ကဗျာ/ရသ/နည်းပညာ

Windows 8 start button

Nov 24, 2013

Windows 8 ကိုစသုံးတာနဲ့ သတိထားမိမယ့်ထူးခြားချက်ကတော့ Start button မပါတော့တာပါပဲ ။Start button မပါပေမယ့်လုပ်ဆောင်ချက် အသစ်
တွေ များစွာကိုတော့ထည့်သွင်းပေးထားပါတယ် ။OS အသစ်မှာ ဖွင့်ထားတဲ့ Appတွေကို အပေါ်ဆုံးကနေ အောက်ကို Droup ဆွဲချယုံနဲ့ App ကိုပိတ်လို့ရပါတယ် ။
ဒါ့အပြင် Microsoft Web Services တွေကိုပါတွဲဖက်ထည့်သွင်းလာခဲ့ပါတယ် ။Start screen က People ဆိုတဲ့ feature ဟာ Social web
တွေဖြစ်တဲ့ Microsoft , Google , facebook တို့နဲ့ အလွယ်တကူချိတ်ဆက်နိုင်ပါတယ် ။နောက်ပြီး အရင်Windows တုန်းကပြသနာကိုလည်းဖြေရှင်းပေးထားပါတယ်။
ဥပမာ Windows အဆက်ဆက်က Print Screen ဖမ်းချင်ရင် MS paint ဖွင့် ပြီးသွားယူရတာမျိုးကို Windows 8 မှာလုပ်စရာမလိုတော့ပါဘူး။
Windows key နဲ့ Print Screen ခလုပ်တွဲနှိပ်ယုံနဲ့ Screen Shot ကို Document ထဲက Picture ထဲမှာသွားသိမ်းပေးပါတယ် ။Windows 8 ကျမှပါလာတဲ့
Start Screen ကတော့ touch (tablet ,Note )မှာဆို အရမ်းအဆင်ပြေသွားစေဖို့ဖန်တီးတဲ့လုပ်ဆောင်ချက်တစ်ခုပါပဲ ။ စိတ်ဝင်စားစရာကောင်းတာကအဲဒီ
Start Screen က Icon တွေကို  ချုံ့/ချဲ့ တာ ဖြုတ်ပစ်တာလုပ်လို့ရပါတယ် ။
ကိုယ်ချုံ့ချင်တဲ့ Icon ပေါ်မှာ R Click နှိပ်ပေးမယ်ဆိုရင်အောက်ဘက်မှာ Unpin ,Uninstall ပြီးတော့ Small စတဲ့
လုပ်ဆောင်ချက်လေးတွေတွေ့ရပါလိမ့်မယ်။သေးချင်တယ်ဆို Small ကိုနှိပ်ပေးယုံပါပဲ ။
တကယ်တမ်းမှာတော့ Windows 8 က ကျွန်တော်တို့Desktop သမားအတွက်ရည်ရွယ်ပြီးထုတ်ထားတာမဟုတ်ပါဘူး။ သူက tablet အတွက် ရည်ရွယ်ပြီးထုတ်တာပါ။
ပြီးတော့ မြေစမ်းခရမ်းပျိုးသလို တစ်လှမ်းချင်းစမ်းပြီးထုတ်နေတာပါ။ Windows က Mobile အတွက်Windows Mobile ထုတ်လုပ်ပေးခဲ့သလိုမျိုး Windows 8 ကိုtablet
အတွက်သီးသန့်တစ်ခုအနေနဲ့တန်းထုတ်လိုက်ရင်ပိုပြီး အဆင်ပြေမှာပါ ။ ဒါပေမယ့်သူက Desktop User တွေအတွက်ပါ တစ်ခါတည်းပေါင်းပြီးဖြန့်ချိပေးခဲ့တယ် ။
အဲဒါကြောင့်ပဲ Windows 8 ဟာ Windows 7လောက်တောင်သုံးလို့ အဆင်မပြေတော့ဘူးဖြစ်သွားရပါတယ် ။ 7 တုန်းကလိုပဲ Start button လေးကနေ App တွေကို
လွယ်လွယ်ကူကူ သုံးဖို့ microsoft ကခွင့်မပြုတော့ပါဘူး။ ဒါပေမယ့် Programmer တွေကျေးဇူးနဲ့ Windows 8 start button ကိုသီးသန့်ဒေါင်းလုတ်ဆွဲပြီး
ထည့်သွင်းအသုံးပြုလို့ရပါတယ် ။


