
မော်လမြိုင်မုန့်ဟင်းခါးက ငါးပြုတ်ရည်သီးသန့်ပါပဲ ။ကုလားပဲမှုန့် နဲ့ဆန်မှုန့်ထည့်ချက်လေ့မရှိပါဘူး ။ ပြီးတော့ နနွင်းမှုန့်အ၀ါရောင်နဲ့ပဲချက်လေ့ရှိကြပါတယ် ။ ထူးခြားချက်က တော့ငှက်ပျောပင်ဖတ်ကိုသီးသန့်အိုးတစ်လုံးနဲ့သပ်သပ်ထားတတ်ကြတယ် ။ ၀ယ်စားတဲ့သူတွေကလည်း ငှက်ပျောပင်များများ ငှက်ပျောပင်နည်းနည်း ငှက်ပျောပင်လုံးဝမထည့် နှစ်သက်သလိုတောင်းဆိုပြီး စားလို့ရပါတယ်...