခါ layer 7 ကနေ  4-3-2-1 အဆင့်ဆင့် ဆင်းပြီး ပို့ပါတယ်။ တစ်ဖက်ကွန်ပျူတာဆီရောက်တဲ့အခါ layer 1  ကနေ 4-5-6-7 အဆင့်ဆင့်ပြန်တက်သွားပါတယ် ။  ဆင်းတာကို Encapsulation နဲ့ ပြန်တက်တာကိုDe-encapsulation လို့ သိရပါမယ်။

b7 layer ကျေးဇူးကြောင့် Different Vander တွေကြားမှာလည်း Network ဟာကောင်းကောင်းချိတ်ဆက်အသုံးပြုနိုင်သွားပါပြီတဲ့...ဒါတောင် cisco အချင်းချင်းပဲချိတ်လို့ရတဲ့နည်းပညာတို့... Mikrotik အချင်းချင်းမှ အလုပ်လုပ်တဲ့ နည်းပညာတို့ စတဲ့ company တွေရဲ့ ဈေးကွက်ရဖို့လုကြရတဲ့ ဇာတ်လမ်းလေးတွေကတော့ လည်းခုချိန်ထိရှိနေသေးတာပေါ့လေ ....ပြီးတော့ layer အနေနဲ့သာနာမည်တပ်ထားပေမယ့် အလုပ်လုပ်တဲ့အခါ အတူတူလိုပဲချိတ်ဆက်သုံးရတဲ့ အပေါ် layer သုံးခု( Appilation+Persentation+Session) ကို Application ဆိုပြီးတစ်ခုပဲပေါင်းခေါ်တဲ့ TCP/IP standard ကိုလည်းသိထားဖို့လိုပြန်တယ်. သူက OSI နဲ့အတူတူပဲမို့ဘာမှတော့မဟုတ်ပေမယ့် ပိုပြီးမြင်လွယ်နားလည်လွယ်တယ်ပြောရမယ် ... TCP/IP ကလူခေါ်များလို့သာတွင်သွားတာပါ၊တကယ်က Department of Defense က develop လုပ်ခဲ့တာမို့ DOD model လို့ခေါ်ရမှာ ..... အောက်မှာ အဲ့ဒီနှစ်ခုယှဉ်ပြထားတယ်။


ကဲကဲ .....ပုံပြင်လေးကတော့ ဒါပါပဲကွယ် ....


နောက်များတော့ နောက်ထပ်ပုံပြင်လေးတစ်ပုဒ်ထပ်ဆက်ကြတာပေါ့ကွယ် ....
Read more ...