မသိသူကျော်သွားသိသူဖော်စားဆိုသလိုပါပဲ ။ Button style တွေ ကလည်းအမျိုးမျိုးရှိပါတယ် ။ $20 လောက်နဲ့ရောင်းတာရှိသလို
အခမဲ့လည်းရှိပါတယ် ။ကျွန်တော်ပြပေးတဲ့ တစ်ခုကတော့ သုံးရတာမြန်ဆန်ကောင်းမွန်သလို အခမဲ့လည်းဖြစ်ပါတယ် ။Windows 8 ပေါ်မှာပဲ Start Button လေးနဲ့
လန်းချင်တယ်ဆိုရင်အောက်ကလင့်မှာဒေါင်းလိုက်ပါ ။Install အဆင့်လေးတွေလိုက်လုပ်ပြီးသွားတာနဲ့ restart လုပ်စရာမလိုပဲ ဘယ်ဘာက် task bar မှာ Windows
start button ကိုတွေ့ရပါလိမ့်မယ် ။

ကဲ အခုဆိုရင် တော့ Desktop သမားတွေ အတွက် Windows 8 ကို အဆင်ပြေပြေလွယ်ကူစွာ သုံးလို့ရသွားပါပြီ ။

Download From Ziddu
Read more ...

မြန်မာစကားကအဆင့်မရှိဘူးလား ?

Nov 24, 2013
ငယ်ငယ်ကဖတ်ဖူးတာ နိုင်ငံခြားမှဆင်းရဲလွန်းလို့ ကျောင်းမတတ်နိုင်တဲ့ကောင်လေး ကကိုယ့်ဖာသာကိုစာဖတ်လေ့လာရင်း
ပညာရှင်ဖြစ်သွားတာကျောင်းထွက်ခံရပြီးမှ စာဖတ်လေ့လာရင်းနည်းပညာပါရဂူဖြစ်သွားတာ စတဲ့ ဇာတ်လမ်းလေးတွေသင်ရတော့
တစ်ခုတွေးမိတယ် မြန်မာပြည် မှာရောဘာလို့အဲ့လိုလူမျိုးတွေ မထွက်ပေါ်လာရတာလည်းလို့ ...
ငါးတန်းလောက်ကျောင်းတတ်ဖူးတဲ့သူတစ်ယောက်က ကိုယ့်ဖာသာ စာအုပ်တွေဖတ် Self Study လုပ်ပြီး အီလက်ထရောနစ်ပညာရှင်ဖြစ်
သွားရောဆိုတာမျိုးမကြားဖူးသေးဘူး။ဘာဖြစ်လို့လည်း ? ဖြစ်နိုင်တာကိုစဉ်းစားလိုက်တော့ သူတို့ ဆီမှာ နည်းပညာနဲ့ပတ်သတ်လို့ရှိရင်
အခြေခံ အလတ်တန်း အဆင့်မြင့်တန်း ပညာရှင်အဆင့်တွေ အထိ သူတို့မိခင် ဘာသာနဲ့ အဆင့်ဆင့်လေ့လာသွားဖို့ စာအုပ်တွေ ရှိတယ် ။
မြန်မာပြည်မှာက အခြေခံအဆင့်လောက်ပဲ စာအုပ်ရှိတယ် ။နည်းနည်းမြင့်ရင်စာအုပ်မရှိတော့ဘူး ပြီးတော့ဈေးတွေကလည်း
မြင့်လာတယ်။ဒီတော့အခြေခံပညာရေးအခြေခံဝင်ငွေအဆင့်ရှိတဲ့သူက အဆင့်မြင့်ပညာရပ်ကို Self study လုပ်ဖို့မဖြစ်နိုင်တော့ဘူး။
ဘာသာစကားအခက်အခဲကဒီမှာကြားခံနေတယ်။အဓိကက ကိုယ်လေ့လာမယ့်နည်းပညာရဲ့အနှစ်သာရကိုနားလည်သဘောပေါက်ဖို့။
တရုတ်ပြည်က ဘွဲ့ရတစ်ယောက်က English လိုမပြောတတ်တာတွေ့ရတယ်။ မြန်မာပြည် ကဆယ်တန်းလောက်မှာ သင်တဲ့စာက
English လိုဖြစ်နေပေမယ့် သူတို့ဆီမှာ တရုတ်လိုပဲသင်ရတယ်။ အဓိကက စိတ်ထဲမှတ်မိဖို့ သိနားလည်ဖို့ပဲ လေ ...
သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ် နည်းပညာစကားလုံးတွေကမြန်မာလိုမရှိဘူး တဲ့
ဘာသာပြန်ရင်လည်း မူရင်းအဓိပ္ပါယ်ကလွဲသွားတတ်တယ်တဲ့ ။ ဒီတော့ အင်္ဂလိပ်လိုပဲလေ့လာတာကပိုသင့်တော်တယ်တဲ့ ။
သူပြောတာလည်းဟုတ်တော့ဟုတ်တယ်။
မဟုတ်တာက မြန်မာစကား... မြန်မာစာက နေ့စဉ်သုံးတဲ့အသုံးအနှုန်းကသာ ဝေါဟာရပေါများလွန်းတာ နည်းပညာနဲ့ပတ်သတ်တဲ့အခေါ်အဝေါ်တွေ
မှာ စကားလုံးဘာမှမရှိဘူး ။ အဲဒီတော့ English လိုအရင်သင် ပြီးမှနည်းပညာလေ့လာ အဲလို ဖြစ်နေရော...
အဲ့အတိုင်းလည်းဖြစ်တော့ဖြစ်ပါတယ် ။အဲ့လိုလုပ်ချင်ရင် English ကို ငယ်ငယ်ကတည်းက ကျွမ်းအောင်ကျောင်းကသင်ပေးသင့်တယ်။
ဒါပေမယ့် ကျွန်တော်ကတော့ စကားလုံးအသစ်တွေကို မြန်မာစာ ဗေဒပညာရှင်တွေက တီထွင်တာကပိုဖြစ်သင့်တယ် လို့မြင်တယ် ။


