ကဗျာ/ရသ/နည်းပညာ

မော်လမြိုင်မုန့်ဟင်းခါး

Feb 12, 2014
မော်လမြိုင်မုန့်ဟင်းခါးက ငါးပြုတ်ရည်သီးသန့်ပါပဲ ။ကုလားပဲမှုန့် နဲ့ဆန်မှုန့်ထည့်ချက်လေ့မရှိပါဘူး ။
ပြီးတော့ နနွင်းမှုန့်အ၀ါရောင်နဲ့ပဲချက်လေ့ရှိကြပါတယ် ။
ထူးခြားချက်က တော့ငှက်ပျောပင်ဖတ်ကိုသီးသန့်အိုးတစ်လုံးနဲ့သပ်သပ်ထားတတ်ကြတယ် ။
ဝယ်စားတဲ့သူတွေကလည်း ငှက်ပျောပင်များများ ငှက်ပျောပင်နည်းနည်း ငှက်ပျောပင်လုံးဝမထည့်
နှစ်သက်သလိုတောင်းဆိုပြီး စားလို့ရပါတယ် ။ငှက်ပျောပင်ဖတ်ကိုလည်း အခိုင်ထွက်ပြီးသားငှက်ပျောအူတိုင်ကို ပဲသုံးတတ်ကြပါတယ် ။ အဲဒီငှက်ပျောအူတိုင်က အချိုအရသာပိုကဲတာမို့ ပိုစားလို့ကောင်းပေမယ့် အမျှင်တွေလည်းပိုများ တတ်ပါတယ် ။

အဲ ... အဲဒီမှာ မုန့်ဟင်းခါးသောက်တယ်လို့မပြောဘူး
မုန့်ဟင်းခါးစားတယ်လို့ပဲပြောတယ် ။ဘာလို့လည်းဆိုတော့ မုန့် ဟင်းခါးရည်ကို မုန့်ဖတ်နဲ့ကွက်တိ
ချိန်ပြီးထည့်ပေးတာကြောင့်ပါ ဟင်းရည်များများထည့်စားလေ့မရှိပါဘူး ။ မွန်မုန့်ဟင်းခါးကိုအကြော်
ထည့်စားလို့သိပ်မလိုက်ဖက်ပါဘူး ။အကြော်အရသာကသပ်သပ်ဖြစ်နေတတ်လို့ပါ ။

Read more ...