ဒီပညာရပ်တွေက မြန်မာနိုင်ငံသားတွေရဲ့ကိုယ်ပိုင်ပညာမဟုတ်တော့ စကားလုံးမရှိတာမဆန်းဘူး ။ဒါပေမယ့် ရှိအောင်မကြိုးစားပဲ
တိုင်းတပါးဘာသာစကားနဲ့ပဲလိုက်သင်-လိုက်လေ့လာရမှာကတော့ လွဲနေတယ်လို့ထင်တယ် ။
ဂျပန်ဆိုလည်း ပညာရပ်တွေအားလုံးမိခင်ဘာသာစကားနဲ့လေ့လာလို့ရအောင် လုပ်ခဲ့ပြီးပြီ ။သူတို့ကပိုတောင်ဆိုးသေး သူတို့မိခင်
ဘာသာစကားမှ အကောင်းထင်တာ။ကျန်တဲ့ ဘာသာစကားကိုအထင်မကြီးတတ်ဘူး ။
သင်္ချာမှာဂရိတွေဦးဆောင်ခဲ့လို့ ဂရိအက္ခရာတွေကိုခုထိ တစ်ကမ္ဘာလုံးသုံးနေရတုန်းပဲ။တကယ်လို့ Programming ကိုမြန်မာကသာ
စနိုင်ခဲ့ရင် တကမ္ဘာလုံး Program ကိုမြန်မာလိုရေးနေရမှာပဲ ။ မြန်မာစာသာအရေးပါအရာရောက်လာရင်မြန်မာပြည်လည်းအဆင့်
မြင့်လာတာပဲ။ကိုယ့်ဘာသာစကားကိုအဆင့်မြင့်လာအောင်အဆင့်မြှင့်သင့်တယ် ။ အခုဆို မြန်မာဂျာနယ်တွေ ကုမ္ပဏီတွေ ထုတ်ကုန်ပစ္စည်းတွေဆိုရင်
တောင် English လိုနာမည်ပေးလာကြတယ် ။မြန်မာစာ မြန်မာစကားကိုမြန်မာတွေတောင်အဆင့်နိမ့်တယ်ထင်နေကြပြီလား ?
တစ်နေ့နေ့တစ်ချိန်ချိန်တော့ မြန်မာစာနည်းနည်းတတ်တဲ့တောသားတစ်ယောက်က နေ ကိုယ့်ဖာသာကိုယ်လေ့လာကြိုးစားလို့
ပညာရှင်တစ်ယောက်ဖြစ်သွားတယ်လို့။နည်းပညာအသစ်တစ်ခုကိုမြန်မာတွေတီထွင်လိုက်ပြီဟေ့ လို့ ။
မြန်မာပိုင်မြန်မာနာမည်နဲ့ ကုမ္ပဏီ တစ်ကမ္ဘာလုံးကနှစ်သက်အားပေးနေကြပြီဟေ့ လို့.... ကြားခွင့်ရလိမ့်ဦးမယ်လို့ တော့ .......
Read more ...